Instance Lock Expire , Reactivate Raid Lock & Extend Raid Lock


Instance Lock Expire , Reactivate Raid Lock & Extend Raid Lock
************************************************************************************
Instance Lock တွေနဲ့ unlock ပြန်ဖြစ်လား မဖြစ်လား ဆက်ပြီး lock နေဆဲလားဆိုတာကို လေ့လာနိုင်အောင်တင်ပေးလိုက်ပါတယ်။
မလေ့လာခင်မှာတော့ နဲနဲ လေး နှပ် ချင်လို့ ခဏသည်းခံပြီး စာဆက်ဖတ်ပေးပါ :)
ခုလက်ရှိ Vakok server , Pandora realm မှာ ကစားနေတဲ့ Player 100 လောက် မှာ 95 လောက်က Instance lock Expire နဲ့ မရင်းနှီးသေးတာကို တွေ့နေရပါတယ်.။ အဲ့လို Instance lock Expire နဲ့ မရင်းနှီးတဲ့တွက် တစ်ပတ် တစ်ပတ် ကို Raid lock error ပါဆိုပြီး Ticket တင်ပြီး ဖြေရှင်းခိုင်းတဲ့ Player တွေလည်း များပြားလာတယ်။

ကျွန်တော် အရင်တစ်ခါ ပုံတွေနဲ့ ရှင်းပြဖူးခဲ့ပါတယ်။ ဒါပေမယ့် ခုထိ ကို မသိသေးတာတွေများနေတုန်းပါပဲ။။
အကြောင်းရင်းက တော့ တစ်ချက်ပဲ၇ှိပါတယ်။
ပြောနေကြစကားမျိုးနဲ့ ပြောရရင်တော့ အရုပ် နည်း ပြီး စာများနေလို့ပါ။
ဆိုလိုတာက မဖတ်တာပါ ။ စိတ်ပါဝင်စားပြီး စာမဖတ်တာပါ မလေ့လာချင်တာပါ အပျင်းကြီးတာပါ။
အဲ့လိုမဖတ်တော့ဘာဆက်ဖြစ်လဲ ? ဖြစ်ပါတယ် တော်တော်ဖြစ်ပါတယ် ဒီ Game မှာကော တစ်ခြား ပတ်ဝန်းကျင်မှာရော ဘယ်နေရာမှာမှ အဆင်မပြေနိုင်ပါဘူး ။ လေ့လာမှုအားနည်းတာ ပျင်းတတ်တာတွေက ဘယ်နေရာမှ အဆင်မပြေပါဘူး သတိချပ်စေချင်ပါတယ်။
ခုနောက်ထပ်တစ်ခေါက် ထပ်ပြီး တင်ပေးပါမယ်။
--------------------------------------------------------------------------
ပထမဆုံး Raid lock သို့မဟုတ် Instance Lock တွေကို ကြည့်ဖို့ တွက် Ingame ထဲမှာ Social ( O ) ကို နှိပ်လိုက်ပါ ။ ပြီးရင်တော့
Pals , Punks , Friends , Who , Guild , Chat , Raid ဆိုပြီး အစဉ် လိုက်မြင်တွေ့ရမှာပါ ။
ထိုနောက် Raid ဆိုတာကို နှိပ်ပြီး ၀င်လိုက်ပါ ။ Raid ကိုဝင်ရောက်ပြီးရင်တော့ ညာဘက်အပေါ်ထောင့်မှာ Raid Info ဆိုတာကို ထပ်ဝင်လိုက်ပါ ။ Raid info ကိုဝင်ရောက်လိုက်ရင် ညာဘက်မှာ Box တစ်ခု ကျလာပြီး Box ထဲမှာ Instance / Lock expire ဆိုပြီး ခေါင်းစဉ်နှစ်ခု ပေါ်လာပါလိမ့်မယ်။
Instance
***********
Instance ဆိုတာကတော့ မိမိဝင်ရောက်ထားတဲ့ Dungeon တွေရဲ့ List ကိုဖော်ပြပေးတာပါ။
ဥပမာ။ ။ Icecrow citadel , ulduar , Nightfall , etc......
Instance ရဲ့ဘေးက Lock Expire
****************************************
Lock expire ဆိုတာကတော့ မိမိဝင်ရောက်ထားတဲ့ Instance တွေရဲ့ unlock ဖြစ်မယ့်ရက်တွေ unlock ဖြစ်နေတဲ့ raid တွေကို ဖော်ပြပေးတာမျိုးဖြစ်ပါတယ်။
ခုမှ အဓိက အချက်ကိုစတော့မှာပါ ။
Lock Expire ကိုလေ့လာကြည့်ရင် ကျွန်တော်တို့တွေ့နိုင်တာက Expired သို့မဟုတ် Day/H/min ဆိုပြီး တွေ့ရပါလိမ့်မယ်။
What is Expire
*************************
Expire ဆိုတာ သက်တမ်းကုန်သွားပြီး သို့မဟုတ် သက်တမ်းလွန်သွားသည် သို့မဟုတ် အချိန်စေ့နေပြီ လို့ အလွယ်တကူ ဘာသာပြန်ပေးနိုင်ပါတယ်။ အဲ့တာကို Wow စကားလုံးနဲ့ပြန်ပြီးပြောရမယ်ဆိုရင် Lock Expire ကို unlock ဖြစ်နေပြီ သို့မဟုတ် Lock မရှိတော့ ဘူး or Lock time ကုန်သွားပါပြီလို့ ဖွင့်ဆိုနိုင်ပါတယ်။
Expire ရဲ့ သဘောတရားကတော့ Instance တစ်ခုကိုပြီးဆုံးတိုင်အောင်ထိ ရက်တွေ အပတ်တွေ ဆွဲပြီးတော့ သေချာ စုစည်းပြီး Down နေတဲ့ Riad တွေတွက် အစဉ်ပြေအောင် ထည့်ပေးတာမျိုးပါ.။
Expire ကဘာလုပ်လို့ရနိုင်မှာလဲ>?
Raid info Box ကို သေချာကြည့်မယ်ဆိုရင် အောက်ဘယ်ဘက်ခြမ်းလောက်မှာ Reactivate Raid Lock ဆိုတာကို ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။ ဆိုလိုရင်းက ရှင်းလင်းပါတယ်။ ပြီးခဲ့တဲ့ Lock ခဲ့တဲ့ Instance boss ကနေ ပြန်ပြီး စမယ်လို့ ဆိုလိုချင်တာပါ။
ဥပမာ။ ။ ဒီတစ်ပတ်မှာ Icc က BQ ထိ ချခဲ့ပြီးပြီ နောက်တစ်ပတ်မှာ အစကနေ ပြန်မ၀င်ပဲ BQ ထိချခဲ့တဲ့ Lock instance ကနေပဲ ဆက်ပြီး Down ချင်တယ်ဆိုတာမျိုးတွေမှာ Reactivate Raid Lock ကို အသုံးပြုရတာပါ။
Reactivate Raid Lock ကို နှိပ်လိုက်မယ်ဆိုရင်တော့ Reactivate Raid Lock ကနေ Extend Raid lock အဖြစ်ကို ပြောင်းလဲသွားပြီး
Instance lock မှာလည်း Expire အစား day / H / Min ဆိုပြီး ပြီးခဲ့တဲ့အပတ်က Lock အတိုင်း ပြန်ပြီး ဆက် lock သွားမှာကို တွေ့ရပါလိမ့်မယ်။
ဒါကြောင့်မို့ Social >> Raid >> Raid info မှာမြင်တွေ့ရတဲ့ Expire ဆိုတာဟာ Raid lock error တစ်ခုမဟုတ်ပဲ Target တစ်ခုကိုသေချာရေရာစွာနဲ့ Plan ထားပြီး Down နေတဲ့ Raid တစ်ခုတွက်သာ ရည်ရွယ်ပေးထားခြင်းသာဖြစ်ပါတယ်။
ဒါကြောင့်မို့ မိမိရဲ့ Raid info ကိုကြည့်ပြီး Raid lock သို့မဟုတ် unlock ( expire ) ဖြစ်နေလားဆိုတာကို
သေသေချာချာ လေ့လာသွားနိုင်ပါတယ်။ ဒီထက်ပိုပြီးသေချာတိကျချင်တယ်ဆိုရင်တော့
မိမိကိုယ်တိုင် Lock နေတယ်ထင်တဲ့ Instance ကို ကိုယ်တိုင် ၀င်ရောက်ပြီး ၀င်လို့ ရ မရ Boss မြင်ရလား မမြင်ရလားဆိုတာ ဆန်းစစ်နိုင်ပါသေးတယ်။
( အထူး သတိထားရမှာတော့ မိမိ Raid info မှာ Instance expire ဖြစ်နေပြီဆိုရင်တော့ လက်ဆော့ပြီး Reactivate Raid Lock ကို မနှိပ်မိဖို့ ပြောချင်ပါတယ်။ Reactivate Raid Lock နှိပ်မိလို့ Lock သွားခဲ့ရင်တော့ စိတ်မကောင်းဘူး ငါ့ကောင် လို့ ပြောပေးရုံမှ တပါး ဘာမှတတ်နိုင်မှာမဟုတ်ပါဘူး ၊ Reactivate Raid Lock ဆိုတာဟာ Raid leader လုပ်တဲ့သူ နှင့် သေချာ ကို Target တစ်ခုထားပြီး down နေတဲ့ Raid အတွက်သာ အဆင်ပြေ အသုံးဝင်တာမျိုးဖြစ်ပြီး သာမာန် ICC ကို ပုံမှန် boss down ပြီး နောက်တစ်ပတ်အသစ်ပြန်ဝင် Item ရှာနေတဲ့ Bro တွေတွက်တော့ ကြီးမားတဲ့ အန္တရာယ်ဖြစ်တာမို့
Instance expire ကိုမြင်ပါက မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက်လို့ ဆိုပြီး ငြိမ်ငြိမ်လေးနဲ့ အေးဆေးလေး နေလိုက်တာအကောင်းဆုံးပါပဲ ခင်ဗျာ .။ )
အဆင်ပြေပါစေ ဗျာ……
သင့်ရဲ့ ချစ်လှစွာသော Thewar :P
*************************************************************************************
ရေးပေးရတဲ့ အကြောင်းရင်းကလည်း မသိတဲ့သူတွေ များနေတော့ တစ်ချို့သော Player တွေက မမှန်မကန်နဲ့ Raid lock error ပါဆိုပြီး တစ်ပတ်ကို သုံးခါလောက် Raid တွေပြန်ပြန် ဖြည် ခိုင်းနေတဲ့တွက်ရေးပေးလိုက်တာပါ ( ဒါက စကားချပ် )


No comments:

Post a Comment