Elf တွေ ဘာလို့ ကွဲနေလဲ။

elf လို့ပြောလိုက်ရင် night elf, highborne, high elf, bloodelf နဲ့ Dark elf(ဒီကောင်ကသိပ်မတွေ့ရပါဘူး) တို့ပါပါတယ်။
elf တို့ဟာ Azeroth ရဲ့ပထမဆုံးရှင်သန်တဲ့ မျိုးနွယ်လို့ဆိုကြပါတယ်။ တချို့ သမိုင်းအထောက်အထားတွေကတော့ elf တို့ဟာ ရှေးကျတဲ့ troll တွေကနေ ထာဝရရေတွင်း (well of eternity) ကြောင့် ပြောင်းလဲလာခဲ့တာပါလို့ဆိုကြပါတယ်။
Kaldorei, the night elves  



ရှေးကျပြီး ညဘက်မှာ ကျက်စားတဲ့ ဒီမျိုးနွယ်ဟာ မှော်ရတွင်းရဲ့ စွမ်းအင်နှင့် ရှင်သန်ကြပြီး နေရာအတည်တကျမရှိပါဘူး။ သူတို့ဟာ ရေတွင်းတစ်ဝိုက်မှာ လှည့်လည်နေထိုင်ခဲ့ကြတယ်။ အချိန်ကြာလာတဲ့အမျှ ရေတွင်းရဲ့အစွမ်းတွေကြောင့် သူတို့ဟာ ပိုမို ပြီးကြံခိုင် သန်စွမ်းလာပြီး၊ ထာဝရရှင်သန်ခြင်းကို ရလာကြပါတယ်။ သူတို့ရဲ့မျိုးနွယ် နာမည် Kaldorei ဆိုတာဟာ ကြယ်ရဲ့မျိုးဆက်များ(children of star) လို့အဓိပ္ပာယ်ရပါတယ်။

Quel'dorei, the Highborne  
 နှစ်ပိုင်းကွဲနေတဲ့ ရှေးဦးမျိုးနွယ် နှစ်ခုဟာ night elf နဲ့ highborne ပါ။ highborne ဆိုတဲ့အတိုင်း မြင့်မြတ်စွာမွေးဖွားလာကြသူတွေလို အဓိပ္ပာယ်ရပါတယ်။ quel'dorei ဆိုတာလည်း ဒါကိုပဲရည်ညွှန်းပါတယ်။ သူတို့ဟာ ဘုရင်မ Azshara ရဲ့ တော်ဝင်အနွယ်တော်တွေက ဆင်းသက်လာကြသူတွေပါ။ သူတို့ဟာ ရေတွင်းရဲ့ အတွင်းပိုင်းကနေ စွမ်းအင်တွေရရှိပြိး arcane မှော်စွမ်းအင်ကို တတ်မြောက်ကြပါတယ်။ သူတို့ဟာ ရှေးတုန်းက Kalimdor (အဲ့ဒီတုန်းက Azeroth က Kalimdor လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းထဲရှိတဲ့ကမ္ဘာပါ။)မှာလှည်လည်သွားလာရင်းကနေ Gurubashi နဲ့ Amani ဆိုတဲ့ အဖွဲ့ကြီးတွေနဲ့တွေ့ကြပါတယ်။ Highborne တို့ရဲ့ မဆင်ခြင်မှုကြောင့် တစ်ဆင့်စကားတစ်ဆင့်ကြားပြီး Burning Legion တိုင် well of eternity အကြောင်းပေါက်ကြားသွားပါတယ်။ ဘုရင်မဟာ Sargeras ကို သစ္စာခံပြီး ရေတွင်းကို Twisting Nether နဲ့ဆက်သွယ်ဖို့ Portal ကို ဖွင့်လိုက်ပါတယ်။ Highborne တချို့က ဘုရင်မရဲ့သစ္စာဖောက်မှုကိုသိရှိပြီး ကျန် elves တို့နှင့် ပူးပေါင်းပြီးတားဖို့ကြံပါတယ်။ ဒီလိုနဲ့ ယခု War of the Ancients လို့ သိကြတဲ့ တိုက်ပွဲကြီးဖြစ်ပွားပါတော့တယ်။ အဲ့ဒီတိုက်ပွဲဟာ ရေတွင်းပျက်စီးခြင်း၊ Kalimdor အစိတ်စိတ်အမြွာမြွာ ပျက်စီးခြင်းနှင့်အတူ အဆုံးသတ်သွားပါတယ်။

Quel'dorei, the High elves
 elf တွေ druid ပညာကိုသာ အလေးထားပြီး မှော်ပညာကို မေ့လျော့တဲ့ အတွက် အဲ့ဒီ elf တွေကို higborne တွေကဘယ်တော့မှ မယုံကြည်ပေ။ Well of Eternity ပျက်စီးပြီးတဲ့နောက်မှာ တစ်ချိန်က Arcane Magic ကို အသုံးပြုခဲ့တဲ့ Highborne တွေဟာ Illidan နည်းတူ Magic ကို ဆာလောင်လာပြန်ပါတယ်။ ဒါပေမယ့် Malfurion ရဲ့ Magic သုံးလျှင် သေဒဏ်ပေးမယ်ဆိုတဲ့ အမိန့်ကို လွန်မဆန်ရဲခဲ့ပါဘူး။ နောက်ပိုင်း Deth'Remar ဆိုတဲ့ တစ်စောက်ကန်းဆန်တဲ့ Highborne နဲ့ သူ့လူတွေဟာ Malfurion ကို လွန်ဆန်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ မှောမုန်တိုင်းတစ်ခုကို Azshara မှာ ပြုလုပ်ခဲ့ပါတယ်။ ဆွေးမျိုးတော်စပ်တဲ့ highborne တွေကို မသတ်ရက်တဲ့ Malfurion က အပြစ်ကျုးလွန်သူ highborne တွေကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ Deth'Remar ဦးဆောင်ပြီး အထူးပြုလုပ်ထားတဲ့ သဘောင်္တွေနဲ့ Maelstorm ရဲ့ တစ်ဖက်ကို ထွက်ခွာလာတဲ့အခါ Lodaeron အထက် Quel'Thalas ကိုရောက်လာပြီး အိမ်အဖြစ်သတ်မှတ်နေထိုင်ခဲ့ကြပါတော့တယ်။ နာမည်ကိုလည်း highelves ဟုယူပြီး အမူအကျင့်တွေကိုလည်း ပြောင်းလဲပစ်လိုက်ပါတယ။် ညဘက်ထွက်တဲ့အစား နေ့ဘက်မှာထွက်ကြပါတယ်။ နေရောင်ရလာတဲ့သူတို့အသားအရေဟာ နေမရတဲ့ night elf တွေလို စိမ်းပြာရောင်မဟုတ်တော့ဘဲ အရောင်တဖြည်းဖြည်းဖျော့လာပါတယ်။

Sindorei, the blood elves 
  QuelThalas ကျဆုံးပြီးတဲ့နောက်မှာ ကျဆုံးသွားတဲ့ ရဲဖော်ရဲဖက်တွေကိုဂုဏ်ပြုပြီး highelf မှ bloodelf လို့ခေါ်တွင်စေပါတယ်။ တချို့သော သူတွေကတော့ Kael'thas နောက်ကို မလိုက်ဘဲ highelves အနေနဲ့ပဲ alliance ကို သစ္စာခံခဲ့ကြပါတယ်။ Highelf နဲ့ bloodelf ရဲ့ကွဲပြားချက်ဟာ highelves တို့ဟာ မှော်စွမ်းအင်ကို အရူးအမူးစွဲလမ်းခြင်းဖြစ်သည်။ highelf တို့က တစ်နေ့ကို အနဲဆုံး တစ်နာရီ တရားထိုင်ပြီး ဒီလိုစွဲလန်းမှုကိုပယ်ဖျောက်ကြပါတယ်။ ဒီလိုစွဲလန်းမှုတွေဟာ တစ်ခါတစ်ရံမှော်ရူးသွပ်ခြင်းပြင်းထန်ပြီး wretch လို့ခေါ်တဲ့ ရူးကြောင်ကြောင်များလည်းဖြစ်သွားတတ်ပါတယ်။...

မူးရင်းရေးသားသူ  =  J2K 
( www.vakok.net/forum ) မှ ကူးယူဖော်ပြထားသည်



 



 

No comments:

Post a Comment