Dragon Aspects ( သို့ ) နဂါးတို့ရဲ့ ဥသျှောင်

နဂါးတို့ဥသျှောင် အဓိပတိကြီးများ 

 ကမ္ဘာစောင့်နတ်ဘုရား titans များက ကမ္ဘာတစ်ခုကို တည်ပြီးတိုင်း အဲ့ဒီကမ္ဘာကို စောင့်ရှောက်ဖို့ရာ Guardian များထားရှိတတ်ကြပါတယ်။ Azeroth ကိုစောင့်ရှောက်ဖို့ရာလည်း Dragon Aspects သို့တည်းမဟုတ် နဂါးအဓိပတိများလို့ နာမည်ရတဲ့ နဂါး ၅ ကောင်ရှိခဲ့ပါတယ်။ ထိုနဂါးတွေကို တစ်ကောင်ချင်းစီအလိုက် မျိုးနွယ်တာဝန်တွေ ခွဲဝေပြီး ကမ္လာကြီးကို စောင့်ရှောက်စေခဲ့ပါတယ်။

အရင်ဆုံး နဂါးတွေနဲ့ တာဝန်တွေအကြောင်း အကျဉ်း သွားရအောင် ... ။









 

Nozdormu
Aman'Thul ဆိုတဲ့ Titan က သူ့ရဲ့ အချိန်နဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့ အစွမ်းတချို့ကို ချီးမြှောက်ခဲ့တဲ့ နဂါးပါ။ သူဟာ The Timeless One လို့ title ရပါတယ်။ Bronze Dragon Flight ရဲ့ ခေါင်းဆောင်နဂါးပါ။ အချိန်ယန္တရားကို ထိန်းချုပ်ပြီး Azeroth ကို ကျရောက်မယ့် ဘေးအန္တာရာယ်တွေကို ဖယ်ရှားပေးရတဲ့အတွက် ကာလနဂါးတစ်ကောင်လို့ ပြောရင်လဲ မမှားနိုင်ပါဘူး။ Dragon Blight က Bronze Dragonshrine မှာ အခြေချနေထိုင်ပါတယ်။
Alexstraza
Eonar ဆိုသူ Titan က ရွေးချယ်ခဲ့တဲ့သူမဟာ Red Dragon Aspect ရဲ့ အဓိက နဂါးခေါင်းဆောင်တစ်ယောက်သာမက အားလုံးသော နဂါး မျိုးနွယ်တို့ရဲ့ ဘုရင်မလည်းဖြစ်ပါတယ်။ title က the Life Binder ပါ။ သူမရဲ့တာဝန်ကတော့ Azeroth တစ်ခွင်လုံးရဲ့ သတ္တ၀ါအားလုံးရဲ့ အသက်သွေးများကို စောင့်ရှောက်ဖို့ရာဖြစ်ပါတယ်။ Dragon Blight က Wyrmrest Temple မှာ နေထိုင်ပါတယ်။

Ysera
Eonar ကပဲ ရွေးချယ်ခဲ့သူပါ။ သူမဟာ Alexstraza ရဲ့ ညီမတော်စပ်ပြီး Green Dragon Flight ခေါင်းဆောင် ၊ the Dreamer အဖြစ် ကျော်ကြားပါတယ်။ Nature ကို ထိန်းချုပ်ပြီး Emerland Dream နယ်မြေရဲ့ စိမ်းလန်းရေး အစဉ်ထာဝရ စောင့်ရှောက်သူဖြစ်ပါတယ်။

Malygos
Titan တွေထဲအနက် မှော်စွမ်းအင်အရာမှာအစွမ်းအထက်ဆုံး Titan တစ်ယောက်ဖြစ်တဲ့ Norgannon က ရွေးချယ်ခဲ့တာပါ။ သူ့ရဲ့ အဆုံးအစမဲ့ မှော်စွမ်းအင်တွေကို Blue Dragon Flight ပေါ်ကို တည်စေပါတယ်။ ဒါ့ကြောင့် The Spell Weaver လို့ လူသိများလာပါတယ်။ သူ့ကိုတော့ Nexus က Eyes of the Eternity ဆိုတဲ့ Raid မှာတွေ့နိုင်ပါတယ်။ နောက်ပိုင်း သူသေဆုံးပြီးတဲ့နောက်မှာတော့ Blue Dragon Flight ရဲ့ aspects နေရာမှာ Kalecgos ဖြစ်လာပါတယ်။ Wyrmrest Temple မှာပဲ Alexstraza ရဲ့ ဘေးမှာတွေ့နိုင်ပါတယ်။

Neltharion
ကမ္ဘာတွေကို ထုသွန်းပြုလုပ်တဲ့ Titan ပန်းပုပညာရှင် Khaz'goroth က အနက်ရောင် နဂါး Neltharion ကို ရွေးချယ်ခဲ့ပါတယ်။ အရည်အချင်းပြည့်တဲ့ Naltharion ကို ကမ္ဘာ့မြေအောက် အနက်ရှိုင်းဆုံးနေရာအထိ အုပ်စိုးခွင့် ပေးအပ်ထားပါတယ်။ သူကတော့ Earth Warder ဆိုတဲ့ Title ကိုရရှိပြီး Black Dragonflight ကို ဦးဆောင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Old Gods တွေနဲ့ Burning Legion ရဲ့ သွေးဆောင်မှုကြောင့် ကျန်တဲ့ နဂါးမျိုးနွယ်စုတွေကို ပြန်လည် သစ္စာဖောက်ခဲ့တဲ့ နဂါးတစ်ကောင်ဖြစ်လာပါတော့တယ်။ 

မူရင်းရေးသားသူ  -  J2K 
www.vakok.net/forum မှ ကူးယူဖော်ပြသည်

No comments:

Post a Comment