Naga တွေ ဘယ်ကစလဲ

Naga ဆိုရင်တော့ လူတိုင်းသိကြမှာပါ။ Naga တွေထဲမှာ ကျော်ကြားတဲ့ Naga ဆိုရင် Lady Vashj ပါ။ သူမဟာ ဂရိဒဏ္စာရီထဲက Medusa ရဲ့ပုံစံယူထားပုံရပါတယ်။ Queen Azshara ဟာဆိုရင်လည်း တကယ့်ကျော်ကြားတဲ့ Naga ပဲဖြစ်ပါတယ်။ ဒီ Naga မျိုးနွယ်တွေ ဘယ်ကစလဲသိရဖို့ သမိုင်းကို တစ်ခေါက်ပြန်သွားကြရအောင်။

Naga အကြောင်းအကျဉ်း

Naga တွေဟာ ဟိုးအရင်က Nightelves Highborne တွေပါ။ သူတို့ဟာ မြွေတစ်ပိုင်းသတ္တ၀ါတွေအဖြစ် ကျိန်စာတိုက်ခံခဲ့ကြရတဲ့သူတွေပါ။ Naga တွေထဲက အများစုဟာဖြင့် Iliidan နောက်ကို လိုက်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် တချို့တွေဟာ Outland ကို ရောက်ရှိသွားကြပါတယ်။ Naga အများစုဟာ သေခြင်းမဲ့တဲ့ Immortal တွေဖြစ်ကြပါတယ်။




သမိုင်းကြောင်း(History)
War of the Ancients


Naga တွေဟာ ရေအောက်တွင် နေထိုင်ကျက်စားကြသော အလွန်ဆန်းကြယ်သည့် သတ္တ၀ါများဖြစ်ကြပြီး လွန်လေပြီးသော နှစ်ပေါင်းများစွာက Kaldorei ဆိုသော Highborne များဖြစ်ကြသည်။
လွန်ခဲ့ပြီးသော နှစ်တစ်သောင်းက Queen Azshara ၏လက်အောက်ခံ Highborne တို့ဟာ ရေတွင်းရဲ့ အတွင်းအလွန်နက်သောနေရာမှ စွမ်းအင်များကို ယူငင်သုံးစွဲခဲ့ကြသည်။ အခွင့်ထူးခံ highborne တစ်စုဟာဆိုရင်ဖြင့် သူတို့ရဲ့ ဘ၀ကို မှော်ပညာဖြင့် နစ်မွမ်းပြီးနေလျှက်ရှိပါတော့တယ်။ Queen Azshara က Sargeras နဲ့ပူးပေါင်းပြီး War of the Ancients ကြီးကို ဖြစ်ပေါ်စေမည့် demon တွေကို ခေါ်ယူတဲ့အခါမှာတော့ တချို့ Highborne တွေဟာ သဘောမတူခဲ့ကြပါဘူး။ အခွင့်ထူးခံ ရေပေါ်ဆီလူတန်းစားတစ်စုအတွက်ပဲ ကြည့်တဲ့ Queen Azshara ကိုစွန့် ခွာလို့ Burning Legion ကို ရင်ဆိုင်တိုက်ခိုက်ပါတော့တယ်။ အဲ့ဒီမှာ စစ်ကြီးဖြစ်ပွားတော့တာပါပဲ။
စစ်ကြီးရဲ့ ရလဒ်အနေနဲ့ Well of Eternityြ ကီး ပေါက်ကွဲလို့ ကမဘြာကြီး ပျက်လုနီးပါး အစိတ်စိတ်မွာမွာ ကွဲထွက်သွားပါတော့တယ်။ ဒီလို ပျက်စီးခြင်းနဲ့အတူ Queen Azshara နဲ့ သူ့ရဲ့ အနွယ်တော်တွေဟာ ပင်လယ်ကြီးထဲကို ထွက်ပြေးသွားကြပါတော့တယ်။  ရေကမဘြာရဲ့ ဘုရင် Neptulon ဆိုသော Tidehunter ဖြစ်တဲ့ Old god နဲ့ ဆက်သွယ်မိပါတယ်။ သူ့ရဲ့ကျိန်စာနဲ့ပဲ Queen Azshara နဲ့ highborne အချို့ဟာ naga အဖြစ် ပုံစံပြောင်းလဲလိုက်ကြပါတယ်။ သူတို့ရဲ့ မှော်စွမ်းအင်လက်ကျန်တွေနဲ့အတူ မြွေတစ်ပိုင်းရေနေသတတြ၀ါများဖြစ်လာကြပါတော့တယ်။

Queen Azshara ရဲ့ ကျိန်စာမမိခင်ပုံပါ။
 

 Kalimdor ကြီးမပေါက်ကွဲခင်တုန်းက ပုံပါ။
 
လက်ရှိ Queen Azshara ပုံပါ။
 

သူတို့ဟာ Naga အဖြစ်နိုးထခြင်းနဲ့အတူ Maelstorm ရေအောက်မှာ Nazjatar လို့ခေါ်တဲ့ မြို့တော်သစ်ကို တိတ်တဆိတ်ဆည်ဆောက်ရင်း  လျှို့ဝှက်စွာရှင်သန်နေခဲ့ကြပါတယ်။ သူတို့ရဲ့ မြို့တော်ကို နှစ် ၁၀၀၀၀ တိုင် သွေးအေးအေးနဲ့ အချိန်ယူပြီး ရှုပ်ထွေးနက်နဲစွာနဲ့တည်ဆောက်ခဲ့ကြပါတယ်။

ရေခဲပလလြင် ( The Frozen Throne)

နှစ်တွေကြာလာတဲ့အခါ Illidan Stormrage က သူဆီမှာတာဝန်ထမ်းဖို့ ပင်လယ်သတတြ၀ါတွေကို Summon တဲ့အခါ Lady Vashj ဦးဆောင်တဲ့ Naga အဖွဲ့က ပြန်လည်ဖြေကြားခဲ့ပါတယ်။(အမှုထမ်းခဲ့ပါတယ်) သူတို့အဖွဲ့ဟာ Alliance တို့ရဲ့ရန်သူ Highborne တစ်ဖြစ်လဲ Blood elf တို့ကို ကူညီခဲ့ပါသေးတယ်။ Naga တွေနဲ့ ပူးပေါင်းတဲ့ အကြောင်းပြချက်နဲ့ Audin Lothar က အကျဉ်းချထားတာခံရတဲ့ Kael ကိုလည်း ကယ်ထူတ်လာခဲ့ပါသေးတယ်။ သူတို့ဟာ Illidan အပေါ်မှာသစ္စာရှိစွာဖြင့် Eye of Sargeras ကိုပြန်လည်ရယူပေးခဲ့ပါတယ်။ Outland ရောက်တဲ့အထိလည်းကူညီခဲ့ပါတယ်။ Arthas ကိုတားဖို့ Ice Glacier တွေ သိမ်းပိုက်ရာမှာလည်း ကူညီင်္ပြီး Arthas လက်ချက်နဲ့ သေလုမျောပါး ဖြစ်နေဆဲ့ Illidan ကိုလည်း Outland ကို ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။
World of Warcraft ရဲ့ ingame အနေနဲ့ Naga တို့ကို Azshara တစ်လျှောက်ပြန်လည်အခြေချနေထိုင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ဟာ Old God ရဲ့ သစ္စာခံများအဖြစ်လက်ရှိမှာရှိနေပြီး Twilight Hammer အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားပုံရပါတယ်။ 


မူးရင်းရေးသားသူ  -  J2K 
www.vakok.net/Forum )  မှ ကူးယူဖော်ပြသည်။ 

No comments:

Post a Comment