Arena Point System

Arena အကြောင်းသိသလောက်လေး ရှင်းပြပါ့မယ်
Arena အသင်းက အမျိုးအစားပေါင်း ၃ မျိုး ရှိပါတယ် 2 Vs 2, 3 Vs 3 and 5 Vs 5 ရှိပါတယ် ...
အရင်ဆုံးအသင်းကို စတင်ဖွဲ့ စည်းရာမှာ 2 Vs 2 Team ဆို အနည်းဆုံး ၂ ယောက် 3 Vs 3 ဆို ၃ ယောက် 5 Vs 5 ဆိုရင် ၅ ယောက် လိုအပ်ပါတယ်
အများဆုံးထားနိုင်တဲ့ Member အရေအတွက်ကတော့ 2 V 2 = 4member , 3 V 3 = 6 Member , 5 V 5 = 10member ဖြစ်ပါတယ်
ကိုယ်ဖွဲ့ ချင်တဲ့အသင်းဟာ ဘယ်အမျိုးအစားမှာလဲ ဆိုတာ အရင်စဉ်းစားပြီးတော့ စိတ်တူကိုယ်တူ Class လေးလဲ မျှမျှ တတ ကစားတဲ့အချိန်လဲတူ တဲ့လူတွေရပြီဆိုရင် အရင်ဆုံး အသင်းဖွဲ့ ခင် Form သွားဝယ်ရပါတယ်
အဲ့ဒါတွေကတော့ Dalaran ရဲ့ Duel ကွင်းလို့ ခေါ်ခေါ်နေကျတဲ့ Under Belly မှာပါ Arena Organizer တွေဆီမှာ ကျသင့်ငွေသွင်းပြီး ၀ယ်ယူပြီးသွားရင် Sign Character တွေ လုပ်ပြီး From ပြန်တင်လိုက်ပြီဆိုရင် သင့်မှာ Arena အသင်းတစ်ခုပိုင်ဆိုင်သွားပါပြီ...
Arena အသင်းတစ်ခုပိုင်ဆိုင်သွားပြီဆိုရင် Arena ချတဲ့နေရာမှာ Group Vite ပြီးချရပါမယ် ဥပမာ အနေနဲ့  3 Vs 3 Team တစ်ခုထားပါတော့
Team ရဲ့အများဆုံး ထားနိုင်တဲ့ Member အရေအတွက် ၆ ယောက်ပါ
A B C D E F ဆိုတဲ့ Player ၆ ယောက် Team မှာရှိပါတယ် A , B and C က အွန်လိုင်းပေါ်မှာရှိနေပြီ ၃ ယောက်လုံးက လဲ Arena ချဖို့ စိတ်ပါပြီ ဆိုရင် Group တစ်ခုလုပ်ပြီး ၀င်ရောက် ယှဉ်ပြိုင်နိုင်ပါပြီ ယှဉ်ပြိုင်နည်းကတော့ အရင်ဆုံး Group လုပ်ပြီးရင် Arena Organizer တွေဆီမှာ သွားပြီး 3 Vs 3 Rating Match မှာ Join as Group ဆိုပြီး သင့်အသင်း ရဲ့ ယှဉ်ပြိုင်ရမဲ့အချိန်ကိုစောင့်ဆိုင်းပြီး ၀င်ရောက်ယှဉ်ပြိုင်ရုံပါပဲ

Arena ရဲ့အမှတ်ပေးပုံတွေကတော့ ဒီလိုပါ
သင်ဟာ အနည်းဆုံး Arena Season တစ်ခုမှာ ပွဲ ၁၀ ပွဲ ကစားထားရမှာဖြစ်ပါတယ် ပြီးတော့ အသင်းက ကစားသမျှပွဲတွေရဲ့ 30% ဟာ သင်ပါဝင်ယှဉ်ပြိုင်ထားရမှာဖြစ်ပါတယ်
ခုနက အသင်းလေး ပဲထားပါတော့ A B C D E F ၆ ယောက်ရှိတယ်ပေါ့ အသင်းရဲ့ကစားတဲ့ပွဲဟာ ပွဲ ၅၀ ကစားဖြစ်ခဲ့တယ်ဆိုပါစို့ 
A B and C သုံးယောက် တစ်ဖွဲ့ ကစားတဲ့ပွဲက ပွဲ ၃၀ ဆော့ဖြစ်ကြတယ်
C က အဲ့ဒီနေ့ က မအားလို့  D နဲ့  ကစားတာက ၁၀ ပွဲ ပေါ့ A B and D က ၁၀ ပွဲကစားတယ်ပေါ့
နောက်ထပ်တစ်ရက်မှာ B ရော C ရော မအားလို့  D နဲ့  E ကိုခေါ်ပြီး A က ၁၀ ပွဲ ကစားလိုက်တယ်...
ဒါဆိုရင် A ကစားတဲ့ စုစုပေါင်းပွဲ အရေ အတွက်က ပွဲ ၅၀ (100%) ပေါ့
B ကစားတဲ့ စုစုပေါင်းပွဲ အရေ အတွက်က ပွဲ ၄၀ (80%) ပေါ့
C ကစားတဲ့ စုစုပေါင်းပွဲ အရေ အတွက်က ပွဲ ၃၀ (60%) ပေါ့
D ကစားတဲ့ စုစုပေါင်းပွဲ အရေ အတွက်က ပွဲ ၂၀ (40%) ပေါ့
E ကစားတဲ့ စုစုပေါင်းပွဲ အရေ အတွက်က ၁၀ ပွဲ (20%) ပေါ့
F ကစားတဲ့ စုစုပေါင်းပွဲ အရေ အတွက်က လုံးဝ မရှိတော့ 0% ပေါ့
F က ပွဲလုံးဝ မကစားတဲ့အတွက် သူအတွက် Arena Point လုံးဝ မရဘူးဆိုတာ သင်လွယ်လွယ်ကူကူနဲ့ နည်းလည်နိုင်ပါလိမ့်မယ်
E က ၁၀ပွဲကစားရမယ်ဆိုတဲ့ အတွက် ၁၀ ပွဲတော့ ကစားလိုက်ပေမဲ့ သူကစားထားတဲ့ပွဲအရေ အတွက်ဟာ အသင်းရဲ့ ကစားတဲ့ပွဲအရေအတွက်ရဲ့ 30% ကို မကျော်ခဲ့ပါဘူး ဒါကြောင့် E ဟာလဲ Point ရမဲ့ကစားသမားမဟုတ်ပါဘူး
ကျန်တဲ့ A B C D ကတော့ သူတို့ အတွက်သတ်မှတ်တဲ့ Point အသီးသီးရရှိမှာဖြစ်ပါတယ်

ပြီးတော့ Arena မှာသင်သိရမဲ့အချက်က ပွဲနိုင်တာ များလေလေ သင့်အတွက် Point ရလေလေ ဆိုတာမျိုးမဟုတ်ပါဘူး
သင့် Rating မြင့်လေလေ တစ်ပါတ် မှာ ရရှိမဲ့ Point များလေလေ ဖြစ်ပါတယ်

ထားပါတော့ A B C D ဆိုတဲ့ Player ၄ ယောက်၇ှိတယ်ဆိုပါစို့ 
A နဲ့  B က Rating 2000 ရှိတဲ့ 2 Vs 2 အသင်းကိုပိုင်ဆိုင်ထားပြီး Personal Rating လဲ အဲ့ဝန်းကျင်မှာရှိပါတယ်
C နဲ့  D ကတော့ ခုမှ အသင်းအသစ်စဖွဲ့ လို့  Point မရှင်းခင်မှာ သူတို့ အသင်းရဲ့ Rating ဟာ 1500 ပဲရှိလိုက်ပါတယ်

ဒါပေမယ့် A နဲ့  B ဟာ အဲ့တစ်ပါတ် က ၁၀ ပွဲပဲကစားလိုက်ပြီး ၁၀ပွဲလုံးရှုံးသွားရှာပါတယ်
C နဲ့  D ကတော့ ပွဲ ၃၀ ကစားပြီး ပွဲ ၃၀ လုံး အနိုင်ကစားလိုက်ပါတယ်....

သင့်အနေနဲ့  C နဲ့  D ဟာ အမှတ်ပိုရမယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ် ဒါပေမယ့် သင့်အတွေးကို Blizzard က လူတွေက ဆန့် ကျင်နေပါတယ်
Blizzard က ထုတ်ထားတဲ့ Arena Point Rule အရ A နဲ့  B ဟာ အမှတ်ပိုရမှာပဲဖြစ်ပါတယ်
ဘာလို့ လဲ ဆိုတော့ A နဲ့  B ဟာ Rating ပိုများနေပြီး ဆော့ရမဲ့ ပွဲ ၁၀ပွဲကို ဆော့ထားပါ ။ သူသတ်မှတ်ထားတာကဆော့ရမယ်ပဲပြောပါတယ် အနိုင်ချရမယ်လို့ မပါတဲ့အတွက် သင်ဟာ ရှုံးသည့်တိုင်အောင်သင့်အတွက် ထိုက်တန်တဲ့ Point ကိုရမှာဖြစ်ပါတယ်
ကိုယ့်ရဲ့ Rating ကိုကြည့်ပြီး Season တစ်ခုမှာဘယ်လောက်ရမလဲ ကြည့်နိုင်တဲ့ Website ကတော့
www.arenacalculator.com ဖြစ်ပါတယ် 
ရေးသားသူ - J2K

No comments:

Post a Comment