Vakok Owner ID Reset

OWNER ID RESET လုပ်နည်း
၁. vakok.net/forum ကို သွားပါ။
၂. Login ကို နှိပ်ပါ။
၃. Username & Password ထည့်ပြီး Login လုပ်ပါ။
၎. Owner ID ဆိုတဲ့ ခေါင်းစဉ်ကို ရှာပြီး နှိပ်ပါ။
၅. Owner ID Card ပျောက်ဆုံးသူများ ID reset လျှောက်ရန် ... ဆိုသော ခေါင်းစဉ်ကို ရှာပြီး နှိပ်ပါ။
၆. Reply ကို နှိပ်ပါ။
၇. စာရိုက်ရမည့် နေရာကွက်လပ်တွင် အောက်ပါပုံစံအတိုင်း လိုအပ်သည်များကို ဖြည့်ပါ။

Username - AAAAA
Chara name - AAAAA
NRC No - AAAA
Gmail address - AAAA
(လက်ရှိပိုင်ရှင်ရဲ့ gmail ပါ)
Facebook address - AAA
Ph No - 111111
၈. Post ကို နှိပ်ပါ။
၉. တာဝန်ကျ GM မှ နေ့စဉ် Owner ID post များကို ဖတ်ပြီး ဘန်းပါလိမ့်မယ်။ ထိုဆယ်ရက်အတွင်း အကောင့်ကို ကစားလို့ ရမည် မဟုတ်ပါ။ ၁၀ ရက်အတွင်း ကန့်ကွက်မည့်သူ မရှိလျှင် ၁၁ ရက်မြောက်နေ့တွင် ROV GM များကို ဆက်သွယ်ပြီး မှတ်ပုံတင် ပြပါ။ Username & Password မှန်ကန်အောင် ပြောဆိုနိုင်မှ ဆက်လက်လုပ်ပေးပါလိမ့်မည်။ သက်ဆိုင်ရာ GM မှ Owner ID reset လုပ်ပေးပြီး Owner ID အသစ်တခု ပေးပါလိမ့်မည်။ (Volunteer GM များကို OWNER ID Reset လုပ်ငန်းစဉ် လုပ်ခွင့်ပေးမထားပါ။ အခက်အခဲရှိပါလျှင် ကူညီပြောပြပေးနိုင်သည်။) ပိုက်ဆံပေးစရာ မလိုပါ၊ Free Service ဖြစ်ပါသည်။
၁၀. OWNER ID သည် အကောင့်ပိုင်ရှင်ဖြစ်ကြောင်း သက်သေဖြစ်၍ လျှို့ဝှက်ထားပေးစေလိုပါသည်။
၁၁. သူခိုးများ၊ လူလိမ်များ၊ Rude to GM, Lies to GM case တက်ထားသူများကို OWNER ID RESET လုပ်ပေးလိမ့်မည် မဟုတ်ပါ။
ကျေးဇူးတင်ပါသည်ခင်ဗျ
ခင်မင်စွာဖြင့်
Vkdodo ( Min Thu Aung ) မှ ရေးသားပေးထားတာပါ

No comments:

Post a Comment