Blood-Queen Lana'thel


Blood-Queen Lana'thel

Blood-Queen လို့ Player တိုင်း သိထားတဲ့ boss ပါ ။ နာမည်ကြီးသလို ခက်ခဲလှတဲ့ boss ထဲမှာပါ ပါတယ်။
Blood-Queen spell လေးတွေကို အရင်ဆုံးပြောပြပါမယ် ။ spell တွေအကုန်လုံး ဆိုတာထက် အဓိက ကျတဲ့ spell လေးတွေပဲ အရင်ဆုံးရှင်းပြချင်ပါတယ်။
ဒါမှ ကျနော်တို့ Raid ၀င်ရင် BQ ဆိုတာကို ဘယ်လို ချရမယ် ဘာတွေ အဓိက ထားရှောင်ရှားရမယ်ဆိုတာကို သိနိုင်မှာပါ



( Blood Mirror )
***********
Blood Mirror ဆိုတဲ့ spell အသုံးပြုပုံကတော့ Boss က Link တစ်ခုကို player နှစ်ယောက် ကြားမှာ ချိတ်ဆက်လိုက်တာပါ ။ များသောအားဖြင့် ( သို့ ) အထူးသဖြင့်တော့ Main Tank နဲ့ Main tank ရဲ့ အနီးကပ်ဆုံး
တစ်ခြား Player တစ်ယောက်ကို ချိတ်ဆက်လိုက်တာဖြစ်ပါတယ်။ ဒီလိုချိတ်ဆက်လိုက်ခြင်းကြောင့် Main Tank နဲ့ ချိတ်ဆက်ခံရတဲ့ player ဟာ Main tank ကို ကျရောက်နေတဲ့ damage done 90% မှ 100% ထိ ကို ခံရပါတယ်
ထို့အတွက်ကြောင့်များသောအားဖြင့်တော့ Blood-queen ကို down မယ်ဆိုရင် Main Tank အပြင် Off tank ကိုပါ ပူးတွဲ အသုံးပြု ခြင်းဟာ အကောင်းဆုံးသော တိုက်ခိုက်နည်းစနစ်တစ်ခုပါပဲ။
( Blood mirror ) ကို အများအားဖြင့် Small link ဆိုပြီး သတ်မှတ်ပါတယ် ဘာလို့လဲဆိုတော့ သူ့ Link လေးက သေးသေးလို့မို့ပါ ( ဒါက စကားချပ် :v :v )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

( Pact of the Darkfallen )
====================
Pact of the Darkfallen ဟာ shadow damage ပါ။ အသုံးပြုတဲ့ပုံက တော့ မိမိ နဲ့ မိမိ အနီးနားမှာ ရှိနေတဲ့ Link မချိတ်ခံထားရတဲ့ အခြားသော Player တစ်ယောက်ကို Link ချိတ်ပေးလိုက်တာဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့
Blood Mirror spell နဲ့ Link ချိတ်တာခြင်းတူပေမယ့် Pact of the Darkfallen ဟာTank ကို ချိတ်တာမဟုတ်ပဲ အခြား DPS နဲ့ Healer တွေကို သာ ချိတ်တာဖြစ်ပါတယ်။ နောက်တစ်ခုက blood mirror Link ဟာ small link ဖြစ်ပြီး
Pact of the Darkfallen spell ဟာ Big link ဖြစ်ပါတယ် ။ damage ဟာ အနဲဆုံး တစ်စက္ကန့်ကို 5000 ခန့်ထိနိုင်ပါတယ် ။ ( 10 men ) မှာ player နှစ်ယောက်ကိုသာ ချိတ်ဆက်ပေမယ့် (25 men ) မှာတော့ Player သုံးယောက်ထိ
ချိတ်ဆက်တာမို့ အထူးသတိပြုရပါမယ် ။
ဒီ Pact of the Darkfallen ( big link ) အသုံးပြု ခံရတဲ့ Player နှစ်ယောက် ( သို့မဟုတ်) သုံးယောက် ဟာ တစ်ယောက်နဲ့ တစ်ယောက် ပြေးပြီး ပူးကပ်ပေးရပါတယ် ။ တစ်ကယ်လို့မပူးကပ်ဘူးဆိုရင် အထက်ကပြောခဲ့သလို
damage ဟာ တစ်စက္ကန့်ကို အနဲဆုံး 5000 ခန့် ထိနေပီး ( Raid instance မြင့်ရင် မြင့်သလို damage တက်လာနိုင်ပါတယ်။ ဥပမာ - 10H 25N 25H ) Link ရဲ့ ကြားထဲမှာရောက်နေတဲ့ player တွေကိုလည်း Damage ထိနိုင်ပါသေးတယ်
ဒါကြောင့်မို့ ဒီ Pact of the Darkfallen ( Big link ) ဟာ အထူးသတိပြုရမယ့် spell အမျိုးစားထဲမှာပါဝင်ပါတယ်။
ဒီ spell ကို အလွယ်တကူအနေနဲ့ ( Big link ) လို့ သုံးနှုန်းကြပါတယ် အကြောင်းရင်းကတော့ အပေါ်က blood mirror ( small link ) ထက် သုံးဆ ခန့် ကြီးနေတဲ့ Link ဖြစ်နေလို့ပါပဲ :v :v
-==========================================================

( Swarming Shadows )
********************
ဒီ spell ကလည်း shadow damage ပါပဲ။။။
သူရဲ့ spell ပုံစံက ကိုယ်ခန္ဓာက နေ ခရမ်းေ၇ာင် မီးခိုးငွေ့တွေ ထွက်လာတာဖြစ်ပါတယ် ။
တစ်ခုသတိထားပြီးရှောင်နိုင်တာက boss က ဒီ spell ကိုမသုံးခင် သူသုံးမယ့် target ( သို့ ) player ပေါ်ကို Presence of the Darkfallen buff လေးအရင်တင်ပါတယ် အဲ့တာအတင်ခံရပြီဆိုရင်တော့ boss ဟာ မိမိကို
Swarming Shadows တင်ပြီးဆိုတာ ကြိုတင်သိနိုင်ပါတယ်။ Swarming Shadows ရဲ့ damage ဟာ နှစ်စက္ကန့်ကို 2300 မှ 2700 ထိ ထိနိုင်ပါတယ် ။ အဲ့တာအပြင် Swarming Shadows တင်ခံရတဲ့ Player အနီးနားတစ်ဝိုက်က
raid member တွေအကုန်လုံးကိုပါ AOE နဲ့ damage လိုက်ထိနိုင်ပါတယ် ။ ဒါကြောင့်မို့ Swarming Shadows spell အသုံးပြုခံရတဲ့ player ဟာ spell အတင်ခံရတာနဲ့ တစ်ပြိုင်နက် Raid group အတွင်းကနေ ခွဲထွက်ပြီး
အနီးဆုံး နံရံတစ်လျောက် spell ပျောက်ထိတဲ့ ပြေးပေးနေရပါတယ် အကြောင်းရင်းကတော့ ရပ်နေရင် Swarming Shadows ဟာ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေတဲ့ spell ( သို့ ) stack နဲ့ တက်နေတဲ့ ပုံစံမျိုးဖြစ်တဲ့တွက်
တစ်နေရာတည်းမှာရပ်နေရင် Swarming Shadows stack တက်နေသလို တစ်ဆင့်ကို 2300 နဲ့ တွက်ရင်တောင် 5 စက္ကန့်အတွင်းမှာ stack 5 ဆင့် ခံရပါမယ် ။ ဒါကြောင့်မို့ spell အတင်ခံရတဲ့ player ဟာ raid နဲ့ ဝေးရာနံရံ တစ်လျောက်
ပြေးပေးရတာပဲ ဖြစ်တာပါ ။
----------------------------------------------------------------------------------------------------------------------------
Essence of the Blood Queen
-*-********************
ဒီ spell ကတော့ အများသိထားတဲ့ ကိုက် buff ( သို့ ) bite ပါပဲ ။
ဒီspell ကို blood queen ဟာ သူ့ကိုတိုက်ခိုက်နေတဲ့ Raid member တွေကို သူ့လူအဖြစ် အသွင်းပြောင်းယူရန် အသုံးပြုခြင်းဖြစ်ပါတယ်။
များသောအားဖြင့်တော့ Range dps တွေကို အဓိကထား ကိုက်တာများပါတယ် ။ တစ်ကယ်လို့ Essence of the Blood Queen ( သို့ ) အကိုက်ခံလိုက်ရတဲ့ Player ဟာ damage အနေနဲ့ 100% တိုးလာမှာဖြစ်ပါတယ်။
ဒါပေမယ့် Essence of the Blood Queen ဟာ နှစ်မိနစ် သာ ခံတာဖြစ်ပါတယ် နှစ်မိနစ်ပြည့်သွားခဲ့ပြီဆိုရင်တော့ Essence of the Blood Queen spell အဖြစ်မှ Frenzied Bloodthirst အဖြစ်သို့ 15 စက္ကန့်
ပြောင်းလဲသွားပါမယ် ပြောင်းလဲနေစဉ် အချိန်တွင်းမှာ မိမိ player အကောင် ဟာ ဘာ spell မှ အသုံးပြုတိုက်ခိုက်လို့မရတော့ပဲ spell ကွက်ထဲမှာ ( Vampiric Bite ) လို့ခေါ်တဲ့ spell တစ်ကွက်သာ အသုံးပြုနိုင်တော့မှာပါ ။
အဲ့ [Vampiric Bite] ဆိုတဲ့ spell လေးပေါ်လာပီဆိုတာနဲ့ တစ်ခြားသော player တွေကို ပြန်ပြီး ကိုက်ပေး ဖို့လိုအပ်ပါတယ်။ [Vampiric Bite] ဖြင့် တစ်ခြား player တစ်ယောက်ကို 15 စက္ကန့်အတွင်း
ကိုက်ပေးနိုင်မှသာ မိမိဟာ Blood queen ရဲ့ Mind control အဖြစ်သို့မရောက်ရှိမှာဖြစ်ပါတယ်။ ထို့အပြင် ထိုသို့ ကိုက်ပေးခြင်းအားဖြင့် မိမိအပြင် မိမိ ကိုက်ပေးလိုက်တဲ့ Player မှာပါ damage 100% တက်သွားနိုင်တဲ့
Essence of the Blood Queen ကို ထပ်ပြီး ရရှိသွားမှာဖြစ်ပါတယ်။
ထိုသို့ ရရှိနေမှသာ Blood queen ကို သတ်နိုင်ဖို့ အခွင့်ရေးရရှိမှာ ဖြစ်ပြီး တစ်ကယ်လို့များ မကိုက်မိပဲ လွဲချော်မိပါက မိမိသည် blood queen ရဲ့ mindcontrol မိသွားမှာဖြစ်တဲ့အပြင် Raid member တစ်ယောက် လျော့ကျသွားမှာပါ
ထိုသို့လျော့ကျတဲ့ အပြင် Essence of the Blood Queen ဆိုတဲ့ buff ကို ပါ ဆုံးရှုံးရမှာဖြစ်ပါတယ်။
Essence of the Blood Queen ဆိုတဲ့ buff ဟာ Blood queen ကို သတ်နိုင်ဖို့ရန် Game မှ Player များကို အခွင့်ရေးပေးထားတဲ့ spell ဆိုလည်းမမှားပါဘူး ။။ အကြောင်းရင်းကတော့ blood queen spell တွေဟာ ကြမ်းတဲ့အပြင်
blood queen ရဲ့ blood ဟာ

14,200,000 (10-man Normal)
59,400,000 (25-man Normal)
18,900,000 (10-man Heroic)
71,300,000 (25-man Heroic)

ဒီသွေးဟာ boss တော်တော်များရဲ့ သွေးထက် ပိုမိုများပြားနေတဲ့ သွေးဖြစ်နေလို့ပါပဲ တစ်ကယ်လို့များ Essence of the Blood Queen ဆိုတာလေး မရခဲ့ဘူး ပျောက်သွားခဲ့တယ်ဆိုရင်တော့ blood queen ကို ထိုင်ကန်တော့ပြီး repair ဖို့ သာရှာကြပေတော့ တူမောင်တို့
******************

ပြန်ပြီး အကျဉ်းချုပ်ရမယ်ဆိုရင်တော့
Blood queen ကို သတ်နိုင်ဖို့ two tank လိုပါတယ် Main Tank & Offtank ပါ ။ ( Blood Mirror ) small link ချိတ်ခံထားရန်
Essence of the Blood Queen ဆိုတဲ့ ကိုက် buff ကို အတတ်နိုင်ဆုံး Range dps ( Hunter ) ကို အဓိကထားပြီး ကိုက်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။
Essence of the Blood Queen ဆိုတဲ့ ကိုက် buff ကို Main Tank နဲ့ Healer ( Raid leader ပြောထားသော healer ) ကို မကိုက်မိအောင် အတတ်နိုင်ဆုံး ရှောင်ကျဉ်ရပါမယ် ။
Essence of the Blood Queen buff ကို မပျောက်သွားအောင် ဂရုတစ်စိုက် နဲ့ ပြန်ပြန်ပြီး bite လုပ်ပေးရပါမယ် ။
Pact of the Darkfallen ( Big link ) အတင်ခံရလျင် အတင်ခံရတဲ့ Player ချင်း အမြန်ဆုံး ပူးကပ်ပေးရပါမယ်။
Swarming Shadows spell အတင်ခံရလျင် အတင်ခံရသူ မှာ ချက်ချင်း Raid အပြင် နံရံတစ်လျောက် ပြေးကပ်ပေးနေရပါမယ် ( မတ်တပ်ရပ်မနေရပါ )
ဒီလောက်ဆိုရင် blood queen ကို သတ်ဖို့ တွက် လုံလောက်တဲ့ spell တွေကို သိနိုင်ပါပြီ
အားလုံးပဲ ကြမ်းနိုင်ကြပါစေဗျာ
( Thewar )




No comments:

Post a Comment