Professor Putricide

အရင်ဆုံး Professor ရှဲ့Spell တွေ ကို နဲနဲရှင်းပြချင်ပါတယ်။ Spell တွေဆိုတာထက် အဓိကကျမယ့် Spell တွေနဲ့ သေချာ သတိထားပြီး ရှောင်ရှားရမယ့် Spell နာမည်တွေကိုပဲ ပြောပြသွားပါမယ်။
Slime Puddle
Boss က ပစ်လိုက်တဲ့ Spell တစ်မျိုးပါ ။
တစ်ကြိမ်မှာ နှစ် လုံး ပစ်လေ့ရှိပြီး ။ Spell ကျသွားတဲ့နေရာမှာ Poison ကွက်တွေ ဖြစ်လာပါတယ်။
အဲ့ဒီ့ Poison ကွက် ပေါ်မှာ ရှိနေခဲ့ရင်နေရာပြောင်း ပေးရပါတယ်.။ Poison စားမယ့်လူက လာစားပေးပါလိမ့်မယ်။
Unstable Experiment
ဒီ Spell ကတော့ Ooze လုံးတွေကို Summon လိုက်တာပါ။
Ooze မှာ Red Ooze နှင့် Green Ooze ဆိုပြီး နှစ်မျိုးရှိပါတယ်။


Green Ooze
Green Ooze ဆိုတာကတော့ Player တစ်ယောက်ကို Link တစ်ခုဖြင့်ချိတ်ဆက်ပြီး တိုက်ခိုက်တဲ့ ooze အမျိုးစားပါ။ Green ooze Link အချိတ်ဆက်ခံရတဲ့ Player ဟာ ရွေ့လျား လို့ လုံးဝမရတော့ပဲ နေရာတွင်ပင် ရပ်တန့်ပြီး Green ooze ၀င်ရောက်လာတာကို ခံပေးရပါတယ်။ ထို Green ooze ၀င်ရောက်တိုက်မိတဲ့ Player ဟာ အဝေးကိုလွင့်စင်သွားတဲ့ Attack ပုံစံမျိုး တိုက် ခိုက်တာပါ ။ Damage အားဖြင့်တော့ များပြားပေမယ့် သူရဲ့ Damage ဟာ Share damage ပုံစံမျိုးဖြစ်လို့ raid အတွင်း လူများ စုပေါင်းပြီး Damage ကို မျှခံပေးနိုင်တဲ့အခွင့်ရေးတစ်ခု ရရှိနိုင်ပါတယ်။

Red Ooze
Red Ooze ကတော့ Green ooze ကဲ့သိုပင် Link တစ်ခုချိတ်ဆက်ပြီး တိုက်ခိုက်တာပါပဲ ။ ဒါပေမယ့် Green ooze နဲ့ ကွဲပြားတဲ့အချက်ကတော့ Link ချိတ်ခံရတဲ့ လူဟာ ရပ်တန့်နေလို့မရပဲ မိမိကို Link ချိတ်တာသိသည် နှင့်တစ်ပြိုင်နက် Red ooze နှင့်ဝေးရာကို ပြေးနေပေးရတာမျိုးဖြစ်ပါတယ်။
Red ooze ချိတ်ခံရတဲ့သူဟာ သာမာန်ထက် Move speed နှေးကွေးနေမှာဖြစ်လို့ အထူးသတိထားပြီးပြေးရမှာ ဖြစ်တဲ့အပြင် ၊ Poison စားတဲ့ လူကလည်း Red ooze ကိုနှေးပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Pally ရဲ့ Hand of freedom နှင့် Holy priest ရဲ့ Shield ကလည်း အချိတ်ခံရသူကို မြန်မြန်ဆန်ဆန် ပြေးနိုင်အောင် အထောက်အပံ့ပေးနိုင်ပါသေးတယ်။
Red ooze ရဲ့ Damage ကိုပြောပါဆိုရင်တော့ သူနဲ့ တိုက်မိတာနဲ့ Tank နှင့် Poison စားသူကလွဲပြီး ကျန်တဲ့ Raid member အကုန်လုံးကို တစ်ခါတည်း သေသွားအောင် စွမ်းဆောင်နိုင်တာမို့ အထူးသတိထားရမယ့် summon အမျိုးစားပဲဖြစ်ပါတယ်။

Chocking Gas Bomb
ဒီ Spell က တော့ Boss ဟာ 2nd phase မှာ အသုံးပြုတဲ့ ပုလင်းအ၀ါ ရောင် ပုံစံ လေးတွေပါ ။ Player တော်တော်များများက Bomb လို့ခေါ်ဆိုကြတဲ့ ဒီ spell ဟာ Boss ရဲ့ နောက်ကနေ ထွက်ပေါ်လာတာပါ။
ဒီ Bomb ကို နင်းမိလိုက်မယ်ဆိုရင်တော့ damage 15600-16400 aoe damage ထိပြီး လွင့်စင် ထွက်သွား နိုင်ပါတယ် ။ ဒါ့အပြင် hit 75% လျော့ကျစေတာမို့ Miss တွေတက်ပြီး Damage တွေ ကျဆင်းသွားနိုင်ပါတယ်။

Mellable Goo
Mellable Goo ကတော့ Slime Puddle ကဲ့သို့ ပုံစံတူပါတယ် ။ ဒါပေမယ့် ဒီ Goo ဆိုတာက ပိုပြီး ကြီးမားပြီး တစ်ခါအသုံးပြုရင်၂ လုံးအသုံးပြုတိုက်ခိုက်ပါတယ် ။ ထိရောက်မယ့် Damage ကတော့
14600-15400 အတွင်း ဖြစ်ပြီး casting Time ကို 200% ထိ 15 စက္ကန့် ကြာထိ လျော့ချဖြစ်တာမို့ Healer တွေ Caster တွေတွက်တော့ အရမ်းကို ဒုက္ခပေးနိုင်တဲ့ Spell အမျိုးစားထဲမှာပါဝင်ပါတယ်။

Unbound Plague
ဒီ Spell ကတော့ Disease buff အမျိုးစားပါ ။ ဒါပေမယ့် ဒီ Spell က Heroic မှာသာအသုံးပြုတာဖြစ်ပါတယ်။ ဒီ Spell အတင်ခံရတဲ့ Player ဟာအနီးနား က player နဲ့ပူးပြီး Disease ကို Shareပေးရပါမယ်။ တစ်ကယ်လို့ မပူးကပ်ပေးခဲ့ဘူးဆိုရင်တော့ မကြာခင်အချိန်တွင်း သေ သွားနိုင်လောက်တဲ့ထိ ဒုက္ခပေးနိုင်မယ့် Spell ဖြစ်လို့ ဂရုစိုက်ရမယ့် Spell အမျိုးစားထဲမှာ ပါဝင်ပါတယ်။

--------------------------------------------------------------------------------------------------------------------

လက်ရှိ ကျနော်တို့ Try နေတဲ့ Patch မှာ အသုံးဝင်ဆုံးနဲ့ တိုက်ခိုက်ဖို့ အကောင်းဆုံး လမ်းညွှန်တစ်ခုကို
အကြံပေးချင်ပါတယ်။
ပထမဆုံး Group 2 ခု ကို အကြမ်းဖျင်းခွဲထားရပါမယ်။ Group 1 နှင့် Group 2 ပါ၊
Group 1 မှာ all mele အနီးကပ်တိုက်ခိုက်မယ့် လူတွေအကုန် ထည့်ပါ။
Group 2 မှာတော့ Caster , Range , Healer သုံးမျိုး ကို ထည့်လိုက်ပါ။ ( ချွင်းချက် အနေနဲ့ MT & Off tank ( သို့ ) poison စားမယ့်လူကတော့ ပုံမှန်ပါပဲ ။ )
 နေရာသတ်မှတ်ပါမယ်။
Group 1 & Main Tank ဟာ ညာဘက်ခြမ်း အလယ်လောက် မှာ နေရာယူပေးသင့်ပါတယ်။ Main tank ဟာ Boss ကို Group 1 ရှိတဲ့နေရာကို ခေါ်လာပေးရပါမယ်။
Group 2 ကတော့ Group 1 ရဲ့ အောက်ဘက် တည့်တည့် Green ooze ထွက်မယ့် နေရာလောက်မှာ စတင်နေရာယူပေးပြီး Green ooze ထွက်လာတာနဲ့ ဘေးဘက် နံရံဆီကို ကျောပေးပြီး တိုးကပ်နေရပါမယ်။
( Poison ကွက် ကျလာပါက အလျင်းသင့်သလို ဖြတ်ထိုးဥာဏ်သုံးပြီး နေရာရွေ့ပြောင်းပြီး ယူပေးရပါမယ် )
နေရာယူ တဲ့ပုံစံ ကျပြီ ဆိုရင်တော့ Boss ကို ချသင့်တဲ့ပုံစံ ဆက်ပြောပြပါမယ် ။

Boos ဟာ Phase 3 ခုရှိပါတယ်။ Boss ရဲ့ သွေး ( 100 % Phase 1 ) >>>>> ( 80% Phase 2 ) >>>> ( 35% Phase 3 ) ဆိုပြီး ပြောင်းလဲသွားမှာပါ။ ဒါကြောင့်မို့ ကြိုတင်ပြီး ပြင်ဆင်သင့်တာကတော့
Target တွေရဲ့ သွေးကို % နှင့် ကြည့်နိုင်ရန် ( Game menu >> Interface >> Status Text မှာ Display Percentages ဆိုတာကို အမှန်ခြစ်လေးပေးဖို့ လိုအပ်ပါတယ် ။

1st Phase
Boss ဟာ 1st Phase မှာ တော့ ရိုးရိုးသာမန် ပုံစံနဲ့ ပဲ Damage ပေးပြီးတိုက်ခိုက်နိုင်ပါတယ်။ Poison စားတဲ့လူက တော့ လျင်လျင်မြန်မြန်နဲ့ Poison ကို စားနိုင်ဖို့ လိုအပ်ပါတယ်။ သတိပြုရမှာကတော့ Boss ဟာ Phase ပြောင်းတာနဲ့ Ooze ကို ထပ်ပြီး ချတတ်ပါတယ်။ ဒါကြောင့် မို့ 1st Phase မှာ Damage ပေးမယ်ဆိုရင် Boss ရဲ့ သွေး 85% လောက်မှာ all dps ကို ရပ်တန့်ပြီး လက်ရှိမှာရှိနေတဲ့ Ooze နှင့် Poison တွေ ကို မရှိတော့ အောင် အရင်ဆုံး လုပ်ဆောင်သင့်ပါတယ် ။ Ooze ကော poison ကော ကုန်သွားပြီဆိုတာ သေချာတာနဲ့ 80% ထိ ကျအောင် Damage ကို ပေးနိုင်သလောက်မြန်မြန် ပေးလိုက်ပါ။

2nd Phase
2nd Phase ကိုရောက်လာရင်တော့ အန္တရာယ်က များလာပါပြီ First phase လို အလွယ်တကူ Damage ပေးနေလို့မရတော့ပါဘူး ။ 2nd Phase ပြောင်းပြောင်းချင်းမှာ ooze စထွက်လာပါမယ်။ ( H mode မှာဆို တစ်ပြိုင် တည်း နှစ်လုံးထွက်မှာ ဖြစ်လို့ ပိုပြီး တော့တောင် အန္တရာယ် များလာနိုင်ပါတယ်။ ) ထို့အပြင် Mellable Goo ကော Ooze ကော Poison ကော လာပြီ ဖြစ်လို့ Spell တွေကို ဂရုတစ်စိုက်ရှောင်တိမ်းရပါတော့မယ်။ Ooze ဟာ အနီ နှင့် အစိမ်းကို တစ်လှည့် စီထွက်မှာ ဖြစ်မှာလို့ အပေါ်မှာ ကျနော် ရေးပေးထားတဲ့ Ooze တွေရဲ့ သဘောသဘာဝ ကိုတော့ သေချာနားလည်ထားမှ ဖြစ်မှာပါ ။
ထို့အပြင် Mellable GOo ကလည်း Healer & Caster တွေကို များစွာ ဒုက္ခပေးနိုင်တာမို့ အဓိက ရှောင်ရှားရမယ့် Spell ပါပဲ ။ ထို့အပြင် Bomb ကိုလည်း ဂရုစိုက် ပြီး ရှောင်ပေး၇ပါမယ်။ အကောင်းဆုံးကတော့ Boss ကိုရှေ့မှ Face to Face တိုက်ခိုက်တာ အကောင်းဆုံးသော နည်းစနစ်တစ်ခုပါပဲ ။
( Unbound Plague spell က တော့ Heroic Mode မှာ သာ အသုံးပြုတာပါ ဒါပေမယ့် သတိထားရမယ့် Spell ပါပဲ အပေါ်မှာ ရှင်းပြပေးထားပါတယ် ။ )
2nd phase မှာလည်း 1st Phase မှာလို သွေးကို ကြည့်ပြီး Damage ပေး၇မှာပါပဲ ။ Boss သွေး 40 % ဖြစ်တာနဲ့ တစ်ပြိုင်နက် Boss ကိုပေးနေတဲ့ Damage ကိုရပ်တန့်လိုက်ပါ။. ကျန်ရှိနေတဲ့ Ooze နှင့် Poison ကိုအတတ်နိုင်ဆုံး အလျင်မြန် ကိစ္စ တုံးပစ်လိုက်ပါ။ အားလုံးရှင်းလင်းသွားမှသာ 3rd phase ကိုပြောင်း၇န် 35% ထိကျအောင် ဆက်ပြီး Damage ပေးသင့်ပါတယ် ။

3rd Phase
3rd မှာ တော့ Raid အတွင်းက DPS တွေအကုန်လုံးဟာ ooze မရှိတော့ဘူးဆိုတာသေချာတာနဲ့ တစ်ပြိုင်နက် Boss ကို အကြမ်းတမ်းဆုံး Damage ပေးရမှာဖြစ်လို့ ရှိသမျှ Power Buff ( Shaman BL တို့ ဘာတို့ ညာတို့ပေါ့လေ ) တွေ အကုန်ဖွင့်ပြီး မီးကုန်ယမ်းကုန် ကြဲ ရတော့မှာပါ ။ ဒီနေရာမှာ သတိထား ရမယ့် အရေးကြီး အရာကတော့ Bomb ပါပဲ ။
ဒီ Bomb ကို နင်းမိရင်တော့ Hit 75% ကျပြီမို့ မိမိမှာ ဘယ်လောက် Power buff ဖွင့်ထားဖွင့်ထား Miss တွေထနေပြီမို့ အချည်း နှီးဖြစ်သွားနိုင်မှာ မို့လို့ပါပဲ )
နောက်ဆုံး Phase မှာ အဓိက ကျမယ့် လူနှစ်ယောက်ရှိပါသေးတယ် အဲ့တာကတော့ Main Tank & Off tank ပါပဲ ။ Boss ဟာနောက်ဆုံး Phase မှာ အကြံကုန် ဂဋ္ဋန် ဆားချက် ဆိုသလိုပဲ တစ် Raid လုံးကို ဒုက္ခပေးမယ့် Mutated Plague ဆိုတဲ့ Buff ကိုအသုံးပြုတိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်။ ဒီ Buff ကဘာတွေ များ ဒုက္ခပေးနိုင်လို့လဲ ? ဟုတ်ကဲ့ပေးပါတယ် ပေးတာမှ အားလုံးကို ခဲလေသမျှ သဲရေကျ အောင်ကို နိုင်ခါနီးမှာ အကုန်သေစမ်း ဆိုပြီး လုပ်ပစ်နိုင်ပါတယ် ။ အဲ့ဒီ Buff ဟာ သူ့ကို Aggro ( tank ) ခေါ်ထားတဲ့သူကိုသာ သီးသန့် တင်တဲ့ stack တွေ နဲ့ Buff အမျိုးစားပါ။ ဒီ Buff ရဲ့ Stack ပေါ်ကို မူတည်ပြီး Raid အတွင်းက လူတွေကို Damage ထိခိုက်စေနိုင်ပါတယ်။ Stack အဆင့်လိုက် Damage တွေက မြင့်တက်လာမှာဖြစ်ပါတယ်။
1stack & 2stack >>> damage 500
3stack >>> damage 1200
4stack >>> damgae 2900
5stack >>> damage 7000
ထိနိုင်ပါတယ်။
ဒါ့အပြင် ဒီ stack ကို Tank တစ်ယောက်တွက် 4 ဆင့်ထက် ပိုမတက်စေ ပဲ Debuff ( or ) Buff ကို Miss ပေးရပါမယ် ။ ဒီနေရာမှာတော့ ကျွန်တော်ကတော့ Pally Tank ကိုသာ ကစားခဲ့တာမို့ Pally tank buff miss တဲ့ ပုံစံကိုပဲ ရေးပေးပါမယ်။ MT ပေါ်တွင် Stack 4 ဆင့် တင်ခံရပြီဆိုတာနှင့် နောက်ထပ် Off tank မှာ Boss ကို Tank ပြောင်းပြီး ခေါ်ပေးပါ ။ 4 ဆင့် တင်ခံရတဲ့ Tank ကတော့ Raid မှာ ကြိုပြီး ညှိထားသော Player ကို Divine Intervention အသုံးပြုလိုက်ပြီး အသေခံလိုက်ပါ ။ ပြီးမှ warlock Soulstone သို့မဟုတ် , Druid Rebirth ကိုအသုံးပြုပြီး ပြန်လည် အဆင်သင့်အနေထား မှာ ရှိနေပေးပါ။ Off tank မှာ stack 4 ဆင့် ဖြစ်တာနဲ့ Tank ပြန်ပြောင်းပြီးခေါ်ပေးလိုက်ပါ ။ ဒီနေရာမှာ သတိထားရမှာကတော့ အသေခံ Buff miss ပြီး ပြန်ထလာတာနဲ့ Boss ကိုတန်းပြီး Tank မခေါ်ဖို့ပါပဲ Off tank မှာ stack 4 ဆင့်ဖြစ်မှသာ ပြန်ခေါ်ပေးပါ Off tank ကတော့ ပုံမှန်တိုင်းပဲ အသေခံပြီး Buff miss လိုက်ဖို့ လိုအပ်ပါတယ် ။ ဒီပုံစံတိုင်း တိုက်ခိုက်မယ်ဆိုရင်တော့ 3rd Phase ကိုလည်း ကျော်ဖြတ်သွားနိုင်မှာ အသေချာပါပဲ ။
---------------------------------------------------------------------------------------------------

Ooze တွေကို တိုက်ခိုက်သင့်တဲ့ နည်းစနစ် ကို ထပ်ရှင်းပြချင်ပါတယ်။
Ooze တွေရဲ့ တိုက်ခိုက်ပုံကို အပေါ်မှာ ဖတ်ရှုပြီးသားမို့ ooze ရဲ့ spell ကိုသိနှင့်ပြီးသားဖြစ်မှာပါ ဒီတော့ Ooze တွေကို ဘယ်လို အကောင်းဆုံး တိုက်ခိုက်နိုင်လဲဆိုတာကို ပြောပြပေးပါမယ် ။
Green ooze ဟာ Link ချိတ်ပြီး ပြေးဝင်လာတဲ့ Spell ဖြစ်တဲ့အပြင် အချိတ်ခံရသူဟာ ရွေ့လျားလို့မရနိုင်ပါဘူးး ဒါ့အပြင် သူဟာ ထိမိတာနဲ့ တွန်းထုတ်လိုက်တဲ့ပုံစုံမျိုး လွင့်သွားနိုင်ပါတယ်။ Green ooze ဟာ Damage အားဖြင့်တော့ တစ်ဦးတစ်ယောက်တည်းသာ ထိခိုက်မယ် ဆိုရင် တန်းပြီး သေသွားနိုင်လောက်တဲ့ Damage အမျိုးစားဖြစ်ပေမယ့် သူ့အားနည်းချက်ကတော့ တစ်ယောက်တည်းကို ထိမယ့် Damage ကို အခြား Player တွေကပါ မျှဝေခံနိုင်မယ့် အခွင့်ရေးရှိနေတာပါပဲ ။ အဲ့တော့ Ooze Link ချိတ်ပြီးဆိုတာနဲ့ အချိတ်ခံရသူ Player နားကို အားလုံး ကပ်နိုင်သလောက် ကပ်ထားပေးရပါမယ်။ အနဲဆုံး လူငါးယောက် အထက် ကပ်ပေးမယ်ဆိုပါက သေဆုံးမယ့် ရာခိုင်နှုန်း နည်းနိုင်ပါတယ်။ အကောင်ဆုံး တိုက်ခိုက်နည်းစနစ်ကတော့ Mele ကော Healer caster range တွေကောဟာ Green ooze ထွံက်လာတာနဲ့ နံရံကို ကျောကပ်ပြီး တစ်စုတစ်ဝေးတည်းနဲ့ Green ooze ကို တိုက်ခိုက်တာ အကောင်းဆုံးပါပဲ ။ အကြောင်းရင်းကတော့ Green Ooze ဟာ ထိမိတာနဲ့ တွန်းကန် ခဲ့မယ်ဆိုရင် နောက်က နံရံကို ကပ်ထားတဲ့တွက် အဝေးကို မလွင့်စင် ပဲ နံရံနဲ့ တိုက်ပြီး အနီးနားတွင် သာ ပြန်လည်း ကျလာမှာမို့ Group ကို ပြန်လည် စုစည်းရမှာ အချိန်မကြန့်ကြာပဲ အလျင်အမြန်နဲ့ ပြန်လည် စုစည်းပြီး တိုက်ခိုက်နိုင်ဖြစ်လို့ပါပဲ ။

-----------------

Red Ooze ဟာ Green ooze ကဲ့သို့ပင် Link ချိတ်ပြီး တိုက်ခိုက်တဲ့ ပုံစံဖြစ်ပေမယ့် Greep ooze နဲ့ မတူတဲ့ အချက်တွေကတော့ ……
Red ooze အချိတ်ခံ ရသူဟာ Red ooze နဲ့ ထိမိတာနဲ့ တစ်ပြိုင်နက် Raid တစ်ခုလုံး မှောင်အတိဖုံးပြီး နောင်ဘ၀ ရောက်သွားနိုင်ပါတယ် ။
Red ooze Link အတင်ခံရပြီဆိုရင်တော့ အတင်ခံရတဲ့ သူဟာ Red ooze နဲ့ ဝေးရာကို ပြေးပေးရပါတယ်။ ပြေးနေတဲ့ အချိန်မှာပဲ တစ်ခြား DPS တွေက ၀ိုင်းပြီး ooze ကိုသတ်ပြစ်ရပါမယ်။
Ooze link ကြောင့်ပြေးတဲ့သူအနေနဲ့ ကတော့ Raid Healer တွေနဲ့ တအားဝေးအောင် မပြေးသင့်ပါဘူး ပုံမှန် အားဖြင့်တော့ Raid တော်တော်များ များပြေးတဲ့ပုံကတော့ စက်ဝိုင်းပုံစုံ တာမျိုး က အဆင်ပြေနိုင်ပါတယ်။
ဒါ့အပြင် Red ooze line အတင်ခံရသူမှာ stack 10 ခုတက်ပါတယ် ။ stack တစ်ခုကို Damage 2000 ၀န်းကျင် ခန့် ထိနိုင်ပါတယ် ။ အဲ့ဒီ Stack 10 ခုဟာ နှစ်စက္ကန့်ကို တစ်ခါ လည်ပတ်နေမှာ ဖြစ်လို့ Healer တွေအနေနဲ့ သတိထားပြီး ဂရုစိုက် Heal ပေးနိုင်ရပါတယ် ။ဒီနေရာမှာ တစ်ခုသတိထားရမှာက Red ooze link တင်ခံရသူဟာ move speed ကျဆင်းနေမှာပါ ။
ဒါကြောင့်မို့ Pally တွေမှ Link အတင်ခံ၇သူကို Hand of freedom အသုံးပြုပေးသင့်သလို ၊ Holy priest မှလည်း Shield ပတ်ပေးနိုင်ပါတ.် ။ ဒါ့အပြင် Red Ooze ထွက်တာနဲ့ Poison စားတဲ့သူက Ooze ကို နှေးသွားအောင် spell သုံးပေးရပါမယ် ။ ထိုနောက် Slash ဆိုတဲ့ spell ရှိပါတယ် ။ ငါးချက်ခန့် အသုံးပြုပေးပါ ။ တစ်ချက်ကို physical damage resistance 4% လျော့ကျစေတဲ့ အပြင် 5 stack ထိ effect ဖြစ်မှာမို့ 20% ထိ ကျသွားမှာဖြစ်တဲ့တွက် Red ooze အလျင်မြန် သတ်နိုင်ဖို့ အစဉ်ပြေစေနိုင်ပါတယ် ။
ဒါကတော့ လက်ရှိ Patch မှာ အဆင်ပြေဆုံးနှင့် အကောင်းဆုံးမဟုတ်တောင် အသုံးပြုနိုင်မယ့် နည်းစနစ်တစ်ခုဆိုတာကို သိသလောက် တတ်သလောက် ဥာဏ်မှီသလောက်လေး ရေးပေးလိုက်ပါတယ်။
အားလုံးအဆင်ပြေနိုင်ပါစေ တစ်ခုခု မှားယွင်းပါက ကျနော်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ပါတယ် ။
( တစ်ချို့ တစ်ဝက်သော Spell ရှင်းလင်းချက်များအား http://wowwiki.wikia.com မှ မှီငြမ်းရေးသားထားပါတယ် )
ဗတ်ဒန်နဗရုတ်သုတ်ခ Thewar


No comments:

Post a Comment