Vol'jin - The Judgment ( အပိုင်း - ၂ )

Vol'jin - The Judgment  ( ၂ )


အသားစားနွယ်ပင်ကို သားစားကြုတ်သည် မြေပြင်မှရုတ်တရက်ကြမ်းတမ်းစွာ ဆုတ်ဖြဲလိုက်သည်၊ အမြစ်များကိုဖျက်ဆီးလိုက်ပြီး အဝေးသို့ပြင်းထန်စွာကိုင်ပေါက်လိုက်သည်။ သတ္တ၀ါကြီး၏ ကျဉ်းမြောင်းနေသော၊ ဒေါသထွက်နေသော မျက်လုံးများသည် Zalazane ပေါ်သို့ရောက်ရှိသွား၏၊ troll ၏ ကြောက်လန့်၍ အလျင်စလိုနိုင်သော လှုပ်ရှားမှုများသည် သူ့ကိုဆွဲဆောင်နေ၏။

ဤနေရာတွင် အချိန်မရပေ။ Vol’jin သည် warcry (ယှဉ်ပြိုင်မှုအတွက် အော်မည်သံ)ကို ပြုလုပ်လိုက်၏၊ သူ၏လက်နက်ကိုရုတ်တရက် ရှေ့သို့အားဖြင့်ပစ်လိုက်၏။ အသားဆုတ်ပြတ်သွား၏၊ Vol’jin သည်သားစားကြုတ်၏ အနောက်၌ သွေးစက်လမ်းကြောင်းတစ်ခုဖြစ်ပေါ်စေခဲ့၏။ ဒေါသဖြင့်ခြောက်ခြား၍ ကျယ်လောင်စူးရှစွာ အော်မည်လိုက်၏၊ ပတ်ဝန်းကျင်သို့ပဲ့တင်ထပ်သွားသည်၊
Vol’jin ခြုံပင်တောကြီးထဲသို့ ခေါင်းဖြင့်တိုးဝှေ့ဝင်လိုက်၏။ Vol’jin ဘာကိုမှမမြင်ရတော့၊ မိုးရေများဖြင့်စွတ်စိုနေသော သစ်ရွက်များက သူ့မျက်နှာသို့ စုပြုံ၍ကပ်နေကြ ပြီး သတ္တ၀ါကြီး ရဲ့ တဟုန်ထိုးတိုက်ခိုက်မှုကြောင့် ထိုကဲ့သို့ မြေပြင်လှုပ်ခါနေသည်ကို သူခံစားနေရ၏။ သူနောက်သို့ပြန်လျှောက်လာလိုက်ပြီး ညာဘက်သို့သွားလိုက် သော်လည်း သတ္တ၀ါကြီး၏ မေးရိုးများသည် နောက်တစ်ဖန်သူ့နားရောက်လာသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏မျက်နှာမှ သစ်ရွက်များရှင်းလင်းပြီးချိန်တွင် သားစားကြုတ်သည် ထင်မှတ်မထားဘဲ နောက်ပြန်၍ သူ့ရှိရာတစ်ဖန် ပြန်လာနေသည်ကို တွေ့လိုက်ရပြန်သည် ။

သားစားကြုတ်၏ အခြားတစ်ဖက်တွင် Zalazane သည်အော်ဟစ်သံနှင့် ဆူညံ့သံများပြုလုပ်နေသည်ကို ကြားနေရ၏။

Vol’jin နောက်သို့ လျှင်မြန်ခဲယဉ်းစွာ ဆုတ်လိုက်သည်၊ သတ္တ၀ါကြီးဆီမှအဝေးသို့လဲ မသွားရဲပေ။  Zalazane သည်အခြားတစ်ဖက်မှ သတ္တ၀ါကြီးအားတိုက်ခိုက်နေ သည်ကို လည်း သူမြင်နေရသည် ။သားစားကြုတ်သည်သူ၏ အမြီးအား အောက်ဖက်ဆီသို့ လှုပ်ရမ်းလိုက်ပြီး Zalazane ၏ ခြေထောက်ကို သူ့အောက်ဆီသို့ဆွဲယူလိုက်၏။ ကျွမ်းကျင်မှုဖြင့် လှုပ်ရှားရန် Vol’jin မှာ အချိန် စက္ကန့်ပိုင်းမျှသာရှိတော့ သည်။

သူ သားစားကြုတ်ဆီသို့အမြန်ခုန်ဝင်လိုက်ပြီး သူ၏ရှည်လျားသောလက်တံများဖြင့် ထိုသတ္တ၀ါကြီး၏ လည်ပင်းတစ်လျှောက်ဖက်ထားလိုက်၏။ ကြောက်မက်ဖွယ်ကောင်းသောထိုခဏတာအတွက် သူ၏မျက်နှာကို သတ္တ၀ါကြီး၏ အောက်မေးရိုးဆီဖိကပ်ထားလိုက်ကာ လည်ပင်းတစ်လျှောက်တွယ်ဖက်တက်လိုက်ပြီး သတ္တ၀ါကြီး၏ ကျောရိုးဆီမှထိုးထွက်နေသောဆူးချွန်များကို ဒူးဖြင့်ဖိညှပ်ထားလိုက်လေ၏။

သားစားကြုတ်သည် ကျယ်လောင်သောအသံကို ပြု ပြီး   ခြေစုံပေါက်လိုက် သောကြောင့် Zalazane ကသူ့ခြေထောက်ကို အမြန်ရုတ်သိမ်းလိုက်ပြီး သူ၏တောင်ဝှေးကို သတ္တ၀ါကြီး၏ ခြေသည်းများအောက်သို့ထိုးထည့်လိုက်လေသည်။ 
" ဖြောင်း!!  " သတ္တ၀ါ ကြီးဆီမှ  အရိုးကျိုးသွားသည့် အသံကို Vol'jin့ ကြားလိုက်ရသည်. ။ လည်ပင်းကိုပို၍တင်းကျပ်စွာဖက်ထားလိုက်ပြီး သူ၏လက်နက်ကို သတ္တ၀ါကြီး၏ လည်မျိုဆီသို့တင်ထားလိုက်၏။

သားစားကြုတ်သည် Vol’jin ကိုလက်လျှော့လိုက်ပြီး Zalazane ဆီသို့ သူ၏ကျိုးနေသောခြေထောက်ကို ဒရွတ်တိုက်ဆွဲ၍ သွားနေ၏  ။ Zalazane  မှာ အနောက်ဘက်ဝေးရာသို့ ဖြေးညှင်းစွားဆုတ်ခွါနေရ၏ ။ ထိုစဉ်........Vol’jin မှာသတ္တ၀ါကြီး၏ ဆန့်တင်းနေသော ကြွက်သားများနှင့် လည်ရစ်များကို သတိပြုမိလာ ပြီး   စဣန့်အနည်းငယ်ကြာ တဲ့ ထိ သေချာအောင် အတည်ပြုဆုံးဖြတ်ပြီးချိန်မှာတော့...

Vol’jin  သည် ခိုင်မာသော ဆုံးဖြတ်ချက် ဖြင့် သူ၏လက်နက်ကို လျှင်မြန်စွာဆွဲချလိုက်သည်၊ ကြွက်သားနှင့် လည်ပင်းသွေးလွှတ်ကြောထဲ နစ်ဝင်သွားသည်ဟု သူခံစားလိုက်ရ၏။ စက်ဝိုင်းဖြတ်ပုံနစ်ဝင်နေသော သူ၏လက်နက်ကို ဆွဲထုတ်လိုက်သည်နှင့် အနီပုပ်ရောင်သွေးများသည် ပြင်ပသို့ပန်းထွက်သွားကြ၏။ သားစားကြုတ်သည် ဦးစွာ တစ်ဖက်သို့ ရုန်းကန်လိုက်ပြီး ထို့နောက်အခြားတစ်ဖက်ရှိ  Zalazane ၏ ခြေထောက် နှင့် ရှေ့လက်မ အနည်းငယ် ရှိ   မြေပေါ်သို့လဲကျသွားလေတော့သည်။ Vol’jin  မှားလည်း လွတ်ရာသို့လျှင်မြန်စွာရှောင်တိမ်းလိုက်ရတော့သည်။

သတ္တ၀ါကြီး၏ သေဆုံးပြီးခဏမျှလှုပ်ရှားနေသည်ကိုလျစ်လျူရှု၍ Zalazane သည်သွေးများပန်းထွက်နေသော လည်မြိုဆီသို့ လျှောက်သွားလိုက်၏။ သူ၏လက်များကိုယှက်၍လက်ခုပ်ပြုလုပ်လိုက်သည်၊ သားစားကြုတ်၏သွေးများကို ခပ်လိုက်၏၊ သူ့မျက်နှာတစ်ပြင်လုံးကိုသွေးဖြင့်ဖုံးအုပ်လိုက်သည်။

“မင်းဘာလုပ်တာလဲ ?“ Vol’jin မေးလိုက်၏။

“အောက်လမ်းပညာတွေအသုံးပြုမလို့၊” Zalazane ဖြေလိုက်၏၊ သွေးမျက်နှာဖုံးပေါ်ရှိ အဆုံးသတ်ခြယ်သမှုတစ်ခုကို ပြုလုပ်လိုက်ပြီး သူ၏လက်ချောင်းများကိုလျှာဖြင့်လျက်လိုက်၏။

“မကောင်းဆိုးဝါးကြီးတစ်ကောင်ရဲ့ သွေးနံ့မျိုးရအောင်ငါတို့ လုပ်ရမယ်။ငါတို့လဲ သေဆုံးခြင်းနဲ့ အန္တရာယ်ရဲ့ အနံ့အသက်မျိုးဖြစ်လိမ့်မယ်။“Zalazane ပြောလိုက်၏။ သူရုတ်ချဉ်းပင် ဆရာကြီး Gadrin ကဲ့သို့လုပ်နေ၏၊ Darkspear များ၏ အကြီးအကဲ Witch doctor (စုန်းအတတ်ဖြင့် ဆေးကုသသည့်ဆေးဆရာ)ဖြစ်ပြီး အသံမှာ ယုံကြည်မှုရှိနေ၏။

Vol’jin သေဆုံးနေသောသတ္တ၀ါကြီးမှ ယခုတိုင်စီးကျနေသေးသော သွေးအနည်းငယ်ကိုသွား၍ ယူလိုက်ကာ ပူနွေး စေးကပ်နေပြီး ပြင်းထန်စူးရှုလွန်းတဲ့ အနံ့သက်တွေနှင့်  သွေးများကိုသူ့မျက်နှာပေါ်ဖြတ်၍ ဖုံးအုပ်ထားလိုက်လေ တော့၏............


* * *


ညဉ့်ဘက်သို့ ရောက်လာလေပြီ။ တောအုပ်မှာနေ့ဘက်ရောညဉ့်ဘက်မှာပါ မှောင်မိုက်လျက်ရှိပြီး ညရောက်မှန်း Vol’jin သိခြင်းမှာ ဒေါသထွက်နေသော အင်းဆက်ပိုးကောင်အုပ်များ၏ တစီစီအော်မည်သံများ လှိုင်းလုံးကြီးများကဲ့သို့ လှိမ့်ဝင်လာခြင်းနှင့် လေထုထဲတွင်အေးစိမ့်လာမှုကြောင့်သာ ဖြစ်၏။ ခြင်များမှာ သူ၏လက်သီးဆုပ်လောက်ရှိပြီး သွေးစုပ်ခံရမည့် သတ္တ၀ါကို လိုက်ရှာနေကြ၏။ Vol’jin နှင့် Zalazane အထက်သို့ပြေပြေကလေးလျှောတက်သွားသော တောင်ထွတ်တစ်ခု၏အပေါ်၌ ထိုင်နေခဲ့၏။ ချွန်ထက်သောအစွန်းများရှိသော ကျောက်သွားများနှင့်အတူ နောက်တစ်ဖက်သို့ မတ်စောက်စွာကျပြီး အဆုံးသတ်ထား၏။ သူတို့၏ခြေထောက်များနာကျင်လာသည်အထိ လမ်းလျှောက်ခဲ့ပြီး နှာခေါင်းပိတ်စပြုလာ၏။ လေထုမှာစိုထိုင်းထူထဲပြီး ငြိမ်သက်နေ၏။
“ဒါထူးဆန်းတဲ့စမ်းသပ်မှုတစ်ခုပဲ“ အသံကိုသတိထားပြီး Zalazaneတိုးညှင်းစွားပြောလိုက်၏ ၊ “ငါတို့ တချိန်လုံးလမ်းလျှောက်လာခဲ့ပြီး သတ္တ၀ါကြီးတွေကိုလဲ သတ်ခဲ့တယ်။ Loa ကဘယ်မှာလဲ ? “

Vol’jin တစ်စုံတစ်ခုပြန်ပြောရန်ပြင်လိုက်စဉ် သူ၏ကျောရိုးဆစ်များ ချမ်းစိမ့်သွားပြီး တစ်စုံတစ်ခုရှိနေသည်ကို သူခံစားမိနေ၏။ ထိုတောင်ထွတ်ပေါ်၌ သူတို့နှင့်အတူ Loa တစ်ပါးလည်းရှိနေ၏။ သူထိုအရာကိုမမြင်ရပေ၊ ပြီး သူထိုအရာကို အနံ့မရပေ၊ သို့သော်သူ၏ လည်ပင်းနောက်ဘက်ရှိဆံပင်များက ထိုအရာရှိနေသည်ကို ပြောပြနေ၏။ Zalazane ကိုတစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲ၌လည်း ထင်ရှားစွာဖြင့်မကောင်းသည့်အရိပ်အယောင်များ တူညီစွာပင်ပြသနေ၏။

ထို့နောက်နာကျင်မှုတစ်ခုကိုခံစားလိုက်ရ၏။ အရိုးကျိုးခြင်း သို့မဟုတ် ဓားဖြင့်ထိုးခံရခြင်းထက် ပို၍ဆိုး၏။ Vol’jin ခံစားဖူးခဲ့သမျှသောနာကျင်မှုများထက် ပို၍ ထူထဲပြီး နက်နဲ၏၊ ထိုနာကျင်မှုသည် သူ့စိတ်ကိုလွှမ်းမိုးသွားပြီ၊ စဉ်းစားတွေးတောရန်မဖြစ်နိုင်တော့ပေ။............

 Vol'jin - The Judgment ( အပိုင်း ၃ )
မူလရေးသားသူ - ForHorde 

www.vakok.net/forum  မှကူးယူုဖော်ပြသည်။
( အနဲငယ်ဖြည့်စွက် ပြင်ဆင်ထားသည် )

No comments:

Post a Comment