The Ruby Sanctum

The Ruby Sanctum 

The Ruby Sanctum ဆိုတာ Dragonblight နယ်မြေရဲ့ အလယ်လောက်မှာ ရှိနေတဲ့ Raid Dungeon တစ်ခုပါ။ Raid Dungeon အမျိုးစားဖြစ်တဲ့တွက် 10 men instance နှင့် 25 men Instance အဖြစ် မိမိ နှစ်သက်ရာကို ၀င်ရောက်နိုင်ပါတယ်။
Dungeon တွေရဲ့ ထုံးစံအတိုင်းပဲ ပါဝင်မယ့် raid member တွေကိုတော့ သေချာ စီစစ်ပြီး Tanker Healer Rdps Mdps Caster စသည်ဖြင့် ညှိနှိုင်းပြီး ခေါ်ယူဖို့လိုအပ်ပါတယ်။

ခု ကျွန်တော် Share ပေးချင်တာကတော့ The Ruby Sanctum ရဲ့ နောက်ဆုံး Boss ဖြစ်တဲ့ Halion ရဲ့ Spell တစ်ချိဲု့ နဲ့ သူ့ကို ဘယ်လိုပုံစံ Down မယ်ဆိုရင် အဆင်ပြေနိုင်ဆုံးဖြစ်မယ်ဆိုတာ Share ပေးချင်တာပါ။
သိပြီး သား Player တွေတွက်တော့ တန်ဖိုးမရှိပေမယ့် စတင် Try ချင်နေတဲ့ Raid အသစ်တွေ လေ့လာနေဆဲ Player အသစ်တွေတွက် အနဲငယ်မျှ အထောက်ကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်.။
……………
အရင် ဆုံး Halion ရဲ့ အဓိကကျတဲ့ Player တွေကို ဒုက္ခအပေးနိုင်ဆုံး Spell တစ်ချို့ကို ရေးပြပေးချင်ပါတယ်။
အခက်ခဲဆုံးဆိုတာကို သိမှ အလွယ်ကူဆုံး ဆုံးဖြတ်နိုင်မှာပါ။ ရင်လောက်တင်မှ ဒူးလောက် ကျတယ်ဆိုတဲ့ စကားအတိုင်းပဲ …. Halion ရဲ့ 25 Heroic Instance မှာအသုံးပြုတဲ့ Spell တွေပဲ ရှင်းပြထားပါတယ်။
Halion မှာ Phase 3 ခုရှိပါတယ်.။

Phase 1

[Cleave] - Cleave ရဲ့ သဘောတရားကတော့ Warrior ကိုင်ဖူးတဲ့ player တော်တော်များများနားလည် သဘောပေါက်ကြပါလိမ့်မယ်။ Halion ရဲ့ Cleave ကတော့ အသုံးပြုလိုက်တိုင်းမှာ အနီးနားက သူ့ရဲ့ ရန်သူ ဆယ်ယောက်ခန့်ကို Area damage နဲ့ ထိခိုက်တာပါ။

[Tail Lash ] - Tail lash က တော့ နဂါးမျိုးတွေရဲ့ ထုံးစံတိုင်း အမြီး နဲ့ ရိုက်ထုတ်တာပါ ။ သူ့အမှီးနဲ့ ရိုက်ခံရတဲ့ Player အနေနဲ့ 2sec ခန့် stun နေနိုင်ပါတယ်။

[Flame Breath] - Flame breath ကတော့ အလွယ်ပြောရရင် နဂါးက မီးမှုတ်ထုတ်တာပါ။
Damage ကတော့ 25men မှာဆိုရင် အနဲဆုံး 26000 မှ 33000 ထိ ထိခိုက်နိုင်ပါတယ်။

[Combustion] - Combustion က တော့ Buff တင်တဲ့ spell မျိုးပါ။ combustion တင်ခံရတဲ့ Player မှာ Buff ဟာ stack တွေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တက်နေပါလိမ့်မယ်။ ဒီ Buff ကို Clean သို့မဟုတ် remove လုပ်ပစ်လို့ရနိုင်ပါတယ်။ Buff ကို Clean လိုက်တာနဲ့ Clean လိုက်တဲ့နေရာမှာ အ၀ိုင်းကွင်း ကွက်လေး တစ်ခု ကျန်နေခဲ့ပါလိမ့်မယ်။ Stack တွေရဲ့ အကျိုးဆက်ကတော့ Clean တာ နောက်ကျပြီး stack များလာလေ Clean လိုက်တဲ့နေရာက အ၀ိုင်းကွင်း ပိုကြီးလေ ဖြစ်မာပါ။ အ၀ိုင်းကွင်းကတော့ နင်းလိုက်မိတာနဲ့ Damage ထိနေမှာ ဖြစ်လို့ အ၀ိုင်းကွင်း သေးလေ ပိုကောင်းလေ ဖြစ်မှာပါ။

[Meteor Strike] - ဒီ spell က တော့ အမှတ်တမဲ့မှ အမှတ်တရအဖြစ်သို့ ပို့ပေးမယ် Spell အမျိုးစားထဲမှာပါ ၀င်ပါတယ်။ Meteor Strike ဟာ မိုးပေါ်ကနေ ကျလာတဲ့ ပုံစံမျိုးပါ။ Meteor Strike ကျမယ့်နေရာမှာ အ၀ိုင်းကွင်း အမှတ်သားတစ်ခုပေါ်လာတတ်ပါတယ်။ Meteor Strike ကျလာဖို့တွက် အချိန် 5 စက္ကန့်ခန့် ကြာမြင့်ပါတယ်။ Meteor strike ကျပြီးတာနဲ့ မြေကြီးပေါ်မှာ Fire flame လေးကြောင်း ဟာ Meteor strike ကို ဗဟိုပြူပြီး ခွဲထွက်လာပါလိမ့်မယ်။ ( အထူးသတိပြုပါ မီးထဲဖြတ်မပြေးပါနဲ့ ) ။။ ဒါ့အပြင် 25H မှာဆိုရင် Meteor Strike ကျလာတဲ့ နေရာမှာ Fire lava တစ်ကောင်ထွက်လာပါလိမ့်မယ်။
ကိုယ့်အောက်မှာ meteor strike အ၀ိုင်းကွင်းပုံပေါ်လာရင်တော့ လက်၇ှိနေရာကနေ တစ်ခြား နေရာကိုပြောင်းပေးရပါမယ်။
မဟုတ်ရင်တော့ Meteor Strike နဲ့ ညားပြီး အမှတ်တရ တွေနဲ့ ကမ္ဘာကို ရောက်သွားမှာဖြစ်လို့ပါ။
( DMB - Deadly Boss Mods addon ) အသုံးပြုထားမယ်ဆိုရင်တော့ ရှောင်ရတိမ်းရပိုမိုလွယ်ကူပါလိမ့်မယ်။

Fire lava - Fire lava ကတော့ Meteor strike ကျတဲ့နေရာက ပေါ်လာတဲ့ summon Creep အမျိုးစားပါ။ Lava ဟာ သူ့ကိုယ်ပေါ်မှာ Stack တွေတက်နေပြီး အချိန်ကြာ stack များလာတာနဲ့ အမျှ အရွယ်အစားကြီးမားလားပြီး သွေးတွေများလာတတ်ပါတယ်။ Mele dps တွေ အနေနဲ့ အနီးကပ်ပြီးချဖို့ ခဲယဉ်းပါတယ် အကြောင်းကတော့ သူရဲ့ အနီးတစ်ဝိုက်က ရန်သူတွေကို အလိုလျောက် Fire damage ထိခိုက်နေလို့ပါပဲ .။ အရွယ်စားကြီးမားလာလေ damage ပိုထိလေဖြစ်လို့ Off tank နဲ့ range တွေကအဓိက ထားပြီး သတ်ပစ်တာအကောင်းဆုံးပါပဲ။

************************************************************************************
Phase 2
---------
Phase 2 မှာတော့ Spell တော်တော်များများဟာ 1st phase က Spell နဲ့ ပုံစံတူတူတွေဖြစ်ပြီး နာမည်တွေတော့ ပြောင်းသွားပါလိမ့်မယ်။
2nd phase မှာ အထူးသတိထားရမယ့် အရာကတော့ Shadow Cutter တွေပါပဲ။

[Twilight Cutter] or shadow cutter - Shadow Cutter spell ဟာ Boss ရဲ့ 2nd Phase မှာစတင်ပြီး shadow Portal ထဲဝင်မှသာလျင် တွေ့ကြုံရမည့် spell ပါ ။ Shadow cutter ဟာ Boss ချနေတဲ့ နေရာရဲ့ ဘေးပတ်ပတ်လည်ကမှာ ရှိတဲ့ Shadoworb လေးလုံးဆီကနေထုတ်လွှတ်လိုက်တာဖြစ်ပါတယ်။ Shadow cutter တွေဟာ Boss Fight ရဲ့ အလယ်တည့်တည့်ကို ဗဟိုထားပြီး ကြက်ခြေခတ်ပုံစံ ချိတ်ဆက်ထားပါတယ်။ Shadow Cutter တွေဟာ ခန့်မှန်းခြေအရ စက္ကန့် 20 ပြည့်တိုင်းမှာ တစ်ကြိမ်ချိတ်ဆက်ပြီး တစ်ခါချိတ်ဆက်ရင် 10 စက္ကန့်ကြာမြှင့်ပါတယ်။ Shadow cutter တွေရဲ့ damage ကတော့ အထင်သေးလို့ရတဲ့ damage မျိုးမဟုတ်ပဲ တစ်ချက်တိုက်မိရုံနဲ့ တစ်သက်ပေးရမယ့် အမျိုးစားဖြစ်လို့ 2nd phase မှာတော့ အင်မတန်သတိထားရမယ့် spelll ပါ။

[Dark Breath] = [Flame Breath] ( Phase 1 )

[Soul Consumption] = [Combustion] 


----------------------------------------------------------------------------------------------------------

Boss Fight Suggestion
************************
Boss Fight အတွက် အတွေ့ကြုံတစ်ချို့ တစ်ဝက်မျှဝေပေးပါရစေ ။
အ၇င်ဆုံး ( DMB - Deadly Boss Mods addon ) လိုအပ်ပါတယ်။
Raid တစ်ခု ဟာ 10 ယောက် သို့မဟုတ် 25 ယောက် ဖြစ်တဲ့တွက် အဓိကကျတာကတော့ ရဲဘော်ရဲဘက် စိတ်နဲ့ အနစ်နာခံလိုစိတ် Leader ကို လေးစားမှုပေး တဲ့ စိတ်တွေလိုအပ်ပါတယ်။ Game လေးဆော့တာကို စကားလုံးကြီးတာတွေသုံးသလိုဖြစ်သွားရင်တော့ ဆောရီးပါ။ ဒါပေမယ့် တစ်ကယ်လိုအပ်ပါတယ်။

ဒါ့အပြင် မိမိ Class ရဲ့ လုပ်နိုင်တဲ့ အချက်လက်တွေ ၊ မိမိ ကိုင်ဆောင်ထားတဲ့ Class အနေနဲ့ ဘာတွေအသုံးပြုနိုင်တယ် Raid ကို တစ်ဖက်တစ်လမ်းက ဘယ်လိုမျိုး တွေ အထောက်ကူပြုနိုင်လဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ Damage recount တစ်ခုတည်းကိုသာ အသားပေးပြီး မဲသဲ ရိုက်နေတဲ့ Player မျိုးဟာ Raid member ကောင်းမဖြစ်သလို Raid ကိုအထောက်ကူပြုရာမှာလည်း အရမ်းကြီး အကျိုးမဖြစ်နိုင်ပါဘူး။ ဒါကကျနော့်အတွေးအထင်ပါ။

ပုံမှန်ထွက်သင့်တဲ့ damage မျိုးကိုသာ ပေးနိုင်မယ်ဆိုရင် တော်တော် အဆင်ပြေပါတယ်။ အရမ်းကြီး damage ကျွံပြီး Threat case တွေ တစ်ခြား case တွေမှာ အခက်ခဲဖြစ်စေနိုင်မယ်ဆိုရင်တော့ ပြင်ဆင်သင့်တဲ့ အမျိုးစားထဲမှာ ပါဝင်သွားပါလိမ့်မယ်။ ( စကားချပ် ၊ ၊ ကျနော့် raid မှာတော့ Warrior ကို ooze explo မှာ charge နဲ့ မဖျက်လို့ Damage ဘယ်လောက်ကြမ်းကြမ်း ဆူပါတယ်။ ဆဲပါတယ် ။ XD ) ထားပါတော့ ဆိုလိုတာက ကိုယ်ဘာလုပ်ပေးနိုင်တယ်ဆိုတာကို သိထားဖို့ လေ့လာထားနိုင်ဖို့ ပြောချင်တာပါ။

Main Tank & Off tank
Spell ဖြတ်မယ့် Class ( Mele ) အနဲဆုံး သုံးယောက်

လိုအပ်ပါတယ်။

Boss phase အပြောင်းလဲတွေမှာ Portal ထဲ မည်သူဝင်မယ် မည်သူနေခဲ့မယ် ဆိုတာကို Raid leader မှာ သေချာ ပြောထား၇န်လိုအပ်ပါတယ်။

1st Phase Boss fight
-----------------------------
ပထမဆုံး Phase မှာတော့ Main Tank အနေနဲ့ က Boss ကို Threat အကောင်းဆုံးထိန်းထားပေး ပြီး Raid ကို အကဲခတ်နေရမှာပါ။ တစ်ကယ်လို့ damage တစ်ခုခု ( ဥပမာ - Flame , lava , strike စသည် ) ကျလာပြီဆိုရင် လိုအပ်သလို နေရာရွေ့ပြောင်း Tank ထားပေးဖို့ လိုအပ်ပါတယ်။

Off Tank ကတော့ Meteor Strike ဆီမှ ထွက်ပေါ်လာမယ့် Fire lava ကို Raid gp နဲ့ ဝေးတဲ့နေရာ ( ဥပမာ ဒေါင့်ဘက်ခြမ်း တွေမှာ ခေါ် tank ထားဖို့ လိုအပ်ပါတယ်။

Damage ပေးရမယ့် Raid member တွေအနေနဲ့ ကတော့ ဆောင်ရန်ရှောင်ရန်တွေ များပါတယ်။
1st phase မှာတော့ အဓိက damage ပေးတိုက်ခိုက်ရမှာက Boss ကိုပါပဲ ။
ဒီနေရာမှာ သတိထားရမယ့် အရာတွေများစွာရှိပါတယ်။
Warrior , DK စတဲ့ Class တွေအနေနဲ့ ကတော့ Boss ကို damage ပေးနေတဲ့ အပြင် Boss ရဲ့ Spell တွေကို ဖျက်ပေးရပါတယ်။ ဒါကလုံးဝ မေ့လို့မရသလို သတိလက်လွတ် မဖြစ်ရမယ့်အချက်ထဲမှာပါဝင်ပါတယ်။

Raid member အားလုံး သတိထားရမှာကတော့ Combustion Mark ပါပဲ တစ်ကယ်လို့များ DBM ကိုသုံးထားမယ်ဆိုရင် တော့ Combustion on me ဆိုတဲ့စာတမ်းလေးတက်တက်လာတာတွေ့ပါလိမ့်မယ်။
ကိုယ့်ဆီမှာ Combustion တင်ခံရပီဆိုတာနဲ့ Raid ထဲက နေထွက်ပြီး နံရံကို ကပ်ပေးလိုက်ပါ။
Healer သို့မဟုတ် Clean လို့ရတဲ့လူက Clean ပေးလိုက်ပါလိမ့်မယ်။

ဒီနေရမှာ သတိထားရမှာက Combustion တင်ခံရတဲ့လူကလည်း နံရံကို အတတ်နိုင်ဆုံးမြန်မြန် ကပ်ပေးဖို့ လိုအပ် သလိုပဲ Clean မယ့် လူကလည်း Combustion တင်တင်ချင်း မ Clean မိဖို့ အထူးသတိထားရပါတယ်။ နံရံကို ကပ်ပြီးသာ Clean ပေးဖို့ အကြံပေးချင်ပါတယ်။ အကြောင်းရင်းကတော့ Combustion ကို Clean လိုက်တာနဲ့ ထို Player အောက်မှာ damage ထိနိုင်တဲ့ အ၀ိုင်းကွင်းကြီးပေါ်လာမယ့်အပြင် ဆွဲစု ခံရတာမျိုးဖြစ်နိုင်တာမို့ Raid မှာ အနှောင့်ယှက်ဖြစ်စေနိုင်ပြီး အခန့်မသင့်ရင် Wipe နိုင်တဲ့ ထိ ဖြစ်စေနိုင်ပါတယ်။

Meteor Strike ကတော့ အပေါ်မှာပြောခဲ့သလိုပဲ မိုးပေါ်ကနေ အလုံးလိုက်ကြီး ကျလာမှာပါ။
Raid member တွေအနေနဲ့ ကြိုရှောင်လို့ရနိုင်တဲ့ အမှတ်အသားက တော့ Meteor Strike ကျမယ့်နေရာ မှာ မြေကြီးပေါ် အ၀ိုင်းကွင်းတစ်ခု ပေါ်လာပါလိမ့်မယ် အချိန် 5 စက္ကန့် ရပါတယ် ထိုနေရာက နေ ရွှေ့ပြီး တစ်ခြားနေရာကို run ပေးပါ။ ဒါဆိုရင်တော့ Meteor Strike ရန်ကနေ လွတ်ကင်းနိုင်ပါလိမ့်မယ်။ Meteor Strike ဟာ ကျပြီဆိုရင် မီးတန်း နှစ်တန်းက ကြက်ခြေခတ်ပုံစံထွက်ပေါ်လာပါလိမ့်မယ့် အကြံပေးချင်တာကတော့ ထိုမီးတန်းထဲကို ၀င်မပြေးပါနဲ့ လွတ်ကင်းအောင်နေပါ ( သေတတ်ပါတယ် အဟင်း )

Fire lava ကတော့ Meteor strike ကျတဲ့နေရာကနေ ထွက်ပေါ်လာမည့် Summon Creep ပါ။
ထို Creep ကိုတော့ Off tank က နံရံကို ကပ်ခေါ်ပီး Tank ပေးထားရပါမယ်။
ကျန်တဲ့လူတွေကတော့ အစီစဉ်တိုင်းပဲ Boss ကို ပဲ damage ပေးနေရင်း Spell ကိုသေချာ ရှောင်တိမ်းကြရုံပါပဲ။

2nd Phase 

Boss ရဲ့ သွေး 75% ခန့်ရောက်ရင်တော့ 2nd phase ကိုစတင်ပြောင်းလဲပါပြီ 2nd phase ပြောင်းတာနဲ့ Boss ဟာပျောက်သွား ပြီး အလယ်မှာ Portal တစ်ခုပေါ်လာပါလိမ့်မယ်။
Portal ထဲကို ၀င်ရောက်ဖို့ Raid leader ပြောထားတဲ့ အတိုင်း ၀င်ရောက်ရပါမယ်။
အရေးကြီးတာကတော့ Main tank က ပထမဆုံး ၀င်ရောက်ပေးရပါမယ်။
2nd phase မှာ ဆိုရင် အတွင်း အပြင် နှစ်ခု ဖြစ်သွားပါတယ်။
Portal အတွင်းဝင်ရောက်တဲ့ Raid ကိုအရင်ပြောပါမယ်။

အထဲကိုရောက်တာနဲ့ အရင်ဆုံး လုပ်သင့်တာကတော့ မိမိရဲ့ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပါ။
Shadow orb တွေ အ၀ိုင်းအတိုင်း ပတ်နေတာကိုတွေ့ရပါလိမ့်မယ်။
အဲ့တာတွေဟာ Cutter ထွက်မယ့် Orb တွေဖြစ်ပါတယ.်။
Cutter တွေဟာ အလယ်ကို ဗဟိုပြုပြီး ကြက်ခြေခတ်ပုံစံ ချိတ်ဆက်မှာဖြစ်လို့ Raid ကော Tank ကောဟာ အလယ်မှာရှိနေလို့မရပါဘူး ဒါကြောင့် Boss ကို အလယ်တည့်တည့်နေရာမှာသာရှိအောင် နေရာကို ချိန်ပြီး Tank ပါ။

တော်တော်များများ ဟာ Shadow cutter နဲ့ သေတာများပါတယ်။ ဒါဟာလွယ်ကူပါတယ်။
အပေါ်မှာပြောခဲ့သလိုပဲ Shadow cutter ဟာ Orb တွေကနေထွက်တာဖြစ်လို့ မိမိ ဟာ Orb နဲ့ တစ်တန်း တည်း ဖြစ်မနေရပါဘူး Orb နဲ့ တစ်တန်းတည်းဖြစ် မနေဘူးဆိုရင် Cutter ဟာ ထိလာစရာအကြောင်းမရှိတော့ပါဘူး။ဒါကြောင့် မို့ Orb တွေလည်ပတ်နေတာကို သတိထားကြည့်ပြီး မိမိနေရာဟာ Orb နဲ့ တစ်တန်းတည်း ဖြစ်နေလားဆိုတာကို သတိထားပေးရပါမယ်။

Cutter တွေရဲ့ စက္ကန့် နှစ်ဆယ်မှာ တစ်ကြိမ် ချိတ်ဆက်တာမို့ စက္ကန့်နှစ်ဆယ် ပြည့်ခါနီးတိုင်း Orb ကို သတိထားကြည့်ပြီး နေရာယူမယ်ဆိုရင် Cutter ရန်က ကင်းဝေးပါလိမ့်မယ်။


Orb နဲ့ လွတ်အောင်နေပေမယ့် သတိထားရမယ် Spell တစ်ခု ကျန်ပါသေးတယ်
Soul Consumption ပါ Soul Consumption တင်ခံရတဲ့လူက နံရံကို ကပ်ပေးရပါမယ်။
Clean မယ့်သူကလည်း နံရံနားကိုရောက်မှ Clean ပေးရပါမယ်။ ဒီနေရာမှာ ခေါင်းနဲနဲသုံးရပါမယ်။
Soul Consumption တင်လိုက်တဲ့အချိန်ဟာ CUtter ထွက်မယ့်အချိန်နဲ့ တိုက်ဆိုင်နေရင်တော့ ချက်ချင်းမ clean ပဲ Cutter လွတ်မယ့်အချိန်ကို Clean ပေးတာ ပိုပြီး ကောင်းပါတယ်။
အကြောင်းရင်းကတော့ Soul Consumption Clean လိုက်တဲ့ အခါ ပေါ်လာတဲ့ အ၀ိုင်းကွင်းက Slow စေလို့ပါပဲ ။
နောက်တစ်ချက်ကတော့ 1st phase ကလိုပဲ Spell cut နေဖို့လိုအပ်ပါတယ်။ ဒါက အတွင်း Phase ပါ။

အပြင် Phase မှာတော့ အနဲဆုံး Off tank , 2 healer , Spell cut class 1 & 2 Rdps တွေလိုအပ်ပါတယ်။
Offtank ဟာ 1st phase မှာ ကျန်ခဲ့တဲ့ Lava ကိုဆက် tank ပေးထားပြီး 3rd phase အပြောင်းကို အဆင်သင့် စောင့်နေရပါမယ်။
RDPS နှစ်ယောက်ကတော့ Lava ကို ၀ိုင်းသတ်ပေးရပါမယ်။
ဆောင်ရန်ရှောင်ရန် Spell ကတော့ 1st Phase လိုပါပဲ ။ ထွေထွေထူးထူး မပြောင်းလဲသွားပါဘူး။

Boss သွေး 50%ရာက်တာနဲ့ 3rd Phase ကို ပြောင်းပါပြီ။ 2nd phase မှာ Boss ဟာ အတွင်းထဲ မှာသာရှိနေပြီး 3rd phase မှာတော့ Boss ဟာ အတွင်းကော အပြင်မှာပါ ရှိနေမှာပါ။
အထူးသတိထားရမှာကတော့ 3rd phase ပြောင်းခါနီးပြီဆိုတာနဲ့ အပြင်မှာကျန်ခဲ့တဲ့ Off Tank ဟာ 3rd phase boss ကို Tank ဖို့ အဆင်သင့်ဖြစ်အောင် နေရာယူထားပါ။
3rd phase ပြောင်းတာနဲ့ တစ်ပြိုင်နက် အပြင် ဘက်ကို Range dps တစ်ယောက် အနဲဆုံး ထွက်ပြီး ကူပေးပါ.။

Spell တွေရှောင်ရန် ဆောင်ရန်ကတော့ 1st phase နဲ့ 2nd phase လိုပဲ ထွေထွေထူးထူး မရှိတော့တဲ့ တွက် ထပ်မရှင်းပြတော့ပါဘူး။
1st & 2nd phase ကိုကျေ်လာနိုင်ခဲ့ရင်တော့ 3rd phase မှာလွယ်ကူစွာ ကျော်ဖြတ်နိုင်မှာပါ။

အထူးသတိထားရမှာတွေကတော့ ( DMB - Deadly Boss Mods addon ) အသုံးပြုပါ။
Spell name နဲ့ Spell အမျိုးစားကို သေချာလေ့လာပါ မသိလျင် Leader ကိုသေချာမေးပါ။
မရှက်ပါနဲ့ ။ သိချင်ယောင်မဆောင်ပါနဲ့ ။
Raid ထဲမှာ အာရုံစိုက်ပါ ။ AFK မလုပ်ပါနဲ့ ။ Leader ပေးတဲ့ Flow ကို သေချာနားလည်အောင်ကြိုးစားပါ။
မခိုကပ်ပါနဲ့ Spell cut နိုင်တဲ့ Class မှန်ရင် Spell cut ပေးပါ သူ လုပ်လိမ့်မယ် ငါလုပ်စရာမလိုဘူးဆိုတဲ့ စိတ်မျိုးမမွေးပါနဲ့ ဦးရင် ဦးတဲ့လူ cut ပါ။

ကြမ်းနိုင်ရမ်းနိုင်ကြပါစေဗျာ။။။။။။။။။။။။
အောက်မှာ ပုံလေးတေ ပါ တင်ပေးထားတယ်။

( Thewar ) at VK pandora











No comments:

Post a Comment