Netherwing Drake Mount

ခုအချိန်လေး နဲနဲ အားတုန်း ကျွန်တော့် သူငယ်ချင်းတွေကော တစ်ချို့သော Player Bro တွေ ၊ Fly mount လေးလိုချင်နေတဲ့ Bro တွေ ၊ Mount စုဆောင်းနေတဲ့ Bro တွေတွက်
Outland နယ်မြေ Netherwing မှာ ရှာဖွေနိုင်တဲ့ Netherwing Drake ဆိုတဲ့ Mount လေး ရယူနိုင်မယ့် Quest Line လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သိပြီးသား Bro
တွေတွက် ထူးခြားမှာမဟုတ်ပေမယ့် ခုမှစတင်ပြီး Mount ရှာပုံတော်ဖွင့်နေမယ့် Bro တွေတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်မယ်ဆိုရင်တော့ ကျွန်တော် ဒီ post ကို
ရေးတင်ပေးရကျိုး နပ်ပါပြီ ။ ကဲစလိုက်ရအောင် ....



------------------------------------------------------------------------------
Netherwing Drake Mount ရောင်းချပေးတဲ့ Vandor ဟာ Outland နယ်မြေ Shadowmoon vally မှာရှိတဲ့ Netherwing Ledge ဆိုတဲ့ Camp မှာတည်ရှိပါတယ် ။
Netherwing Drake ရရှိဖို့တွက် အရင်ဆုံး လိုအပ်တာကတော့ Reputation ပါပဲ ။ ဘာလို့လဲဆိုတော့ Netherwing Drake ဟာ တစ်ချို့ Mount တွေလို့ အကောင်ကို သတ်ရုံ
နဲ့ ရရှိတဲ့ Mount အမျိုးစားထဲမှာမပါတဲ့အပြင် ဒီင်္ Mount ကို ၀ယ်ယူရမှာ ဖြစ်လို့ Mount ရောင်းတဲ့ faction ကိုတော့ ရင်းနှီးမှု ( သို့ ) Reputation လိုအပ်မှာဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခုထူးခြားတာဟာ Neatherwing Repu ကို Exalted ဖြစ်ဖို့ဟာ Creep တွေသတ်ရုံ Quest လေးထိုင်လုပ်နေရုံနဲ့ ရိုးရှင်းစွာ ဖြတ်သန်းလို့မရနိုင်တာပါပဲ။
အကြောင်းရင်းကတော့ Neatherwing faction ဟာ စစချင်းမှာ လုံးဝကို ရင်နှီးမှုမရှိပဲ ကိုယ်နဲ့ ရန်သူ လိုဖြစ်နေတဲ့ နယ်မြေတစ်ခု ဖြစ်နေတဲ့အပြင် Quest line တစ်ခုကို
အခြေခံပြီးမှသာလျင် Netherwing Ledge Camp က NPC တွေဟာ Exalted ဖြစ်နိုင်မယ့် Quest တွေကိုစတင်ပေးမှာဖြစ်နေလို့ပါပဲ ။
ဒီအတွက် ကျွန်တော်တို့ ဟာ Neatherwing Repu ကို Friendly ဖြစ်ဖို့ အရင်ဆုံး ကြိုးစားရမှာဖြစ်ပါတယ် ။
ဒီအတွက်လည်း Netherwing reputation ကို Friendly အလွယ်တကူဖြစ်နိုင်မယ် Quest line ကို ပြောပြပေးမှာပါ။
------------------------------------------------------------------------------
ပထမဆုံး Quest line မှာပါတဲ့ နာမည်လေးတွေကိုရေးပေးပါမယ်။ Quest line က နှစ် ဆင့်ရှိတာမို့ First Quest Line & Second Quest line ဆိုပြီး ခွဲရေးပေးပါမယ်
First Quest Line
**********
1. Kindness
2. Seek Out Neltharaku
3. Neltharaku's Tale
4. Infiltrating Dragonmaw Fortress
5. To Netherwing Ledge!
6. The Force of Neltharaku
7. Karynaku
8. Zuluhed the Whacked
9. Ally of the Netherwing (+42000 reputation)
---------------------------------------------
Second quest line
**************
1.Blood Oath of the Netherwing
2.In Service of the Illidari
3. Enter the Taskmaster
( Second Quest Line မှာ လိုအပ်တာကတော့ Ally of the nether wing Quest ပြီးထားဖို့ လိုပါတယ် ။ ဒါ့အပြင် Mount riding skill ( 300 ) ဖြစ်နေဖို့ လိုအပ်ပါတယ်။ )
တို့ပဲဖြစ်ပါတယ်.။
( Quest line ကို စတင်ဖို့တွက် Outland နယ်မြေရှိ Shadowmoon vally အတွင်း Sanctum Of The Stars Camp နှင့် Dragonmaw fortress Camp ကြားမှာရှိတဲ့
( Mordenai ) ဆိုတဲ့ နာမည်နဲ့ NPC ဆီက နေ Quest စတင်ယူရမှာဖြစ်ပါတယ် ။ )
---------------------------------------------------------------------------------
1.Kindness
**************
ဒီ Quest ရဲ့ သဘောတရားကတော့ အလွယ်ပြောရရင် အနီးနားမှာ ပျံသန်းနေတဲ့ mature netherwing drake ဆိုတဲ့ နဂါး ၈ ကောင်ကို အစာကျွေးခိုင်းတဲ့ Quest ပါပဲ။
ဒီလိုအစာကျွေးဖို့တွက် ပထမဆုံး အနီးနားမှာရှိတဲ့ Rocknail flayer နှင့် Rocknail Ripper ဆိုတဲ့ Creep တွေကိုသတ်ပြီး Quest Item ဖြစ်တဲ့ အသားတုံးကို ကောက်ရပါမယ် ။
Quest Item အလုံအလောက် ရရှိပြီဆိုရင်တော့ အပေါ်မှာ ပျံသန်းနေတဲ့ နဂါးတွေ အောက်တည့်တည့်လောက်ကနေ Quest Item ကို Click ပြီး စောင့်ကြည့်နေရုံပါပဲ ။
နဂါး က ဆင်းလာပြီး Quest Item အသား ကို လာစားပါလိမ့်မယ့် ။ လုပ်ရမယ့်အကြိမ်အရေတွက်ကတော့ ၈ ကြိမ်ပါ ။
2. Seek Out Neltharaku
*****************************
Seek Out Neltharaku Quest ဟာ Kindness Quest ပြီးတာနဲ့ ( Mordenai ) ဆိုတဲ့ NPC ကနေ ထပ်ပေးလိုက်တဲ့ Quest တစ်ခုပါ။
Quest ရဲ့ ခိုင်းစေမှုကတော့ အပေါ်မှာ ပျံသန်းလှည့်လည်နေတဲ့ ( Neltharaku ) နဂါးတစ်ကောင်ဆီမှာ Quest သွားအပ်လိုက်ရုံပါပဲ။
ဒီနေရာမှာ ခက်ခဲတာတစ်ခုကတော့ Neltharaku နဂါးဟာ တစ်နေရာတည်းမှာရှိတာမဟုတ်ပဲ အနီးနားတစ်ဝိုက် ပျံသန်းနေတာမို့ သူ့ကိုတွေ့အောင်ရှာဖွေဖို့ကတော့
အနည်းငယ် စိတ်ရှည်ပြီး ကြိုးစားရမှာဖြစ်ပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ မိမိဆော့ကစားနေတဲ့ Video Effect မှာ View Distance ကို အဆုံးထိမြင့်ထား နိုင်မယ်ဆိုရင်တော့
ရှာဖွေရလွယ်ကူပါလိမ့်မယ်။
3.Neltharaku's Tale
************************
ဒီ Quest ကတော့ Quest ကိုမဖတ်မိရင်တော့ ဘာလုပ်ရမှန်းမသိဖြစ်နေတတ်ပေမယ့် တစ်ကယ်တမ်း သေချာသတိထား ဖတ်ကြည့်မယ်ဆိုရင်တော့ Quest ပေးတဲ့ Neltharaku က
ပြောပြတဲ့ သူ့ရဲ့ အကြောင်းလေးကို နားထောင်ခိုင်းတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီ Quest ရပြီဆိုရင် Quest ပေးတဲ့ Neltharaku နဂါးကိုပဲ စကားပြောပေးလိုက်ပါ ။ သူ ဖောချင်တာဖောပြီးရင်
Quest ပြီးသွားပါလိမ့်မယ် ။ :P
4.Infiltrating Dragonmaw Fortress
******************************************
Infiltrating Dragonmaw Fortress Quest ကတော့ အနီးနားမှာရှိနေတဲ့ Dragonmaw Fortress Camp ထဲက Orc ၁၅ ကောင်ကို သတ်ရမှာဖြစ်ပါတယ် ။
lvl 80 Player တွက်တော့ ထမင်းစားရေသောက် လို့ပြောရတဲ့ Quest မျိုးမို့ အခက်ခဲမရှိ ပဲ ပြီးသွားပါလိမ့်မယ်။ Quest ပြန် အပ်ရမှာကတော့ Quest ယူခဲ့တဲ့ နဂါးကြီး Neltharaku
ဆီမှာပဲ ပြန် အပ်ပေးရမှာပါ ။
5.To Netherwing Ledge!
*************************************
To Netherwing Ledge! Quest ကတော့ Nethervine Crystals ဆိုတာလေး ၁၂ ခု ကိုရှာဖွေခိုင်းတာပဲဖြစ်ပါတယ်။ ထို Quest Item Nethervine Crystals တွေကို Dragonmaw Peon Camp ( သို့ ) Netherwing Ledge လို့ခေါ်တဲ့
နေရာက Creep တွေကို သတ်ပြီး ရယူ ရမှာဖြစ်ပါတယ် ။ ဒါကလည်း လွယ်ကူတဲ့ Quest တစ်ခုပဲဖြစ်တာမို့ အခက်ခဲ မရှိနိုင်ပါဘူး ။ Quest Item ၁၂ ခု ရရှိပြီဆိုရင် Quest ပြီးဆုံးပြီမို့
နဂါးကြီး Neltharaku ဆီမှာပဲ ပြန်လည်ပြီး Quest အပ်ပေးရမှာပါ ။
6.The Force of Neltharaku
************************************
The Force of Neltharaku Quest ကတော့ Dragonmaw fortress camp မှာ ရှိတဲ့ Netherwing Drake ( ၅ ) ကောင်ကို Quest Item အသုံးပြုပြီး လွှတ်ပေးရမှာဖြစ်ပါတယ်။
Quest ယူလိုက်တာနဲ့ တစ်ပြိုင်နက် သင့်ရဲ့ အိတ်ထဲကို [Enchanted Nethervine Crystal] ဆိုတဲ့ အနီရောင် ကျောက်တုံးပုံစံ QUest Item တစ်ခုရောက်ရှိလာပါလိမ့်မယ့် ။ ထိုနောက် Dragonmaw fortress camp ထဲမှာရှိတဲ့ Netherwing Drake
( ၅ ) ကို တစ်ကောင်ချင်းဆီ Target ပေး Quest Item ကို နှိပ်ရုံနဲ့ Quest က ပြီးမြောက်သွားပါလိမ့်မယ်။ ပြီးရင်တော့ ထုံးစံတိုင်း နဂါးကြီး Neltharaku ဆီပြန်ပြီး Quest အပ်လိုက်ပါ ။
7.Karynaku
***************
ဒီ Quest ကတော့ Dragonmaw fortress camp ဖမ်းခံထားရတဲ့ Neltharaku လိုနဂါးမျိုးနွယ် ဖြစ်တဲ့ Karynaku ဆီသွားပြီး Quest အပ်ပေးရုံပဲဖြစ်ပါတယ်။
8.Zuluhed the Whacked
********************************
Zuluhed the Whacked Quest ကတော့ အဖမ်းခံထားရတဲ့ Karynaku နဂါးကို ကယ်ဆယ်ဖို့တွက် [Zuluhed's Key] ဆိုတဲ့ သော့ကို ရှာခိုင်းတာဖြစ်ပါတယ်။
Quest Item ဖြစ်တဲ့ [Zuluhed's Key] သော့ကိုတော့ Karynaku နဂါး ရဲ့ အနောက် အနီးနားက Zuluhed the Whacked ဆိုတဲ့ Elite ကိုသတ်ပြီး ရယူရမှာဖြစ်ပါတယ် ။
Elite ဆိုပေမယ့်လည်း low lvl 60 ကျော် ကျော် Elite တစ်ကောင်တည်းဖြစ်တဲ့တွက်တော့ အခက်ခဲမရှိပဲ Quest ပြီးသွားပါလိမ့်မယ်။ သော့ရပြီဆိုရင်တော့
Karynaku နဂါး ဆီမှာ Quest ပြန်အပ်ပေးရပါမယ် ။
9.Ally of the Netherwing (+42000 reputation)
***********************************************************
Karynaku နဂါးကို ကယ်ဆယ်ပြီးရင်တော့ Karynaku မှ သင့်ကို Ally of the Netherwing ဆိုတဲ့ Quest ကိုပေးပြီး ပထမဆုံး Quest line စတင်ယူခဲ့တဲ့ ( Mordenai ) ဆိုတဲ့ NPC ဆီကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပါတယ်.။
Mordenai ဆီရောက်ပြီဆိုရင်တော့ Quest ကို ပြန်အပ်လိုက်ရုံနဲ့ Netherwing repu 42000 ကို ရရှိပြီး Netherwing Reputation Friendly အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ပါတယ်။
Friendly ဖြစ်လို့ ဆန္ဒ မစောပါနဲ့ ဦး နောက်ဆုံး လုပ်ရမယ့် Second Quest Line သုံးခု ရယူဖို့ကျန်နေပါသေးတယ် :)
Second Quest line
*****************
( Second Quest Line မှာ လိုအပ်တာကတော့ Ally of the nether wing Quest ပြီးထားဖို့ လိုပါတယ် ။ ဒါ့အပြင် Mount riding skill ( 300 ) ဖြစ်နေဖို့ လိုအပ်ပါတယ်။ )
-----------------------------------------------------------------------
1. Blood Oath of the Netherwing
***************************************
Blood Oath of the Netherwing Quest ကတော့ Mount riding skill ( 300 ) ရှိပြီဆိုရင် complete ဖြစ်မယ့် Quest ပါပဲ။
အကြောင်းရင်းကတော့ ဒီ Netherwing drake တွေဟာ Riding skill 300 ရှိမှသာ စီးလို့ရမယ့် Mount တွေဖြစ်လို့ Mount ရပီး စီးမရဖြစ်နေမှာကို
ကြိုတင်ပြီး မြင်နေတဲ့တွက် Game က Quest ကို အဲ့ပုံစံတိုင်း ဖန်တီးထားတယ်လို့ ထင်ပါတယ်။
2.In Service of the Illidari
*********************************
ဒီ Quest ကတော့ ( Mordenai ) ကနေ သင့်ကို နောက်ဆုံး ပေးတဲ့ Quest ပါပဲ
ဒီ Quest ကိုရပြီဆိုရင်တော့ Nether drake တွေဝယ်ယူရရှိနိုင်တဲ့ Netherwing Ledge ဆိုတဲ့ Camp မှာရှိတဲ့ Overlord Mor'ghor ဆိုတဲ့ NPC ဆီမှာ သွားပြီး အပ်လိုက်ရုံပါပဲ။
3.Enter the Taskmaster
********************************
ဒီ Quest ကတော့ Netherwing repu ကို Exalted ထိရောက်အောင် တင်လို့ ရနိုင်မယ့် Quest တွေစတင်ပေးတော့မယ့် Quest Line ရဲ့ အဆုံးသတ် Quest တစ်ခုပါပဲ ။
Quest ကတော့ ရိုးရှင်းပါတယ် QUest ယူပြီးတာနဲ့ အနီးနားမှာရှိနေတဲ့ Taskmaster Varkule Dragonbreath ဆိုတဲ့ NPC ကို အပ်ပေးရမှာဖြစ်ပါတယ်။
ဒီ Quest ကိုပြီးသွားပြီဆိုရင်တော့ အနီးနားမှာ စတင်ပြီး Quest တွေ ပေါ်လာပါလိမ့်မယ်။
ထို Quest တွေကိုလုပ်ပြီး ပဲဖြစ်ဖြစ် Player တော်တော်များများ လုပ်နေတဲ့ Neatherwing Egg ကိုကောက်ပြီးပဲဖြစ်ဖြစ် မိမိနှစ်သက်သလို ရွေးချယ်လုပ်ဆောင်ပြီး Netherwing reputation Exalted ရောက်အောင်
ကြိုးစားလို့ Netherwing drake တွေကို ၀ံ့ဝံ့ကြွားကြွား စီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
( ဒီ patch မှာ ကျွန်တော်ကိုယ်တိုင် Quest line အားလုံး လုပ်ဆောင်ပြီးမှ ဒီ post ကိုတင်ပေး တာမို့ Bug တဲ့ quest တွေမရှိတာမို့ စိတ်ချလက်ချ လုပ်ဆောင်နိုင်ပါတယ် ခင်ဗျာ ။ )
( နေရာရှာရတာ အခက်ခဲ ရှိသူ တစ်ချို့ တွက် ပုံလေးတွေပါ တွဲတင်ပေးထားပါတယ် အဆင်ပြေကြပါစေဗျာ )
( မှားတာရှိရင် ကျွန်တော် ညံ့လို့ပါ )












No comments:

Post a Comment