Goblin Story

Goblin ဆိုတာ Cataclysm Patch ဒဏ္ဍာရီ ပိုင်းရပြောရမယ်ဆိုရင်တော့ Deadwings ကြီးပေါ်ထွက်လာပြီး နောက်ပိုင်းကြမှ Horde လို့ ခံယူရပ်တည်ခဲ့ကြတာပါ။ ဒါပေမယ့် Neutral ဖြစ်တဲ့ Goblin လူမျိုးစုတွေလဲကျန်ရှိပါသေးတယ်။

Deadwings  မတိုင်ခင်ခေတ်တွေမှာ Goblin  တွေက Trade City Master တွပါ။ သူတို့က ကူးသန်းရောင်းဝယ်ရေး Base  တွေ ထားရှိပြီး Horde ရော Alliance ကိုပါ ဆက်သွယ်ခဲ့ပါတယ်။ သူတို့ ရဲ့ Steamwheel Cartel ဆိုတဲ့ Goblin ကွန်ရက်ဟာ နာမည် ကြီးပါတယ်။ ( Booty Bay, Gadgetz, everlook, K3, Area 53  အစရှိတဲ့ မြို့တွေပါဝင်ပါတယ်။)

စက်မှုပညာမှာ အတိုးတက်ဆုံးဖြစ်ပြီး Engineering  မှာ Gnomish မျိုးနွယ်စုနဲ့ အပြိုင်အဆိုင်ဖြစ်ပါတယ်။ သူတို့ရဲ့ လျို့ဝှက်စွာတည်ရှိနေတဲ့ နိုင်ငံကြီးက Undermine  လို့နာမည်ရပြီး Kezan ကျွန်းစု ပေါ်မှာတည်ရှိပါတယ်။


 Isle of Kezan 

သူတို့ရဲ့ Goblin အဖွဲ့အစည်းမှာလဲ ကိုယ်ပိုင်စစ်တပ်ရှိပါတယ်။ ပြီးတော့ အုပ်စုလိုက်တာဝန်ခွဲဝေထားလို့ ကုန်သွယ်သင်္ဘောအဖွဲ့၊ သတ္ထုရှာဖွေရေးအဖွဲ့၊ သစ်တောခုတ်ထွင်ရေးအဖွဲ့တွေတင်မကဘူး။ မှောင်ခို သစ်နဲ့ ရှားပါး ပစ္စည်းတွေ ခိုးထုတ်တဲ့အဖွဲ့တွေတောင် တရားမ၀င် ရှိကြပါသေးတယ်။

ပုံပန်းသဏ္ဍာန်အရ နားရွက်ချွန်များရှိလေ့ရှိပြီး စက်ပစ္စည်းပိုင်းကို စပ်စပ်စုစုနဲ့ စိတ်ဝင်စားလေ့ရှိပါတယ်။ စီးပွားရေးမှာလည်း အောင်မြင်တဲ့ သူတွေပါ။ သူတို့ဟာ စက်ပစ္စည်းအသစ်အဆန်းကို တီထွင်ဖန်တီးဖို့ အမြဲတမ်းအာရုံစိုက်နေလေ့ရှိပါတယ်။ Azeroth  ဆိုတဲ့ မှော်စွမ်းအင်က ကြီးစိုးတဲ့ကမ္ဘာကြီးမှာ Goblin တွေရဲ့ စက်မှုပညာက အံချော်နေတယ်လို့ ထင်ရပေမယ့်။ အချို့ တီထွင်မှုတွေက Azeroth တစ်ဝှမ်းလုံး လှုတ်ခတ်သွားစေနိုင်လောက်အောင် အောင်မြင်လှပါတယ်။ သူတို့ရဲ့ အဆိုအရ သူတို့ရဲ့ နည်းပညာက Gnome  နဲ့ Dwarves  တွေထက် ပိုအသုံးကျပြီး လက်တွေ့ကမ္ဘာမှာ ပိုမိုအသုံးဝင်လေ့ရှိတယ်လို့ ဆိုပါတယ်။

သူတို့ဟာ စိတ်ကို အာရုံတစ်ခုတည်းမှာ စူးစိုက်လေ့မရှိတာကြောင့် တီထွင်မှုတော်တော်များများဟာ တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်နေလေ့ရှိပါတယ်။ Goblin  တွေရဲ့ စက်ပစ္စည်းတွေကို အသုံးပြုရင်း ပေါက်ကွဲမှုတွေ ဘေးကြုံရမှုတွေ မကြာခဏဖြစ်တာ ကြုံရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တီထွင်မှုတွေမှာ အရေးကြီး အစိတ်ပိုင်းအချို့နဲ့ အသက်ကယ်ပစ္စည်းတွေ တပ်ဆင်ဖို့ မေ့နေတတ်ကြလို့ဖြစ်ပါတယ်။

Goblin  တွေက နည်းဗျုဟာပိုင်း။ စစ်ဗျုဟာပိုင်းမှာလဲ တော်ကြပါတယ်။ အမြှောက်တွေ၊ သင်္ဘောတွေဖြစ်တဲ့ စစ်ပွဲတော်တော်များများမှာ အသာစီးရတတ်ပါတယ်။
Goblin  တွေဘယ်အချိန်ကတည်းက စရှိခဲ့တယ် ဆိုတဲ့အချက်နဲ့ ပါတ်သက်ပြီး အတော် များများက မေးမြန်းခဲ့ကြပါတယ်။ တကယ်တော့ War of the Ancient မတိုင်ခင်ကတည်းက Goblin တွေ တည်ရှိနေခဲ့ကြတာပါ။ Naltharion (ယခု Deathwings ) က ပထမဆုံး Demon Soul ကို Goblin တွေ အကူအညီနဲ့ လုပ်ခိုင်းခဲ့တာပါ။ Goblin တွက ထိုခေတ်မတိုင်ခင်ကတည်းက တည်ရှိနေကြပြီး Old Gods တွေနဲ့လဲ တနည်းနည်းနဲ့ ပတ်သက်နေတယ်လို့ ဆိုကြပါတယ်။

ရှေးဦးတုန်းက Goblin  တွေက Troll  တွေရဲ့ ကျွန်အဖြစ်ရှိခဲ့ကြပါတယ်။ Troll  တွေက သူတို့ voodoo အစီအရင်မှာ လိုအပ်တဲ့ သတ္ထုတွေ ရရှိဖို့အတွက် Goblin  တွေကို မိုင်းတူးရှာဖွေစေခဲ့ပါတယ်
Goblin  တွေရှာတွေတဲ့ Kaja'mite ဆိုတဲ့ သတ္ထုကို အလွန်နှစ်သက်ကြပါတယ်။  Kaja'mite  မှာ Troll တွ မသိသေးတဲ့ အစွမ်းတချို့ ရှိပါသေးတယ်။ Kaja'mite ကို Undermine ကီးထဲမှာ နေ့စဉ် ထိတွေ့နေတဲ့  Goblin တွေကို အသိညာဏ် တိုးတက်စေတာပါ။ နောက်ပြီး technology ပိုင်းမှာေ၇ာ အချိန်တိုအတွင်းမှာ ဖွင့်ဖြိုးတိုးတက်စေလာပါတယ်။ Goblin  တွေက ကိုယ်ပိုင် လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေ ပြုလုပ်လာနိုင်ပါတယ်။ နောက်ဆုံး Troll  တွေကိုတော်လှန်ပြီး  Isle of Kezan  ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ troll တွေကို သူတို့ကျွန်တွေ အဖြစ်ပါ ထားရှိခဲ့ကြပါတယ်။ Undermine ကိုလည်း သူတို့ရဲ့ နိုင်ငံတော် အဖြစ် တရားဝင်ကြေငြာခဲ့ပါတော့တယ်။

အချိန်တိုတို အတွင်းမှာပဲ Goblin တွေရဲ့ technology ကတိုးတက်လာခဲ့ပါတယ်။  Azeroth ရဲ့ ပထမဆုံးသော  technician တွေ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်က သူတို့ရဲ့ နည်းပညာက ယနေ့လက်ရှိ  Dwarve တွေထက် အများကြီး သာပါတယ်တဲ့။ သူတို့ကိုသူတို့လဲ အတော်ဆုံးပညာတွေအဖြစ် အမွှန်းတင် ဂုဏ်ယူခဲ့ကြပါတယ်။



ဒါပေမယ့် kaja'mite  က အချိန်ကြာလာတာနဲ့ ရှားပါးလာပါတော့တယ်။ သူတို့မှာ kaja'mite အစား တခြား အစားထိုးစရာ မရှိပါဘူး။ First War မတိုင် မီ နှစ် ၅၀၀ လောက်ကစပြီး Kaja'mite လုံးဝ ပျောက်ကွယ်သွားပါတယ်။ Goblin တို့ရဲ့ intellingence  တိုးတက်မှုကလည်း ရပ်တန့်သွားပါတော့တယ်။ နောက်ပြီး သူတို့ရဲ့ technology က လည်း တဖြည်းဖြည်းချင်း ကျဆင်းလာပါတော့တယ်။ First War မတိုင်ခင် ၂ နှစ်ကစလို့ Trade FAAAt တွေကို Azeroth  ဂြိုလ်အနှံ့စေလွှတ်ပြီး ကုန်သွယ်ရေးစတင်ခဲ့ကြပါတယ်။

Goblin တွေက စစ်ပွဲတွေကို သူတို့အတွက် ပိုက်ဆံရှာဖို့ အခွင့်အလမ်းတွေလို့ပဲ မြင်ကြပါတယ်။ ပထမစစ်ပွဲမှာ trade empire ကြီးကို အကြီးအကျယ်တည်ထောင်နိုင်ခဲ့ပါတယ်။ ဒုတိယစစ်ပွဲ (second war) မှာ Horde Ambassador တစ်ဦးက Trade Prince Steamwheedle Cartle ကို Horde ဘက်က အထောက်အပံပေးဖို့ လာရောက်ငှားရမ်းခဲ့ပါတယ်။ တခြား goblin တော်တော်များများက neutral အတိုင်း ဆက်လက်တည်ရှိဖို့ငြ်းဆန်ပေမယ့် Orc တွေနိုင်မယ်လို့ Steamweedel Cartle က ထင်တဲ့အတွက် လက်ခံခဲ့ပါတယ်။ ဒါပေမယ့် second war မှာ orc တို့ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီအခါမှ သူ့တို့ဆုံးဖြတ်ချက်အမှားကို သင်ခန်းစာယူရင်း Cataclysm အထိ neutral အဖြစ်ရပ်တည်ခဲ့ကြပါတယ်။ ၂ ဖက်စလုံးကို ဈေးကစားနိုင်လေ သူတို့အတွက် အကျိုးအမြတ်များလေပဲမဟုတ်လား။ Second War အပြီးမှာ Goblin တွေက ခေါင်းဆောင်စွဲ အဖွဲ့ဆွဲမရှိကြောင်း ကြေငြာချက်တစ်ပုဒ် ထုတ်ပြန်ခဲ့ပါတယ်။ အကယ်၍သာ ပိုက်ဆံထောက်ပံ့မယ်ဆိုရင် ဘယ်သူမဆို မိတ်ဆွေဖြစ်နိုင်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Second War မှာ Goblin တွေက အတော် နာမည်ကြီးခဲ့ပါသေးတယ်။ Horde တို့အတွက် Base များတည်ဆောက်ပေးခြင်း လက်နက်နဲ့ ချပ်ဝတ်တန်ဆာများ ဆင်ယင်ပေးခြင်း အပြင် ကိုယ်ကို ဖောက်ခွဲပစ္စည်းများ အပြည့်ဝတ်ဆင်ပြီး ရန်သူ့ စခန်းထဲဝင်ရောက်ကာ အသေခံဖောက်ခွဲခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ဒါပေယ့် second war အပြီးမှာ Horde ဘက်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းတစ်လျှောက်လုံး Alliance ရော Horde နဲ့ပါ အဆင်ပြေချောမွေ့ခဲ့ပါတယ်။ သစ်တောနဲ့ သတ္ထုသယံတွေ အလွန်အကျွံ ထုတ်ယူခြင်းက သဘာဝကို ချစ်မြတ်နိုးတဲ့ night elf နဲ့ tauren တွေအတွက်တော့ စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမယ့် ငွေကြေးအင်အားတောင့်တင်းတဲ့ goblin တွေက အဆင်ပြေအောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။

Cataclysm အရောက်မှာ Kezan ကျွန်းစုက ထွက်ခွာလာတဲ့ သင်္ဘောတစ်စင်းကို Alliance တို့က မှားယွင်းပစ်ခဲ့မိခြင်းက အစပြုပြီး Alliance နဲ့ ရန်သူ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်က မဟာမိတ်ဖြစ်ခဲ့ဖူးတဲ့ Horde တို့နဲ့ ပြန်လည် လက်တွဲခဲ့ပါတယ်။

 မူးရင်းရေးသားသူ - J2K 
www.vakok.net/forum  မှ ကူးယူဖော်ပြသည်

No comments:

Post a Comment