Sub Rogue in PVP

ကျွန်တော်ကို တမေးထဲမေးနေကြတဲ့ဘော်ဒါတွေရော မမေးတဲ့ဘော်ဒါတွေရော ကျွန်တော်သိသလောက်ကလေး လက်ဆင့်ကမ်းချင်ပါတယ်
ကျွန်တော်က ယန်းဘလူးပါ အခုအချိန်ထိ ကိုယ့်အကောင်ရဲ့ Stats တွေ ပုံမှန်မရှိသလို သိလဲမသိပါဘူး ဒါကြောင့်ကျွန်တော်သိတာပဲ ကျွန်တော်ချပြသွားပါမယ်....။ ကျွန်တော်ထက်ပိုသိတဲ့လူတွေလဲ အကြံဝင်ပေးစေလိုပါတယ်။


Sub Rogue အတွက်အရေးကြီးတဲ့အထဲမှာ Move ကအဓိကပါပဲရန်သူကို နောက်ကထိုးနိုင်မှ Sub Rogue Damge ကြမ်းပါတယ်... Sub rogue မှာမက်လောက်စရာ Damage ဆိုလို့ Ambush and Backstab ပဲရှိတာပါ ရှိတဲ့ ၂ခုလုံးဟာလဲ နောက်ကျောကထိုးမှရတာမလို့ အဓိက Move လေး Train စေချင်ပါတယ်ဗျာ... ရန်သူက ကျောမပေးပဲ ပတ်ပြေးရင်လဲ ရအောင်လိုက်ခုတ်နိုင်ရပါမယ်... ဘယ်လိုမှမရရင် Gouge သုံးပြီး သွားချပါ.. ဒါမှမဟုတ် [Distract] နဲ့ရန်သူနောက်ကိုပစ်ဖောက်ပြီး လှည့်စားချပါ... ဒါမှသာ Sub Rogue Damage လိုချင်သလောက်ရမှာပါ
1- Talents
××××××××
ကျွန်တော်ကောင်းမယ်ထင်တာလေးပါ
http://wotlk.openwow.com/talent#f0ecoZhZebfbhGddAzVbRt
[Hemorrhage] ယူဆော့ချင်တဲ့လူတွေအတွက်
http://wotlk.openwow.com/talent#f0ecoZhLZebfb0GdbAzVbRt
ကျွန်တော်ကတော့ [Hemorrhage] မယူပဲဆော့ပါတယ်
===============================
2- Glyphs
×××××××××
[Glyph of Shadow Dance] [Glyph of Preparation] [Glyph of Vigor]
[Glyph of Blurred Speed] [Glyph of Distract] [Glyph of Vanish]
===============================
3- Gems
×××××××××
Sub Rogue ရဲ့ Talent မှာ Deadliness = 10% AttackPower နဲ့ [Sinister Calling] = 15% Agility ပါလို့ သင်Gem ထည့်မယ်ဆိုရင်
Agility - 1st and Attackpower -2nd ထည့်စေချင်ပါတယ်
===============================
4- Enchantments
×××××××××
သိဘူး ကောင်းမယ်ထင်တာအကုန်ထည့်
===============================
5- Macros
×××××××××
ဘယ်သူနဲ့ချချ အရင်ဆုံး
/focus
ဒါလေးနဲ့ Focus အရင်ယူတယ်ဗျ
ကိုယ်ဖျောက်ကောင်တွေအတွက် R vs R
/cleartarget
/targetenemy
/cast sap
လိုအပ်သလို
/cast [target=focus, exists] Sap(Rank 4)
အဲ့ဒါလေးလဲလိုအပါတယ်ဗျ
Single Target Pally and Warrior လိုကောင်တွေအတွက်မလိုအပ်ပေမဲ့ Pet ပါတဲ့ကောင်တွေ DK, Warlock, Frost mage, Hunter ဘာညာကွိကွ ကိုယ်ပွားပါတဲ့အကောင်တွေ Mage လိုကောင်မျိုးတွေနဲ့ချရင်တော့ တကယ်ကို
သိသိသာသာကောင်းပါတယ်ဗျာ အသက်နည်းနေတဲ့ Mage လိုကောင်မျိုးတွေ အတုတွေကြားထဲမှာကွယ်ပြီး အသက်ဖြည့်တဲ့အချိန်မျိုးမှာ ပုံမှန် Sap နဲ့ဆိုရင် Sap လို့အဆင်မပြေတာတွေရှီပါတယ် ဒီ Micro နဲ့ Sap ရင်တော့ Phantom Lancer လို အုပ်လိုက်ထဲရောက်နေလဲ အစစ်ကိုပဲ ရွေး Sap မှာပါ ဒါပေမဲ့ ကျွန်တော်ပြောသလို /focus လေးတော့ ယူထားဖို့လိုတာပေါ့
ကျွန်တော်ဆို Sap နှစ်ခုလုံး ကီးပေးထားပါတယ်ဗျာ
အပြေးအလွှား နဲ့ အရှောင်အတိမ်း ဂျစီဂျိန်းလုပ်ချင်ရင်တော့
/cast Evasion(Rank 2)
/cast Sprint(Rank3)
ဒါလေးလုပ်ထားလိုက်ဗျာ...
/cast Shadowstep
/cast [target=focus] Shadowstep
ကိုယ် Focus ပေးထားတဲ့ သူဆီ Blink ခုန်သွားနိုင်မဲ့ Micro လေးပါ
/cast Shiv
/equipslot 16 Rib Spreader
/equipslot 16 Silent Witchblade
ဒါကတော့ Weapon Change ပြီးထိုးချင်တဲ့သူတွေအတွက်ပါ ချနေရင်းလဲ change လို့ရသလို မချပဲလဲ change လို့ရပါတယ်
ဒါလေးကတော့ တော်တော်အသုံးဝင်မဲ့ Micro လေးပါ
/cast [combat,nostealth] Gouge
/cast [nocombat,nostealth] Stealth
/cast [stealth] Sap(Rank 4)
ချနေတဲ့အချိန် Gouge နဲ့မူးပြီး ကိုယ်ဖျောက်ချင်လှသူတွေအတွက်ပေါ့ဗျာ တစ်ခုသတိပြုရမှာက ဘဒိုတို့ Gouge သုံးပြီးကိုယ်ဖျောက်ချင်ရင် ရန်သူပေါ်မှာ Bleed Effect ၀င်နေလို့တော့မရဘူးနော်... ဥပမာ [Rupture] [Garrote] နဲ့ [Deadly Poison IX] တွေပေါ့ဗျာ... ဒါတွေသုံးထားရင်တော့ Gouge ဟာအလုပ်လုပ်မှာမဟုတ်သလို ကိုယ်လဲပြန်ဖျောက်လို့မရနိုင်တော့ပါဘူး
ဒါလေးကတော့ BattleGround မှာ စကေးပြဖို့အတွက်ပေါ့ဗျာ၂ကောင်ရှိရင် ကိုယ်မသတ်ပဲ CC ပေးမဲ့ တစ်ကောင်ကို အရင်ဆုံး /focus ယူထားလိုက်ပါ
အဲ့ဒီကောင်ကို 10sec Sap ပီး သတ်လို့ရမဲ့အကောင်ကိုထိုးပါတယ်သူ sap ပြေခါနီးမှာ
/cast [target=focus, exists] Blind; Blind;
အဲ့ဒီမိုက်ခရိုလေးနဲ့ 10 sec Blind လိုက်ပါတယ် Blind တင်ထားတဲ့လူ ပြေခါနီးမှာ တစ်ကောင်မသေသေးဘူးဆိုရင်တော့
/cast Vanish
/stopattack
/cast [target=focus, exists] Sap; sap;
/stopattack
ဒီ Micro လေးကိုသုံးလိုက်ရုံပါပဲ သူ့ဟာသူ CC man ကို နောက် 10sec Sapထားပါလိမ့်မယ်... အဲ့ဒါမှ မသေရင်တော့ ပြေးပေါ့ဗျာ :P
Dummy 2 တိုင်နဲ့ စမ်းကြည့်နိုင်ပါတယ်
==================================
Stealth time
--------------
[Cheap Shot] = ကိုယ်ဖျောက်ထားတဲ့အချိန်မှာသာအသုံးပြုနိုင်ပြီး
ရန်သူကို ၄စက္ကန့် မူးစေပါတယ် Shadow dance သုံးပြီးနောက်တစ်နောက်တစ်ကြိမ်ထပ်မူးရင်တော့ ၂စက္ကန့်ပဲ မူးတော့မှာဖြစ်ပါတယ်
[Ambush] = Rogue တစ်ကောင်အတွက် Damage အပြင်းဆုံး Spell တစ်ခုဖြစ်ပြီး ရန်သူရဲ့နောက်ကျောမှထိုးဖို့လိုအပ်ပါတယ် ကိုယ်ဖျောက်ထားတဲ့အချိန်မှာအသုံးပြုထားနိုင်သလို Shadow Dance သုံးထားတဲ့အချိန်မှာ Energy ရှိသလောက် သုံးသင့်တဲ့ Big damage spell တစ်ခုဖြစ်ပါတယ်
[Garrote] = mana သုံးတဲ့ကောင်တွေကို 3sec silence ဖြစ်စေတဲ့အပြင် Blood effect ၀င်နေသလို အသက်တစိမ့်စိမ့်လျော့စေပါတယ် Rogue တွေ ကိုယ်ဖျောက်ရင်လဲ ပြန်ပေါ်စေပါတယ်
Combat time
---------------
[Premeditation] = ကိုယ်ချမဲ့ရန်သူရဲ့ အပေါ်ကို combo 2 point တင်လိုက်တာပါ စက္ကန့် ၂၀ အထိအသုံးပြုလို့ရပါတယ် CD 20sec
[Shadow Dance] = Sub Rogue ရဲ့ နောက်ဆုံး Talent ဖြစ်ပြီး SD သုံးလိုက်တဲ့ ၆စက္ကန့်အတွင်းမှာ ကိုယ်ဖျောက်ချိန်မှာသုံးရမဲ့ Spell အားလုံးကို ကိုယ်ပေါ်နေချိန်မှာ အသုံးပြုနိင်ပါတယ် (ဥပမာ = [Cheap Shot] [Ambush] [Garrote] [Premeditation] [Sap] အားလုံးကိုအသုံးပြုလို့ရပါတယ်) ဒါပေမဲ့ SD သုံးထားတဲ့အချိန်မှာ Ambush ကိုရသလောက်ထိုးဖို့အကြံပြုပါရစေ... လိုအပ်ရင်တော့ Cheap shot and Kidney shot သုံးချင်သုံးပေါ့ ကျန်တာတွေတော့ မသုံးစေချင်ဘူး Damage ပိုထွက်လို့ပါ Glyph ထည့်လိုက်ရင် 8sec ထိ အသုံးချလို့ရပါတယ် CD 1min
[Preparation] = [Evasion] [Sprint] [Vanish] [Shadowstep] [Dismantle] [Kick] Blade Flurry and Cold BLood အားလုံးရဲ့ CD တွေ စောင့်စရာမလိုပဲ နော်တစ်ကြိမ်ထပ်သုံးလို့ရတဲ့ Spell ကောင်းတစ်ခုဖြစ်ပါတယ် CD 5min
[Backstab] = Ambush အသေးစားပါပဲ Ambush ပြီးရင် Sub Rogue မှာ Damage ကြမ်းတဲ့ Spell တစ်ခုပါ နောက်ကျောမှထိုးဖို့လိုအပ်ပြီးပါတယ် သူကတော့ stealth ဖြစ်စရာမလိုပဲ အချိန်တိုင်းမှာထိုးလို့ရပါတယ်
[Shiv] = ဒါလေးကတော့ အသုံးနည်းလှပါတယ် ရန်သူကို ဘယ်လိုမှ နောက်ကထိုးမရတဲ့အချိန်မျိုးမှာ ကျွန်တော်သုံးပါတယ် နောက် Weapon change တဲ့အချိန်မျိုးမှာ သာသုံးလေရှိပါတယ် damage ကလဲမက်လောက်အောင်တော့မကောင်းလှပါဘူး
[Sinister Strike] = သူကလဲ [Shiv] နည်းတူပါပဲ ရန်သူနောက်ကိုဘယ်လိုမှ မသွားနိုင်တဲ့အခြေအနေမျိုးမှာသုံးရမဲ့ Spell မျိုးပါပဲ ဒါပေမဲ့ ကျွန်တော်ကတော့ Spell ကွက်ထဲမှာကိုထည့်မထားပါဘူး
[Feint] = ကတော့ Pally and Warrior BS time တွေမှာ သုံးသင့်တဲ့ Spell တစ်ခုပါဗျာ... ၆စက္ကန့်အတွင်း Area effect damage 50% လျော့ချပေးပါတယ် CD ကတော့ ၁၀စက္ကန့်ပါ
[Gouge] = သူကတော့ ရန်သူကို ၄စက္ကန့် sap ထားမှာပါ talent ယူမထားရင်တော့ stealth ပြန်လုပ်ခွင့်မရနိုင်ပါဘူး ဒါကြောင့် ကျွန်တော် talent တွေထဲမှာ Gouge 3 ဆင့်အပြည့်ယူထားတာပါ... Gouge-4sec + talent 1.5sec = 5.5 sec... ဖြစ်သွားပါတယ်... 5sec ဆိုရင် Combat လွတ်သွားပြီပို့ Stealth ပြန်လုပ်လို့ရပါတယ်... ကျွန်တော် Stealth ခဏ ခဏလုပ်နေရတဲ့ အကြောင်းဟာ ဒီ Gouge သုံးပြီးတော့ ဖျောက်နေတာပါ
[Kick] = သူကတော့ Casting ဖျက်တဲ့ spell လေးပေါ့ ဥပမာ Fear casting time မှာ Kick လိုက်ရင်ပျက်သွားသလို ၅စက္ကန့်အတွင်း သူ Casting ဆွဲနေတဲ့ Spell သုံးလို့ရမှာမဟုတ်တော့ပါဘူး
[Distract] = ကတော့ ရန်သူကို လှည့်ဖျားတဲ့ ဗုံးသေးလေးပဲဆိုပါဆို့... သူနဲ့မျက်နှာချင်းဆိုင်ချနေတဲ့အချိန်မှာ ရန်သူရဲ့နောက်ကျောကိုပစ်ပေါက်လိုက်ရင် ဗုံးပစ်တဲ့ဘက်ကို မျက်နှာလှည့်သွားပါတယ် အဲ့ဒီအချိန်မှာ Backstab သုံးပေါ့ :D
[Disarm Trap] = ကတော့ ဟန်တာ Trap တွေကို အဝေးကနေ ဖြုတ်လို့ရတဲ့ Spell လေးပါပဲဗျာ... CD မရှိပါဘူး ထောင်သမျှအကုန်ဖြတ်လို့ရပါတယ်
[Shadowstep] = ဒါကတော့ ရန်သူရဲ့နောက်ကျောကို Blink ခုန်ပြီးတဲ့ Spell လေးဖြစ်ပြီး... ခုန်ပြီးပြီးချင်း ၃စက္ကန့်အတွင်း ၇၀% အထိ movementspeed မြန်စေပါတယ် CD ကတော့ 20sec
[Blind] = ရန်သူကို ၁၀ စကန့်လောက် ရူးထားလိုက်ပါတာပေါ့ဗျာ.. :D ဒီSpell သုံးချင်တယ်ဆိုရင် Blood effect and Deadly poisont သုံးထားတဲ့အချိန်မှာ မသုံးသင့်ပါဘူး... အဲ့ဒါဆိုရင်တော့ ၁၀ စက္ကန့်မပြည့်ခင်မှာပဲ သင့်ကို ပြန်လုပ်ပါလိမ့်မယ် :P
[Cloak of Shadows] = ဒီဝတ်ရုံလေးခြုံလိုက်တာနဲ့ ရန်သူတင်ထားတဲ့ Spell အားလုံးဖျောက်ကွယ်သွားသလို သုံးထားလိုက်တဲ့ ၅စက္ကန့်အတွင်းမှာလဲ Spell ထိဖို့ခက်ပါတယ် ဥပမာ Priest Fear Warlock Fear Pally Stun တွေအားလုံး Miss တက်နိုင်ပါတယ် ( ဒီတစ်ကွက်တော့ မပြောချင်ပြောချင်နဲ့ပြောလိုက်ရတယ်ဗျာ.. Anti Rogue ဘဲတွေသိကုန်မှာဆိုးတယ် :3
[Dismantle] = ဒါကတော့ အားလုံးသိမှာပါ ပြောတော့ဘူး လက်နတ်ဖြုတ်တာပေါ့
Finishin move
---------------
[Eviscerate] = Finishing move ထဲမှာ damage အလုံးလိုက်အရင်းလိုက်ထွက်စေတဲ့ Spell ပေါ့ Combo point အနည်းအများအပေါ်မူတည်ပြီး Damage done ကွာခြားပါတယ်
[Envenom] = သူကလဲ Eviscerate နည်းတူပါပဲ damage အလုံးလိုက်ဝင်တဲ့ spell ပါပဲ ဒါပေမဲ့ သူ့ကိုသုံးချင်ရင် Deadly poison သုံးထားမှသုံးရမှာပါ Sub Rogue နဲ့တော့ သိပ်မကိုက်ဘူးလို့ အကြံပြုပါရစေ
Combo point အနည်းအများအပေါ်မူတည်ပြီး Damage done ကွာခြားပါတယ်
[Deadly Throw] = သုံးလေ့သုံးထနည်းပါတယ် အဝေးထွက်ပြေးတဲ့လူတွေနောက်ကို လိုက်တဲ့အခါမှာသုံးတဲ့ finishing move တစ်မျိုးပါပဲ ရန်သူကို 50% MS လျှော့ချပေးပါတယ် Combo point အနည်းအများအပေါ်မူတည်ပြီး Damage done ကွာခြားပါတယ်
[Rupture] = သူကတော့ damage တစိမ့်စိမ့်ဝင်တဲ့ Finishing move တစ်ခုပါ Rogue vs Rogue မှာအသုံးများလေ့ရှိပါတယ် Combo point အနည်းအများအပေါ်မူတည်ပြီး Damage done ကွာခြားပါတယ်
[Kidney Shot] = သူကလဲ Finishing move တစ်ခုပါပဲ Combo point အနည်းအများအပေါ်မူတည်ပြီး ရန်သူကို ၂စက္ကန့်မှ ၆စက္ကန့်အထိ မူးပေးပါတယ် CD 20 sec ရှိပါတယ်
[Slice and Dice] = ကိုယ့်ရဲ့ attack speed ကို 40% အထိမြှင့်တင်ပေးပါတယ် Combo point အနည်းအများအပေါ်မူတည်ပြီး Sec time ကွာခြားပါတယ်
[Expose Armor] = ရန်သူရဲ့ Armor ကို 20% လျော့ချပေးပါတယ် Combo point အနည်းအများအပေါ်မူတည်ပြီး Sec time ကွာခြားပါတယ်
5- Rotation
×××××××××
ကျွန်တော်ကတော့ စ၀င်ဝင်ချင်း Sap မသုံးတာများတယ်
Sap သုံးပြီး open တာက ဘာနဲ့ တူလဲဆိုတော့ လက်သီးကြီးထောင်ပြပြီး ထိုးတော့မှာနော်လို့ ပြောမှာထက် မပြောမဆို ထထိုးလိုက်တာ သူ့အငိုက်မိတာပေါ့ဗျာ... :P
Battle တွေမှာလဲ Rogue တွေမြင်ပါတယ် အားတိုင်းယားတိုင်း Sap နေကြတာ... အဲ့ဒီလို Sap Sap နေတော့ Rogue ရှိတယ်ဆိုတာအသိပေးသလိုဖြစ်နေတာပေါ့ဗျာ... Rogue ပါဆိုမှ အလစ်အငိုက်စောင့်ပြီး ၀င်တီးကြပါ ဖြစ်နိုင်ရင် Rogue ဘယ်နားမှာရှိတယ်ဆိုတာ မသိလေကောင်းလေပါပဲ :D
ကျွန်တော်အခုပြောမှာ ဘာမှ မသိသေးတဲ့ Rogue Player တစ်ယောက်အတွက် သာမန်အပြုသဘောဆောင်တဲ့ attackingလေးပါ ရန်သူမှာ Trinket မပါဘူးလို့ သဘောထား ပြီးတော့ပဲ ပြောပါမယ်....
အဲ့ဒါလောက်အထိတော့လိုက်ပြောလို့မရဘူးလေ သူသုံးချင်တဲ့အချိန်သုံးမှာကို အာ့တော့ကွကို ကျုပ်ကျက်လိပေါ့
ကဲရန်သူကိုစချမယ်ဆိုထဲက [Premeditation] တင်လိုက်မယ်ဗျာ 2CB ရပြီ
ရန်သူကို စဖွင့်ဖို့ရွေးပါ Cheap shot or Ambush ကြိုက်တာသုံး ကျွန်တော်က်တော့ Ambush သုံးလိုက်ပြီဗျာ... အဲ့ဒီမှာ CB5point ရပြီ KS ကျွေးလိုက်တယ် ၆စက္ကန့်... Shadowdance သုံးပြီး Ambush 3 ချက်လောက်ဆင့်ကျေးလိုက်တယ် ပြီးမှ Chapshot ၄စက္ကန့် ထပ်မူးပြီး [Dismantle] [Evasion] [Sprint] အားလုံးဖွင့်ချပါတယ် ပြီးတာ နဲ့ Vanish နဲ့ပြေးပါ Energy လောက်ပါ့မလားမမေးပါနဲ့လောက်ပါတယ် ကျွန်တော်သလိုချရင် Energy ကွက်တိလောက်ပါတယ်
KS cd wait ပြည်ရင် ပြန်လာမယ် [Premeditation] ထပ်တင်လိုက်ပြီ CS 4sec ကျွေးလိုက်မယ် ပြီးရင် KS 6sec ပြီးရင် [Preparation] သုံးပြီး Vanish again...
KS cd wait ပြည်ရင် ပြန်လာမယ် [Premeditation] ထပ်တင်လိုက်ပြီ CS 4sec ကျွေးလိုက်မယ် ပြီးရင် KS 6sec ပြီးရင် Blind တင်ပြီး Stealth ပြန်လုပ်မယ်
KS cd wait ပြည်ရင် ပြန်လာမယ် [Premeditation] ထပ်တင်လိုက်ပြီ CS 4sec ကျွေးလိုက်မယ် ပြီးရင် KS 6sec ပြီးရင် [Dismantle] [Evasion] [Sprint] အဲ့ဒါမှ မသေရင်တော့ ကိုယ်သေပေါ့ :D စိတ်ကြိက်ထိုးလို့ပြီးသွားပါ သဖြင့် အေးအေးဆေးဆေးအသေခံလိုက်လဲတန်ပါတယ် :P
ကျွန်တော်ပြောတာ သာမန်ပုံမှန်အတိုင်းလေးပဲရိုးရိုးလေးပဲ ၀င်ပြတာပါ... ကျန်တာကတော့ ကိုယ့်ဟာကိုဆက် |Train ရမှာပါ ကျွန်တော်ပြောသလို ပွဲ ၁၀၀ လောက်ချပြီး အဆင်မပြေဘူးလို့ တော့လာမပြောပါနဲ့ ကျွန်တော် အခုလိုအဆင်ပြေပြေလေးချနိုင်လာတာဟာ ရှေ့မှာ ပွဲတွေအများကြီးရှုံးပြီးမှ ချနိုင်လာတာပါ အဲ့ဒီတော့ ဒီအကောင်နဲ့ ကိုယ့်လက်နဲ့ တစ်သားထဲဖြစ်သွားအောင် Duel များများချပြီးလေ့ကျင့်ပါလို့အကြံပြုပါရစေဗျာ... ကျွန်တော်တို့က အဲ့လောက်အထိပဲ ပြောပြလို့ရပါတယ်
ကျန်တာတွေက duel ချင်းနဲ့ အတွေ့အကြုံလေးတွေ အထှာလေးတွေသိလာပါလိမ့်မယ်...
ဥပမာ Pally တွေမီးခင်းပြီး ချတာမျိုးရှိတယ်... ကျွန်တော်တင်မင်သူတို့မီးထဲကိုနင်းပြီးချတယ် ဘာလို့လဲဆိုတော့ သူတို့မီးခင်းထာလို့ သူတို့ Sap မရဘူး အဲ့ဒီတော့ ကျွန်တော်သာတယ် သူတို့မီးခင်းထားတာ Damage ဘယ်လောက်ထိမှာမလို့လဲ... ဒါမျိုးလေးတွေပေါ့... Warrior BS သုံးတဲ့အချိန် Feint and Dodge ဖွင့်ပြီး လိုက်ထိုးတာတို့ဘာတို့ လဲ ဘဒိုတို့ သိလာပါလိမ့်မယ်
အားမလျှော့ကျပါနဲ့... များများကြမ်းချင်ရင် မာျးများချပါ... များများသေပါ
သင်များများသေလျှင် များများကြမ်းလိမ့်မည် :P
:D Welcome all Rogue!!!!
( ရေးသားသူ - Zoy Speãr )

No comments:

Post a Comment