Vol'jin - The judgment ( အပိုင်း - ၁ )

ငယ်ရွယ်သော troll တစ်ကောင် မိုးရေထဲတွင် ကုတ်ကုတ်ကလေး ဆောင့်ကြောင့်ထိုင်နေသည်၊ သစ်ပင်ကြီးများ၏အောက်တွင် စုပြုံပေါက်ရောက်နေသော ခြုံပင်နှင့်ပင်ငယ်များကြောင့် သစ်တော၏မျက်နှာပြင်တွင် သိသာမှုပို၍အားနဲလာနေသောလမ်းအား မှန်းဆ၍ ရှေ့သို့အချိန်အတော်ကြာအောင်ငေးစိုက်ကြည့်နေ၏။ သစ်ပင်တစ်ပင်လုံးရှိ ထူထဲစွာပေါက်ရောက်နေသောသစ်ရွက်များအား နေရောင်ခြည်သည်မထိုးဖောက်နိုင်သလို လေပြေလေညှင်းသည်လည်း မထိုးဖောက်နိုင်ပေ။ ကျွန်း၏ ဤအပိုင်းအား First home (မူလနေရပ်)ဟုခေါ်ဝေါ်ကြပြီး Shadow hunter (နောက်မှတိတ်တဆိတ် အစဉ်တကောက်ကောက်လိုက်သောမုဆိုး) များနှင့် အရူးများမှတစ်ပါး မည်သူမျှမရောက်ဖူးကြပေ။

Vol’jin သည် Shadow hunter တစ်ယောက်မဟုတ်ပါ။

သူ၏နှာခေါင်းပေါက်နှစ်ခုကြား ရေများ အဆက်မပြတ်ဖြတ်သန်းပြေးလွှားနေသည်ကို သူခံစားနေရသည်။ ထိုအခြင်းအရာသည်ပြင်းထန်သော မိုးရွာသွန်းမှုကြောင့်ဖြစ်ပြီး သူ၏ကျောပြင်သို့လာရောက်ထိမှန်နေသော မိုးရေပေါက်တိုင်းသည် သူ့အား မူလနေရပ် ဆီသို့ တွန်းပို့ပေးနေ၏။ရံဖန်ရံခါ Shadow hunter များပြန်လာတတ်ပြီး အရူးများကတော့ ဘယ်တော့မှပြန်မလာကြပေ။ Vol’jin ၏နောက်၌ အခြားtroll တစ်ကောင်သည် ကြီးမားသော အုန်းရွက်ကြီးတစ်ရွက်အောက်၌ မိုးခိုနေ၏။

Zalazane (ဇာလာဇိမ်)သည်လည်း Shadow hunter တစ်ယောက်မဟုတ်ပါ။

“ ငါတို့ အဆင်သင့်မဖြစ်သေးပါဘူး” ထူထဲသော kommu အသားအပိုင်းအစတစ်ခုကို ဆူညံစွာဝါးစားရင်းမှ Zalazane ပြောလိုက်သည်။ “ စစ်ဆေးဆုံးဖြတ်မှုက ကြီးကြီးမားမားစွမ်းဆောင်ခဲ့ဘူးတဲ့ အသက်အရွယ်ကြီးရင့်တဲ့ trollတွေအတွက်ပဲဖြစ်လိမ့်မယ်။ငါတို့ကတော့ ငယ်ရွယ်ပြီး ဘာမျှမဟုတ်တဲ့သူတွေပဲ”

“သူတို့ငါ့ကို လာပြီးအကဲဖြတ်လိမ့်မယ်ဆိုတာတော့ ကျိန်းသေတယ်၊ ငါ့ကို စမ်းသပ်လိမ့်မယ်။ အဲ့ဒါ ဘာကိုဆိုလိုတယ်ဆိုတာတော့ ငါမတွေးတတ်ဘူး”

”သူတို့ပြောတာတော့ Loa (လိုအာ) က ငါတို့စိတ်တွေကို စမ်းသပ်လိမ့်မယ်တဲ့” အရေးကြီးသည့်အသံဖြင့် Zalazane ပြောလိုက်၏။


” စမ်းသပ်မှုများလိမ့်မယ်လို့ငါကြားတယ်။တကယ်လို့ ငါ့ကိုထိုက်တန်တယ်လို့ တွေ့မြင်ခဲ့ရင်တော့ ငါ Shadow hunter တစ်ယောက်ဖြစ်လာလိမ့်မယ်” Vol’jin ဖြေကြားလိုက်သည်။ ”တကယ်လို့ သူတို့ငါ့ကို မထိုက်တန်ဘူးလို့ တွေ့မြင်ခဲ့ရင်တော့ ဘယ်သူကမှ ငါ့တို့ကိုကယ်နိုင်မှာမဟုတ်ဘူး”

”အို . .သူတို့ငါ့ကိုအထင်ကြီးသွားစေရမယ်။ ဒါပေမယ့် မင်းကိုတော့ ၀ိုင်းလှောင်ကြလိမ့်မယ်”။ သူ ရွှံထဲသို့ အေးအေးလူလူ လမ်းလျှောက်သွားလိုက်ပြီး Vol’jin ၏ဘေးတွင်ရပ်လိုက်၏။ သူတို့တစ်ယောက်ကိုတစ်ယောက်ခဏမျှ ကြည့်နေလိုက်ပြီး ပါးစပ်ကိုကျယ်ကျယ်ဟ၍ ပြုံးလိုက်ကြသည်၊ အစွယ်များကို လှပ်ပြလိုက်၏။ Darkspear village (မှိန်းနက်ရွာ)ကလေးတွင် ဖြတ်သန်းခဲ့ကြသော သူတို့၏ ငယ်စဉ်ကလေးဘ၀ တစ်လျှောက်လုံး၌ ထိုကဲ့သို့သောအမူအယာသည် Vol’jin နှင့် Zalazane တို့ တစ်စုံတစ်ခုကို ထူးထူးခြားခြား ရူးမိုက်စွာ ပြုလုပ်တော့မည့် အမြဲကျိန်းသေသည့် သင်္ကေတတစ်ခုဖြစ်သည်။

ကျယ်လောင်စွာတစ်ချက်အော်လိုက်ပြီး တပြိုင်နက် မစဉ်းစားဘဲ မူလနေရပ် ရှိရာသို့ သူတို့ပြေးသွားကြ၏။ တင်းကျပ်စွာ ဖမ်းချုပ်တတ်သော နွယ်ပင်များနှင့် သစ်မြစ်များကို အရှိန်ဖြင့်ဖြတ်သန်းသွားကြ၏။ ဤနေရာတွင် ဖြတ်သန်းသွားလာလှုပ်ရှားနေကြသော လူများ၊တိရစ္ဆာန်များအားလုံးတို့သည် နှေးနှေးဖြစ်စေ မြန်မြန်ဖြစ်စေ သေဆုံးကြမည်ဖြစ်သော်လည်း သူတို့မှာငယ်ပါသေးသည်၊ ပြီးတော့သူတို့မသေနိုင်လောက်သေးပါ။

သို့သော်ဤနေရာ၌ Loa ရောက်ရှိနေခဲ့၏။ ဤကဲ့သို့သော ရှေးကျသည့် နတ်များသည် နှစ်လိုဖွယ်ကောင်းသော စောင့်ရှောက်မှုဖြင့် သေမည့်ဘေးကို ကျော်လွန်အောင်ပြုလုပ်ပေးနိုင်ကြပြီး ရွေးချယ်စရာမရှိသော ကြောက်မက်ဖွယ် ဘေးဒဏ်ကိုလည်း ပေးနိုင်ကြ၏။ Loa သည် troll တစ်ကောင်၏ မွေးရာပါအမြင်အာရုံကိုဖုံးလွှမ်းလိုက်၍ ရွှံဘက်ဆီသို့ပြေးသွားစေလိုက်၏။ သူတို့၏ သေချာစွာစစ်ဆေးဆုံးဖြတ်မှုသည် ရက်စက်ကြမ်းတမ်း၏၊ အလွန်လျှင်မြန်၏၊ ပြီးတော့ ကြိုတင်မခန့်မှန်းနိုင်ပေ။

Vol’jin နှင့် Zalazane တို့အချိန်တစ်ခုကြာအောင် ပြေးသွားကြပြီး ပထမဆုံးအိမ်၏ ဒဏ္ဏာရီများသည် ပုံကြီးချဲ့ခြင်းများ ဖြစ်နေမလားဟု နှစ်ယောက်စလုံး စတင်၍အံ့သြစပြုလာကြ၏။ သူတို့ ယခုချိန်ထိ မည်သည့် ထူးခြားသည့်အရာ တစ်စုံတစ်ခုကိုမျှ မတွေ့ရပေ။အလွန်ကြီးမားသည့်အရာနှစ်ခုသည် လမ်းကိုပိတ်နေကြ၏။ ရုတ်တရက်မို့ အရှိန်မထိန်းနိုင်မှုနှင့်အတူ သူတို့နှစ်ယောက်စလုံး ဘေးတစ်ဘက်ဆီသို့ လျောသွားကြပြီး သူတို့မမြင်အောင်ဖုံးလွှမ်းထားခဲ့သောအရာကိုစတင်ပြသလိုက်ရာ ကြီးမားသော nambu အသားစားနွယ်ပင်ကြီးတစ်ခု ဖြစ်၏။ အညှိတက်နေသော နှုတ်ခမ်းများသည် ကျယ်လာ၍ သူတို့ကိုစောင့်နေ၏။ ကျယ်ကားလာနေသော နှုတ်ခမ်းပေါက်ထဲတွင် အမျှင်နှင့်ဖွဲ့စည်းထားသောသွားများသည် အားထက်သန်စွာလူးလွန့်နေပြီး ထိုအချိန်၌် Vol’jin သည် အရှိန်မရပ်တန့်နိုင်ခဲ့ပေ။ အသားစားနွယ်ပင်နှင့်လွတ်ရာဘယ်ဘက်ဘေးသို့ သူ့ကိုယ်သူတိမ်းချလိုက်၏။

လမ်းကြောင်းပြောင်း၍ မြင့်မားပြီး မာကျောခက်ထန်ဟန်ရှိသောအရာတစ်ခုဆီသို့ မထိမ်းနိုင်ဘဲ လျောထွက်သွား၏။ ပုံမှန်မတွေးနိုင်သေးသောသူ၏ခေါင်းကိုခါယမ်းလိုက်ပြီး ဒယီးဒယိုင်ဖြင့်သူနောက်သို့ ပြန်လျှောက်လာ၏။ ထိုတစ်စုံတစ်ခုသောအရာသည် သူရှိရာသို့လှည့်လာနေပြီး သူသိလိုက်ရသည်မှာ အလွန်ကြီးမားသော raptor (သားစားကြုတ်)တစ်ကောင်ဖြစ်ပြီး သူမြင်ဖူးခဲ့သမျှအကြီးဆုံးထက်အလွန်ကြီးမား၏။ သူနောက်သို့ဆုတ်လာလိုက်ပြီး သူ၏အနောက်တစ်နေရာရာ၌ရှိနေသော အသားစားနွယ်ပင်ကိုလည်း သတိထားနေ၏။ သူ Zalazane ၏ထူးဆန်းသော အသံတိုးတိုးထွက်ပေါ်နေသည်ကို ကြားနေရသော်လည်း လူကိုမူမျက်ခြေပြတ်နေ၏။

သားစားကြုတ်သည် လျှင်မြန်စွာလှုပ်ရှား၍ Vol’jin ရှိရာဘက်သို့ ခေါင်းငုံ့ကြည့်လိုက်ပြီး သူ၏ဘယ်ဘက်မှာမှန်း ရုတ်တရက်နားလည်လိုက်၏။ အလွန်ကြီးမားသောမေးရိုးများသည် လျှက်တစ်ပြတ်စေ့သွားပြီး ထိုနေရာ၌ပင် ရပ်နေသေး၏။ သတ္တ၀ါကြီး၏ စေ့ထားသောပါးစပ်အကွဲကြားမှ သွားရည်များအတွဲလိုက်စီးကျနေ၏။ အသားစားနွယ်ပင်သည် လှုပ်ရှားမှုတစ်ခုကို လျှက်ပြက်သလို လျှင်မြန်စွာလုပ်လိုက်၏၊ သားစားကြုတ်ကို ကိုက်ထားလိုက်ပြီး ဆုတ်ပြဲသွားသော အသားစထဲသို့ အဆိပ်များကို ကန်တော့ဖြင့်ထည့်သလို လောင်းထည့်လိုက်၏။ အာရုံထွေပြားသွားခြင်း၏ အကျိုးအမြတ်ကိုရယူရန်အတွက် Vol’jin ၌ အနည်းငယ်သော နှလုံးခုံချိန်လောက်သာရရှိပြီး သူ၏လက်နက်ကိုဆွဲကာ အသားစားနွယ်ပင်တလျှောက်ပတ်လာလိုက်၍ အခြေအနေကို ချင့်တွက်နေ၏။ အသားစားနွယ်ပင်မှ ဝေးကွာသောဘေးတစ်ဖက်တွင် Zalazaneရောက်ရှိနေပြီး alchu ဂျပိုးများ၏ အသိုက်တစ်ခုအတွင်း၌ ရိုက်နှက်လျှက်ရှိပြီး သူ့ကိုယ်ပေါ်သို့ အုပ်လိုက်တက်လာ၍ ကိုက်ခဲခြင်းဖြင့် စူးရှနာကျင်စေ၏။ အချိန်တစ်ခုကြာသည်အထိ သူအကူအညီရလိမ့်မည် မဟုတ်ပေ။
 မူလရေးသားသူ - ForHorde 
www.vakok.net/forum မှ ကူးယူဖော်ပြထားသည်.။ 

No comments:

Post a Comment