Hallowed Be Thy Name

Hallowed Be Thy Name

Hallowed Be Thy Name ဆိုတဲ့ achievement ရဖို့ အတွက် achievement ၁၁ ခုလိုအပ်ပါတယ် . . .
လိုအပ်တဲ့ achievement တွေ ကတော့ . . .

- Trick or Treat!
- Bring Me the Head of... Oh Wait
- That Sparkling Smile
- G.N.E.R.D. Rage
- The Masquerade
- Tricks and Treats of Azeroth
- Out With It
- The Savior of Hallow's End
- Rotten Hallow
- Check Your Head
- Sinister Calling

 

တို့ ပဲ ဖြစ်ပါတယ် . . . လုပ်ရတာ လွယ်ကူတဲ့ event တစ် ခုလို့ ပြောရင်လည်း မမှား ပါဘူး။


1 ) Trick or Treat!

Inn တွေ ရဲ့ innkeeper အနီးနား မှာ ဖရုံသီးပုံစံ ရှိပြီး အ၀ါ ရောင် question mark ? လေးတွေ နဲ့ . . . Candy Buckets လေးတွေ ရှိပါတယ်။ အဲ့ Candy Bucket တွေ ဆီ ကနေ [Handful of Candy] လေးတွေ ရပါမယ် . . . အဲ့ဒီ [Handful of Candy] လေး တစ်ခု ရတာနဲ့ တင် achievement ရပါပြီ။ အဲ့ လို Candy Buckets တွေ က နေ [Handful of Candy] လေးနဲ့ အတူ 6 gold နဲ့ 63 silver ကိုပါရရှိ ဦးမှာ ဖြစ်ပါတယ်။

2 ) Bring Me the Head of... Oh Wait

Scarlet Monastery ရဲ့ Graveyard မှာ summon ရတဲ့ Headless Horseman ကို သတ်ရုံပါပဲ။ Group နဲ့ ပဲ ဖြစ်ဖြစ် တစ်ယောက် တည်းပဲ ဖြစ်ဖြစ် Headless Horseman သေသွားတာ နဲ့ achievement ရပါပြီ။

Headless Horseman ကို အရင် က လို... ဆက်တိုက် summon လို့ မရတော့ ဘူးဆိုတာ ကတော့... ဒီ patch မှာ ပြန်ကောင်း သွားတာ ဖြစ်ပြီး.. တစ်နေ့ ကို တစ်ခါ သာ daily quest နဲ့ summon လို့ ရတော့ မှာ ဖြစ်ပါတယ်...
ဒါပေမယ့်... Party invite ပြီး ချမယ် ဆိုရင်တော့... boss summon တဲ့ daily quest ကို မလုပ်ရ သေးတဲ့ Player တစ်ယောက် ပါတိုင်း... Party ထဲမှာ ရှိသမျှ players အကုန် ချ လို့ ရပါသေးတယ်...

3 ) That Sparking Smile

Handful of Candy ထဲ ကရမယ့် . . . [Tooth Pick] ဆိုတဲ့ item လေးကို click ပြီး အသုံးပြုလိုက်ရုံနဲ့ ရရှိမယ့် achievement ဖြစ်ပါတယ်။

4 ) G.N.E.R.D. Rage

Handful of Candy ထဲနေ ပဲရတဲ့ [G.N.E.R.D.S.] ဆိုတဲ့ defense rating 5 တက် တဲ့ item လေးကို အသုံးပြု ပြီးတော့
honorable kills 50 ရအောင်လုပ်ရမှာပါ . . . ခု Pandora မှာ Bg တွေ က အမြဲ လိုလို ခေါ်နေတာ ဆိုတော့ . . . လုပ်ရတာ လွယ်ကူပါလိမ့်မယ်။

5 ) The Masquerade

ဒီ achievement လေးက . . . Innkeeper တွေ ဆီကနေ Trick or Treat! လုပ်လို့ ရတဲ့ [Treat Bag] လေးတွေ ရယ် . . . Candy Bucket လေးတွေ ကနေ ရတဲ့ [Handful of Candy] လေးတွေ ဆီ ကနေ . . . ရမယ့် << [Hallowed Wand - Ghost] [Hallowed Wand - Leper Gnome] [Hallowed Wand - Pirate] [Hallowed Wand - Skeleton] [Hallowed Wand - Bat] [Hallowed Wand - Ninja] [Hallowed Wand - Wisp] >> လေးတွေ နဲ့ party invite လုပ်ပြီး အချင်းချင်း ပြောင်းပေးရမှာပါ။ တစ်ခု သတိထားရမှာ က ကိုယ့် ဟာ ကိုယ် ပြောင်းလို့ မရပါဘူး။ သူများ က နေပြီးတော့ မှ ကိုယ့် ကို ပြောင်းပေးမှ ရမှာပါ။ အဲ့ တော့ Wand ရှိတဲ့ သူအချင်းချင်း အကူအညီ ပေးလို့ ရပါတယ်။

P.s တစ်ချို့ wand တွေ က ပုံမပြောင်းသွားပါဘူး။ ဒါပေမယ့် achievement အတွက်တော့ လုပ်လို့ ရပါတယ်။

6 ) Tricks and Treats of Azeroth

ဒီ achi အတွက် ကတော့ . . .

[Tricks and Treats of Kalimdor]
[Tricks and Treats of Eastern Kingdoms]
[Tricks and Treats of Outland] ဆိုတဲ့ achi ၃ခု လိုပါမယ်။ ဒီ achi လေးတွေ ကလဲ လုပ်ရတာ လွယ်ကူပါတယ်။
achi တစ်ခု ချင်းစီ မှာ ပြောထား တဲ့ location လေးတွေ စီကို သွားပြီး Candy Buckets လေးတွေ ဆီ ကနေ [Handful of Candy] လေးတွေ သွားယူ ရုံပါပဲ . . . map ကြည့်ပြီးသွားမယ်ဆိုရင် အဆင်ပြေမှာပါ။

7 ) Out With It

ဘာမှ ထွေထွေ ထူးထူးလုပ် စရာမလိုပါဘူး။ [Handful of Candy] လေးတွေ ကနေ ရမယ့် [Tricky Treat] လေး ၄ ခုစားတာ နဲ့ achievement ရပါပြီ။

8 ) The Savior of Hallow's End

အောက်က daily quest ၂ ခု ထဲ က တစ်ခု ပြီးတာ နဲ့ achievement ရပါပြီ။ ဒါပေမယ့် လက်ရှိ Pandora မှာ bug နေပါတယ်။ မ bug ဘူးဆိုရင်တော့ တော်တော့် ကို ပျော်ဖို့ ကောင်းတဲ့ quest လေးတစ် ခု ဖြစ်မှာပါ။

Horde မှာဆိုရင် Undercity ရှေ့ က Brill ဆိုတဲ့ ရွာလေးမှာ Masked Orphan Matron ဆိုတဲ့ NPC က နေရ ယူလို့ ရပါမယ်။

Alliance အတွက် ကတော့ Stormwind မြို့တော် တည်ရှိရာ Elwynn Forest ရဲ့ လမ်းဆုံ မှာ ရှိတဲ့ Goldshire ဆိုတဲ့ ရွာလေး မှာ Costumed Orphan Matron ဆိုတဲ့ NPC ကနေယူလို့ ရမှာပါ။

"Let the Fire Come!"
"Stop the Fires!"

Bug နေတာ ဆိုတော့ . . . ticket တင်ပါ . . . Gm တွေလုပ်ပေးပါလိမ့်မယ်၊

9 ) Rotten Hallow

Horde အတွက် ဆိုရင် . . . Darkcaller Yanka ဆို တဲ့ NPC က နေ ပြီးတော့ . . . quest ၂ ခု ပေးပါလိမ့်မယ် . . . Darkcaller Yanka ဆို တဲ့ NPC က . . . Tirisfal Glades ကနေ Silverpine Forest ကို သွားတဲ့ လမ်းဘေးမှာ ရှိပါတယ်။ Undercity နဲ့ ကပ်ရပ်ဘက်မှာပါ။


[Stinking Up Southshore]
[Rotten Eggs] ဆိုတဲ့ quest ၂ ခုပါ။

[Stinking Up Southshore] ဆိုတဲ့ q က Hillsbrad Foothills က Southshore ဆိုတဲ့ Alliance camp မှာ [Forsaken Stink Bomb Cluster] ဆို တဲ့ q item လေးကို ၃ ခါ သုံးရမှာပါ။

[Rotten Eggs] ဆိုတဲ့ q ကတော့ . . . ဘာမှ လုပ်စရာ မလိုပဲ
South shore camp ရဲ့ Inn ထဲ က Innkeeper Anderson ရဲ့ အနောက် မှာ ရှိတဲ့ . . . Kegs တွေ ထဲက အပေါ်ဆုံး Keg မှာ q အပ်ရမှာ ဖြစ်ပါတယ်။ ပုံကတော့ အောက်မှာ ပြထားပါတယ်။


[Rotten Eggs] ဆိုတဲ့ q ကို အပ်ပြီးရင် . . . အပ် လိုက်တဲ့ Keg ကနေပဲ [Ruined Kegs] ဆိုတဲ့ q ပြန်ပေးမှာ ဖြစ်ပါတယ်။ အဲ့ q ကို Darkcaller Yanka ဆီ မှာ ပြန်အပ်လိုက်ရင် Horde အတွက် [Rotten Hallow] ဆိုတဲ့ achievement ရပါပြီ။

Alliance အတွက်ကတော့ Alliance camp Southshore မှာ ပဲ Sergeant Hartman ဆိုတဲ့ Npc ရှိပါတယ်. . . အဲ့ NPC ကနေ

[Crashing the Wickerman Festival]
[The Power of Pine] ဆိုတဲ့ quest ၂ ခု ပေးပါလိမ့် မယ်. . .

[Crashing the Wickerman Festival] ကတော့ အပေါ်မှာပြောထား တဲ့ Darkcaller Yanka ဆိုတဲ့ Npc ရှိတဲ့နေရာ ကို သွားရောက် ထောက်လှမ်း ရုံပဲဖြစ်ပါတယ်။

[The Power of Pine] ကတော့ . . . q ရရခြင်းပဲ [Stink Bomb Cleaner] ဆိုတဲ့ q item ကို အသုံးပြု လိုက်တာ နဲ့ quest ပြီးမြောက်သွားပါပြီ။
အထက် ပါ quest ၂ ခု လုံးပြီးဆုံးပြီဆိုရင်တော့ . . . [Rotten Hallow] ဆို တဲ့ achievement ကို ရရှိပါပြီ။

10 ) Check Your Head

ဒီ achievement ကတော့ [Weighted Jack-o'-Lantern] လေးတွေ ကို . . . Horde/Alliance race 10 မျိုးကို target ထောက်ပြီး အသုံးပြုရုံ ပါပဲ။ [Weighted Jack-o'-Lantern] လေးတွေ ကို Headless Horseman ကို သတ်ရင်းနဲ့ ရရှိနိုင်ပါတယ်။

11 ) Sinister Calling

Sinister Squashling ဆိုတဲ့ companion လေးရယ် Hallowed Helm ဆိုတဲ့ ခေါင်းစွတ်လေး ရယ် . . . အဲ့ ၂ ခု ရရင် achievement ရပါပြီ။

အဲ့ item ၂ ခု လုံးဟာ Headless Horseman ကို သုတ်သင် ရှင်းလင်း ပြီးတဲ့ အခါ မှာ ကျတဲ့ item တွေ ထဲမှာပါ ပါတယ် . . . chance နဲ့ ကျ တာ ဖြစ်တဲ့ အတွက် နဲနဲ တော့ စိတ်ရှည် ရပါမယ်။ ကံကောင်းရင် တော့ . . . Trick or Treat! လိုက်လုပ်ရင်းနဲ့ ရမယ့် . . . [Treat Bag] လေးတွေရယ် ဒါမှမဟုတ် Candy Buckets လေးတွေ ကနေရတဲ့ [Handful of Candy] လေးတွေ စီ ကနေ လဲ ကျတက်ပါတယ်။ ဒါကတော့ . . . ကိုယ့်ရဲ့ကံ အပေါ်မှာပဲ မူတည်တာပေါ့နော် . . .


အပေါ်မှာ ရေးခဲ့တဲ့ . . . Achievements တွေ အကုန် ရပြီဆို ရင်တော့ . . . <name> the Hallowed ဆိုတဲ့ title လေး ကိုလက်ဝယ် ပိုင်ဆိုင်နိုင်ပါပြီ။ မသိတာတွေ ရှိရင် . . . Gm တွေ ကို ticket တင်ပြီးမေးမြန်းနိုင်ပါတယ် . . . 
 
ရေးသားသူ -  Bladez ( Vakok )

No comments:

Post a Comment