Wrath of the Lich King Patch အတွက် Legendary weapon တစ်ခုဖြစ်ပါတယ်။ Icecrown Citadel ရဲ့ အရှင်သခင် Lich King ရဲ့ Frostmourne ကို အံတုဖို့ရာအတွက် Ashen Vendict ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ High Lord Darion Mograine က သွန်းလုပ်မယ့်ဓားပါ။ ဇာတ်လမ်းအရ ဒီဓားကို ကိုင်ခဲ့တဲ့လူရယ်လို့ မယ်မယ်ရရ ဖော်ပြထားခြင်းမရှိပါဘူး။ Mograine ရဲ့ စိတ်ကူးပေါ့။ ဒီစိတ်ကူးကို Mograine က Player တွေကို quest ၉ ခုနဲ့ ပြောပြခဲ့ပါတယ်။ သူ့ စိတ်ကူးအတိုင်းသာ Player တွေ quest လိုက်လုပ်နိုင်မယ်ဆိုရင်တော့ Shadowmourne ကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါပေမယ့် ကိုင်ဆောင်ခွင့် ရှိတာကတော့ Paladin, Warrior နဲ့ DK ပါ။
လုပ်ရမယ့် Quest တွေက…
1. [80R] The Sacred and the Corrupt
2. [80R] Shadow's Edge
3. [80R] A Feast of Souls
4. [80R] Unholy Infusion
5. [80R] Blood Infusion
6. [80R] Frost Infusion
7. [80R] The Splintered Throne
8. [80R] Shadowmourne...
9. [80R] The Lich King's Last Stand