Battle of Angrathar the Wrathgate

ပတ်ဝန်းကျင် တစ်ခုလုံး နှင်းထုများကသာ အများစု ဖုံးလွမ်းလို့နေပေ၏။ အေးခဲနေသော နှင်းထုတို့ကြောင့် ခပ်လှမ်းလှမ်းရှိ အရာဝတ္ထုများပင် မှုန်ဝါးဝါး။ သို့ပေမယ့် မားမားမတ်မတ် မျှော်စင်မြင့်တစ်ခုကတော့ အဝေးကနေပင် လှမ်းကြည့်လို့ ရအောင် မြင့်မားလို့နေသည်။ ထိုအရာက Dragonblight ဒေသအတွင်းရှိ Wyrmrest Temple ခေါ် နဂါးတို့ပျော်စံရာ မျှော်စင်မြင့် ….။

ထို Temple သည် နဂါးဘုရင်မနှင့် နဂါးခေါင်းဆောင် အချို့ နေထိုင်ရာလည်း ဖြစ်၏။ နဂါးဘုရင်မ Alexstrasza က သူမနေထိုင်ရာ ထိုမျှော်စင်မြင့်မှ အနောက်မြောက်ယွန်းယွန်းသို့ မျှော်ကြည့်လိုက်မိသည်။ သူမစိတ်တွေလေးနေသည်။ မကောင်းတာ တစ်ခုခု ဖြစ်တော့မည်။


သူမမျှော်ကြည့်ရာနေရာမှာ Angrathar the Wrath Gate ဟုမြင်တွင်သည့် Icecrown Citadel သို့သွားရာ သေမင်းမုဒ်ဦး။ မည်သူမျှ ထိုမုဒ်ဦးကို ဖြတ်ကျော်ခဲ့ဖူးခြင်းမရှိသေး ... ။ ထို မုဒ်ဦး၏ အသွင်မှာ Lich King ၏ ဦးဆောင်း Helm of Domination ပုံစံထုလုပ်ထားခြင်းဖြစ်သည်။ မုဒ်ဦးတစ်ခုလုံးကို Saronite သတ္ထုများဖြင့်သွန်းလုပ်ထားလေ၏။ တစ်ခါတစ်ရံ ထိုမုဒ်ဦးကို ကြည့်ရသည်မှာ Lich King က လှမ်းမျှော်ကြည့်နေသဖွယ် ကြက်သီးထဖွယ်ကောင်းသေးတော့သည်။


ထိုမုဒ်ဦး၏ရှေ့တွင် ရှိသည်မှာ Bolvar Fordragon ဦးဆောင်သော Alliance စစ်သည်တော်တို့၏ စခန်း Fordragon Hold … ။ Bolvar သူ၏ ချပ်ဝတ်များကို ၀တ်ဆင်ရင်း စဉ်းစားလို့နေသည်။

ဒီနေ့တော့ ငါတို့ရဲ့ မဟာရန်သူတော်ကြီး Lich King ကို သုတ်သင်ရတော့မယ်။ ငါတို့ Alliance စစ်သည်တွေ Lich King ရှိရာမရောက်မချင်း အသက်ပေးပြီးချီတက်ရမယ်။ Arthas ဒီနေ့ဟာ မင်းရဲ့သေနေ့ပဲ။

အံကိုကြိတ်ရင်း သံမဏိချပ်ဝတ်ကို တင်းရင်းနေအောင် ဆွဲဆန့်လိုက်သည်။ ထို့နောက် သူ၏ ဆောင်ဓားကို လက်တွင် ကျစ်ကျစ်ပါအောင် ကိုင်ဆောင်ရင်း အသင့်ဖြစ်နေပြီဖြစ်သော သူ၏ စစ်တပ်ထံသွားရောက်လေသည်။

“Highlord Bolvar ဘုရားသခင်ကောင်းချီးပေးပါစေ”

“For the Alliance”

“For the Lordaeron”

Bolvar စစ်တပ်ရှေ့မှ ဖြတ်လျှောက်လာစဉ် Alliance စစ်သည်တော်တို့က ဟစ်ကြွေးကြသံများဖြစ်လေသည်။ Bolvar က စစ်တပ်၏ ထိပ်ဆုံးမှာရပ်ရင်း

“ဒီနေ့ … ငါတို့ Alliance စစ်သည်တော်တို့ သွေးဘယ်လောက်ရဲသလဲ ပြလိုက်စမ်းစို့ဟေ့”

ဒေါမာန်နဲ့ပြောရင်း ညာသံပေးရင်း မုဒ်ဦးရှေ့မှာရှိသော Scourge Undead တို့ထံ တစ်ဟုန်တိုး ပြေးဝင်တိုက်ခိုက်လေ၏။
“ဖယ်ကြစမ်း။ Scourge အရူးကောင်တွေ။”

Bolvar ရဲ့ ဓားချက်တစ်ချက်မှာတင် Scourge တို့ လွင့်စင်သွားလေသည်။ ထိုစဉ်မှာပင် …

“ကျွီ ….. ဟီ ….”

မုဒ်ပေါက် တံခါး ရုတ်တရက် ပွင့်လာပြီး Lich King လက်အောက်ခံ vrykul အုပ်များ ဟစ်ကြွေးလျှက် ပြေးထွက်လို့လာလေ၏။

ဟင်
Vrykul တွေ … ။ Alliance စစ်သည်တော်တို့ထက် အင်အား ၂ ဆ ခန့်ရှိမည်ထင်သည်။ ဒီပုံစံတိုင်းဆို Bolvar တို့ဘ၀ မတွေးဝံ့စရာပင်။
Kor’kon Vanguard မှ လှမ်းကြည့်နေသော Orc ခေါင်းဆောင် Dranosh Saurfang က စစ်ခရာကို မှုတ်လိုက်ကာ Orc စစ်သည်တော်တို့ကို အမြန်ဆုံး စုစည်းလိုက်လေ၏။


“ငါ့သားတို့ နိုးထကြလော့။ တိုက်ပွဲက အဆင်သင့်ကြိုလို့နေပြီ။ Horde တွေအကြောင်း ပြလိုက်စမ်းပါ သားတို့ …”

Dranosh က ထိပ်ဆုံးမှာ ဦးဆောင်ကာ Vrykul တို့ကို ၀င်ရောက်တိုက်ခိုက်လေတော့သည်။
 Dranosh ရဲ့ ပုဆိန် တစ်ချက်အပိုင်း Vrykul ၃ ကောင် ကြွသွား၏။

“Lok’tar ogar, For the Horde”

 Horde ခရာသံကြားထဲက အံ့သြနေသော Bolvar က Dranosh ကိုလှမ်းပြောလိုက်သည်။

“ဒီနေ့ ပွဲ ခင်ဗျားပါလာတာ ထင်ရက်စရာတောင်မရှိဘူး။”

သူတို့ ၂ ဖွဲ့စလုံးက Lich King ကို သုတ်သင်ဖို့ရာ ချီတက်လာကြသူများဖြစ်သည်။ ရည်ရွယ်ချက်တူသူများဖြစ်၍ ရန်မမူကြပဲ တစ်ခါတစ်လေ ၀င်ရောက်ကူညီခဲ့ဖူးတာမျိုးရှိခဲ့ဖူးသည်။

“ဟဟ မင်းတို့ Alliance တွေ ချည်းပဲ အောင်ပွဲဆင်မှာကို ကြည့်မနေနိုင်ပါဘူး။ ငါတို့လဲပါရမှာပေါ့။”

Dranosh နဲ့ Bolvar ဦးဆောင်တဲ့ Alliance နဲ့ Horde စစ်သည်တော်တွေ Vrykul တွေကို တစ်အုပ်ပြီး တစ်အုပ် တိုက်ခိုက်ပြီးတဲ့နောက်မှာ Vrykul တချို့ ပြန်လည် ဆုတ်ခွာသွားပါတော့တယ်။ မုဒ်ဝရှေ့မှာ များပြာလှတဲ့ Alliance နဲ့ Horde စစ်သည်တော်တွေ စုဝေးရောက်ရှိနေပါပြီ။ ဒီနေ့ Alliance နဲ့ Horde တို့ ညီညွတ်ခဲ့ပြီ။ ရှေ့ဆုံးမှာခေါင်းဆောင် ၂ ဦးယှဉ်ရပ်လို့နေပါတယ်။ Dranosh က Bolvar ကို ဦးစားပေးတဲ့အနေနဲ့ ခေါင်းငြိမ့်ပြလိုက်ပါတယ်။

Bolvar Fordragon က မုဒ်ဦးကို မျက်နှာမူပြီး အသံကုန်နဲ့ Lich King ထံအော်ဟစ် စိန်ခေါ်လိုက်ပါတယ်။

“Arthas ! မင်းအဖေရဲ့ မျိုးဆက်နဲ့ မင်းအဖေရဲ့ ပြည်သူတွေ အမှန်တရားနဲ့ သွေးကြွေးအတွက်ရောက်နေပြီ။ ထွက်လာပြီး မင်းအပြစ်တွေကို ဆပ်လိုက်စမ်းပါ သူရဲဘောကောင်!”

ထိုစဉ်မှာပင် မုဒ်ဝ တံခါးက ပတ္တာလည်သံနဲ့အတူ ပွင့်ဟလို့လာပါသည်။ လက်ထဲမှာ Frostmourne ကို ကိုင်စွဲလျှက် Lich King ရှေ့ကိုထွက်လာခဲ့ပါတယ်။

 “မင်းက အမှန်တရား အကြောင်း သရဲဘောကြောင်တဲ့အကြောင်း ပြောတယ်ဟုတ်လား။ မင်းကို သေခြင်းရဲ့ အမှန်တရားနဲ့ ကြောက်ခြင်းရဲ့ တကယ့် အဓိပ္ပါယ်ကို ပြရသေးတာပေါ့။ “

Lich King ရှေ့ကို တိုးလာပါတယ်။ နောက်မှာ Scourge နောက်လိုက်နောက်ပါ တစ်စုလည်း ပါဝင်ပါသေးတယ်။

“စောက်စကားအပိုတွေ ပြောမနေနဲ့။ တစ်ခါတည်း ပွဲသိမ်းပစ်လိုက်ရအောင်။”

Dranosh က မိုက်ရူးရဲဆန်စွာ Lich King ကို charge ပြေးထိုးရင်း ၀င်ချလေသည်။ Lich King က Frostmourne ကို တစ်ချက်ရမ်းလိုက်ရုံနဲ့ Dranosh ပုဆိန် ၂ ပိုင်းကျိုးသွားပြီး သူ့ အသက်ပါ ဓားဖျားမှာ ဇီဝိန်ချုပ်သွားသည်။ ရုတ်တရက်မို့ Bolvar နဲ့ အခြားစစ်သည်တော်များ ကြောင်ကြည့်နေမိကြသည်။ Lich King က Dranosh Saurfang ရဲ့ ၀ိညာဉ်ကို Frostmourne ဖြင်စုပ်ယူလိုက်တော့၏။

Bolvar က ဒေါသကြောင့် အသံများ တုန်ရီလျှက်ပြောလိုက်သည်။

“မင်းခိုးယူခဲ့တဲ့ ၀ိညာဉ်တွေ အသက်တွေ အားလုံးအတွက် မင်းပြန်ပေးဆပ်ရလိမ့်မယ်။ ကလိန်ကျစ် သစ္စာဖောက်ကောင်”

“ပြောတာကတော့ ကြောက်စရြာ့ကီးပါလား။ ဒါပေမယ့် မင်းဘာမှ မတတ်နိုင်ဘူး။ ငါ့ကို ဘယ်သူမှ တားလို့မရ …..”

စကားပြောနေစဉ်မှာပင် Bolvar ရဲ့နောက် စစ်သည်တော်တွေကြား ပေါက်ကွဲသံတစ်ခုပေါ်လာပြီး အစိမ်းရောင် မီးခိုးများ ထသွားသည်။ စစ်သည်တော်အချို့ စူးစူးဝါးဝါး အော်ပြီးလဲကျလို့သွားလေ၏။ Lich King က …

“What … !!!”

ရီသံတစ်ခုက သူတို့ အထက် တောင်ကုန်းတစ်ခုပေါ်မှ ထွက်ပေါ်လို့လာချေ၏။ ထို့နောက် အသံပိုင်ရှင် Forsaken အဆိပ်ဆေးကျွမ်းကျင် ပညာရှင် Putress တောင်စွန်းသို့လျှောက်လှမ်းလို့လာချေ၏။



“ငါတို့က မင်းလုပ်ခဲ့သမျှ မေ့လိုက်ပြီထင်နေလား။ ငါတို့ ခွင့်လွှတ်ထားလိုက်ပြီထင်နေလား အားသတ်စ် …”

Putress ဘေးတစ်ဘက်တစ်ချက်တွင် အဆိပ်ဗုံး လှည်း၂စီး ရှေ့သို့တိုးလာသည်။

“အညိုးကြီးတဲ့ ငါတို့ Forsaken ကလဲ့စားကို သတိသားထားပေတော့ အားသတ်စ်၊”

“Sylvanas ကြောင့်ပေါ့ ဟုတ်လား။”

Lich King ရေရွတ်လိုက်ခြင်းဖြစ်သည်။

ထို့နောက် အဆိပ်လှည်းများမှ အဆိပ်ဗုံးများ တိုက်ပွဲအလယ်သို့ ပစ်ခတ်လေတော့သည်။ Putress က ကျေနပ်စွာဖြင့် ဟစ်ကြွေးလိုက်ချေ၏။

“Scourge တွေ နောက်ပြီး ကျန်တဲ့ကောင်တွေကော သေကြစမ်းကွာ။....”

Plague ဗုံးများ ကျပြီး ပေါက်ကွဲပြီး Scourge တို့ကို သေစေပါတယ်။ နောက်ပြီး Alliance နဲ့ Horde စစ်သည်တော်တွေကောပါပါတယ်။

“အားလုံး နောက်ဆုတ်ကျ”

Bolvar အမိန့်ပေးလိုက်ပေမယ့် မမီတော့ပါချေ။ အချို့သာထွက်ပြေးလွတ်မြောက်ပြီး သူ့ဘေးပတ်ဝန်းကျင်က စစ်သည်တော်တွေ သေနှင့်ချေပြီ။ အလောင်းများထပ်လို့နေ၏။ Lich King ကိုယ်တိုင်ပင် ဒူးထောက်ကျသွားလောက်အောင် အဆိပ်က ပြင်းထန်လွန်းလှပါတယ်။ သူကိုယ်တိုင်လဲ အရိုးထဲ အသားထဲထိ စိမ့်နေအောင် နာကျင်မှုကိုခံစားလိုက်ရပါတယ်။ Plague က သူ့ကိုပြန့်လို့နေပါတယ်။ ချောင်းတစ်ဟွတ်ဟွတ်ဆိုးရင် အစိမ်းရောင် အဆိပ်မြေပြင်မှာ လူးလိမ့်လို့နေပါတော့တယ်။ Arthas က ကုန်းရုန်းထရင်း မုဒ်ဝကို အမြန်ပြန်လျှောက်လှမ်းသွားပါတယ်။

“ငါတို့ စာရင်းမပြတ်သေးပါဘူး။”

Putress က လှောင်ရီလိုက်ပါတယ်။ Arthas ၀င်ရောက်ပြီးသည်နှင့် မုဒ်ဝတံခါး ပိတ်လို့သွားချေတော့၏။

“ကဲ ခုတော့ မြင်ပြီမလား။ Forsaken တွေရဲ့ အောင်ပွဲကို။ ဟားဟားဟား”

Putress နေရာက ထွက်ခွာသွားလေသည်။ အဆိပ်မြေပြင်အလယ်မှာတော့ Bolvar က Fordragon Hold ကို ပြန်လှမ်းမျှော်ကြည့်လိုက်ပါတယ်။ အဆိပ်ထဲမှာ လူးလွန့်ရင်းတွေးမိပါသည်။

ငါ မလုပ်နိုင်ခဲ့ဘူး။ ငါတို့အကုန်လုံးအတွက် ခု လမ်းဆုံးပြီ။

Wyrmest Temple မှ နဂါးတချို့ ပျံသန်းလာတာကို Bolvar တွေ့လိုက်ပါတယ်။ Bolvar ခန္တာကိုယ်ကို မှောက်လိုက်ပါတယ်။ အနီရောင် နဂါးအုပ်က Forsaken အဆိပ်လှည်းတွေကို မီးရှို့ဖျက်စီးပစ်လိုက်ပါတယ်။ နောက်ပြီး အဆိပ်ပြင်ဖြစ်နေတဲ့နေရာတစ်ခုလုံးကိုလဲ မီးရှို့ဖျက်စီးပစ်လိုက်ပါတော့တယ်။ ထို့နောက် Temple ဆီသို့ ပြန်လည် ပျံသန်းသွားပါတော့၏။


နောက်ဆက်တွဲ

နောက်ပိုင်းမှာ Danosh Saurfang ကို Lich King က Deathbringer Saurfang အဖြစ်ပြန်လည် အသက်သွင်းခဲ့ပါတယ်။
Bolvar က အဲ့ဒီ Battle မှာ မသေပဲ တစ်ကိုယ်လုံး မီးကျွမ်းသွားပါတယ်။ မသေမရှင် ခန္တာကိုယ်ကို Lich King က Frozen Throne ရှေ့မှာ ချုပ်ထားခဲ့ပါတယ်။ နောက်ဆုံး Lich King သေပြီးတဲ့နောက်မှာ စတေးခံပြီး ဒုတိယ Lich King ဖြစ်သွားခဲ့တာ Bolvar Fordragon ဖြစ်ပါတယ်။

ဒါကို movie အနေနဲ့ ကြည့်ချင်တယ်ဆိုရင်တော့ WOW Folder>>> Data>>> EnUS >>> Interface>>> Cinematics>>> WOW_Wrathgate_1024 မှာကြည့်လို့ရပါတယ်ခင်ဗျာ။

မူရင်းဘာသာပြန်သူ -  J2K
www.vakok.net/forum  မှကူးယူဖော်ပြသည်

No comments:

Post a Comment