Discipline priest (PvP) Guide

Discipline priest (PvP) Guide  

 Dis priest ကို bg ရဲ့ကယ်တင်ရှင်လို့ပြောနိုင်ပါတယ် ..မူရင်း buff တွေရယ် magic buff ကော disease buff ကိုပါ အချိန်တိုအတွင်းဖျောက်ပေးနိုင်တာက အားသာချက်တရပ်ပါ..healing amount နည်းတယ်ထင်ရပေမယ့် incoming damage reduce နိုင်စွမ်းက ပိုပြီး အကျိုးရှိစေပါတယ်..


Talent
ပုံတူကူးချလို့မဆိုလိုပါ..PvP ရဲ့အနှစ်သာရကိုက မတူညီတဲ့နည်းလမ်းတွေနဲ့ အနိုင်ယူခြင်း ဆိုတော့ ကွဲပြားတာတွေရှိပါတယ် အကောင်းဆုံးထင်တဲ့ talent ကိုပြပေးထားပါတယ်


Glyph
-Glyph of Peneance (main healing spell ကို cd 2 sec လျော့ပေးလိုက်တာပါ ..မဖြစ်မနေကိုထည့်သင့်ပါတယ်)
-Glyph of massic dispel (အထည့်များဆုံး glyph ပါပဲ massic dispel mana cost လျော့လိုက်တာပါ အမြဲတမ်း buff ဖြုတ်နေတဲ့ priest လိုက်ဖက်ပါတယ် )
-Glyph of dispel magic ( dispel magic သုံးတိုင်း max hp 3% heal ပေးပါတယ်dispel အသုံးများတယ်ဆိုရင် ထည့်သင့်ပါတယ် )
-Glyph of power word :shield ( shield absorb ထားတဲ့ dmg amount ကို % နဲ့ target ကို ပြန် heal ပေးပါတယ် shield absorb dmg amount ကို ဖော်ပြထားတာ နည်းတယ်ထင်ရပေမယ့် တကယ်တမ်း 2000 မကဘူးဆိုတာ သေချာပါတယ် ထည့်ထားတာမမှားပါဘူး)
-Glyph of flash heal (cd မရှိတဲ့ flash heal ကို အမြဲတမ်း heal နေတယ်ဆိုရင်တော့ လက်မလွတ်သင့်တဲ့ glyph ပါ mana cost ကို 10% တောင်လျော့ပေးလို့ပါပဲ)

Base stats
 gs step တွေအတွက် တိတိကျကျပြောလို့မလွယ်ပါဘူး သိထားရမှာက healer တွေထဲမှာအပျော့ဆုံး class ဆိုတာပါပဲ
ဆိုလိုတာက resillence ကို 1100 လောက်တော့ ထားသင့်ပါတယ် spell အားလုံးက spell power ပေါ်အခြေခံထားတဲ့အတွက် spell power ကို main ထားပြီးတင်ပါ..Haste ကလည်းလိုအပ်တာမို့

Gem
Red socket မှာ spell power ထည့်ပါ
Yellow socket မှာ haste နဲ့ resi မျှ ထည့်ရမှာပါ
blue socket မှာတော့ အငြင်းပွားစရာတွေရှိပေမယ့် mana per sec ကို ရွေးချယ်သင့်ပါတယ် PvP မှာ spirit gem ဟာအသုံးမဝင်လှပါဘူး spirit ရဲ့ mana တက်ပုံဟာ cast မဆွဲရင် ပိုကြမ်းတာမို့ cast အမြဲဆွဲနေရတဲ့ PvP မှာ အံမဝင်တော့ပါဘူး
(Yellow socket မှာ intel gem ထည့်ပြီး mana pool တိုးနိုင်ပါတယ်)

Pro skill
Pro skill မှာ tailoring က အလိုက်ဖက်ဆုံးပါ ...
Alchemy ကလည်း PvP မှာမက PvE မှာပါ အရေးပါတာမို့ လုပ်ထားတာမမှားပါဘူး တခြား skill တွေလိုထူးခြားတဲ့ stat မပေးပေမယ့် ပုလင်း တွေရဲ့ ကြာချိန်ကိုတိုးပေးထားပါတယ်
Flask of the North ကို Arena မှာပေးသုံးထားတာကလည်း အားသာချက်ပါ...

Main spells
 -Pennance (channel အမျိုးအစား heal ပါ casting အမျိုးအစားမဟုတ်လို့ spell global cd က စသုံးကတည်းက လည်ပါတယ် အားသာချက်က နောက် spell ကို တန်းသုံးလို့ရတာပါပဲ သုံးကြိမ်ထွက်တဲ့အတွက် Grace buff stat ကို 3 အထိ ရောက်စေပါတယ် မကောင်းတဲ့အချက်က dmg spell အနေနဲ့ပါသုံးလို့ရတဲ့အတွက် self safe တဲ့အချိန်မှာ enemy ကို target ပေးမထားမိဖို့ လိုအပ်ပါတယ်)
-Flash heal (ပုံမှန် cast healing အမျိုးအစားပါပဲ အသုံးများဆုံးspell လို့ပြောရမှာပါ )
-Renew (သုံးတတ်ပေမယ့် အားမထားပါဘူး သူက target ကို hp တဖြည်းဖြည်းပြည့်စေတာပါ PvP ရဲ့ အလှည့်အပြောင်းတွေမှာ အံမဝင်ပေမယ့် instant cast ဆိုတာကိုမေ့ထားလို့မရပါဘူး တခြား spell တွေ cast ဆွဲပြီးတည့်အချိန် ရော သုံးလိုက်လို့ရပါတယ် )
-Power infusion ( cast ကို မြန်စေပြီး mana used ကိုလျော့ပေးတာပါ duration 15 sec နဲ့ cd 1 min ဆိုတာ အရမ်းကိုသိသာပါတယ် dmg အရမ်းလိုနေတဲ့ အချိန်မှာ friendly caster တယောက်ကို တင်ပေးပြီး dmg improve နိုင်ပါသေးတယ် )
-Pain suppression ( priest ရဲ့ divine shield ပါပဲ incoming dmg ကို အကုန်မကာလို့ divine shield ကိုမမှီပေမယ့် dispel machanism ကို prevent ထားတယ်ဆိုတာ PvP မှာ safe အဖြစ်ဆုံးပါ
-Massic dispel // Dispel magic ( priest ရဲ့ trade mark ပါပဲ Massic dispel က affected area ရဲ့ enemy magic buff 2 ခုစီကိုဖြုတ်ပေးပါတယ် ပိုကောင်းတာက ပုံမှန်ဖြုတ်လို့မရတဲ့ immune buff (divine shield ) ကိုဖျက်ပေးနိုင်တာပါ..Dispel magic ကတော့ cast မဆွဲရတဲ့အတွက် flag carrier safe..escape ..enemy healer attack တွေမှာ ပြေးလွားရင်း သုံးသွားနိုင်ပါတယ် ..Holy pally မာလိုက်တာလို့ မငြီးပါနဲ့ priest နဲ့တွေ့ရင် ဖော့ဖယောင်းလို ပျော့ပြောင်းသွားရတာပါပဲ )
-Power word:shield (dmg absorb count ကို 2000 ကျော်လို့သာ ဖော်ပြထားပေမယ့် တကယ်တမ်းအဲ့လောက်မကဘူးဆိုတာ လူတိုင်းသိပါတယ် pro warrior တယောက်နီးပါး ကို cloth class က မာနိုင်နေတဲ့အကြောင်းရင်းပါပဲ )
-Binding heal ( တခြား healer တွေထက်အားသာတာက ကိုယ့်ဘာသာကိုပါ spell တခုတည်းနဲ့ safe နိုင်တာပါ shaman healer တွေဟာ ဒီeffect ကို ရချင်လွန်းလို့ glyph တခု သီးသန့်သုံးရပါတယ် hot key ထုတ်ထားသင့်တဲ့ spell တခုပါ )
-Cure disease ( Frost dk တွေရဲ့ အိပ်မက်ဆိုးပါ class တိုင်းရဲ့ dmg doneကိုလျော့ပေးနိုင်တာကလည်း အားသာချက်ပါ dk ရဲ့ strike တိုင်းက disease ပေါ်ကိုမှီခိုပြီး shaman ရဲ့ larva brust dmg ကလည်း flame shock ကိုမှီခိုနေပါတယ် ဒီတော့ buff တွေကို အချိန်တိုအတွင်း ဖြုတ်ပေးနိုင်တဲ့ priest ဟာ bg ရဲ့အဆုံးအဖြတ်ဖြစ်လာတာ မဆန်းပါဘူး)
-Prayer of mending //Disperater heal (holy talent ဘက်က ယူသုံးတဲ့ spell တွေပါ ..prayer of mending target တခုကို dmg ဝင်ရင် သူ့ကို heal ပြီး နောက်တယောက်ဆီခုန်ကူးသွားပါတယ် ..စုစုပေါင်း healing amount 30000 ကျော်ရှိနေတဲ့ prayer of mending ကိုလည်း မေ့ထားလို့မရပါဘူး..တခြား healer တွေမှာ immediately self safe spell မပါပါဘူး ရချင်တယ်ဆိုရင် bubble of true blood trinket ဆောင်ရတတ်ပါတယ် priest ကတော့ holy talent က 1 point ယူရုံနဲ့လုံလောက်ပါတယ်)
-Fear ( ရှားရှားပါးပါး shadow ဘက်ကယူသုံးတဲ့ spell ပါ escape ability တခုလို့ပြောလို့ရသလို flag carrier ကို safe လို့လဲရပါတယ် တခြား healer တွေရဲ့ escape နဲ့မတူတဲ့အချက်က movement impairing effect မဟုတ် single target spell လဲမဟုတ်တဲ့ အတွက် dk warrior တွေကို rune နဲ့ hp ပြန်တက်စေမှာမဟုတ်ပါဘူး Mind control ကို သုံးတတ်ကြပေမယ့် မသုံးတတ်ရင် ဆေးဖြစ်တာမို့ မသုံးတာကောင်းပါတယ်
-Inner fire (usablespell မဟုတ်ပေမယ့် မပြတ်တင်သင့်တဲ့ ability ပါ armor increase ဆိုပေမယ့် spell power 120 plus က ပိုမက်မောဖို့ကောင်းပါတယ်)

Essential talent
လူတိုင်းဟာကစားပုံမတူပါဘူး ယူတဲ့ talent မတူပါဘူး ဒါပေမယ့်မယူမဖြစ် talent တချို့တော့ရှိပါတယ်
-Borrowed time (spell cast တခုကို မြန်စေတာပါ shield တင်လိုက်တိုင်း buff တက်ပါတယ် နောက်တချက်က shield ရဲ့ absorb amount ကို spell power နဲ့ တိုးပေးပါသေးတယ်
-Soul warding ( 4 sec cd ရှိတဲ့ shield ကို instant ဖြစ်သွားစေတာပါ )
-Renewed hope ( shield တင်လိုက်ရင် ထွက်လာတဲ့ weakened soul effect ရှိတဲ့ target ပေါ်ကို healing increase ဖြစ်စေပါတယ် ..shield တင်လိုက်တာနဲ့ nearby raid member တွေကို renewed hope buff တက်စေပြီး dmg 3% လျော့ပေးပါတယ် internal cd 15 sec ပါ )
-Grace (3 stat ရှိပြီး priest casting spell တခုအတွက် 1 stack ရပါတယ် ထူးခြားတာက Pennance သုံးချက်အတွက် 3 stack ပေးတာပါပဲ Affected target ပေါ်ကို heal မယ့် priest healing ကို တိုးစေပါတယ် )
-Power infusion
-Pain suppression
-Disperater heal(holy talent)

-Divine aegis (incoming dmg ရဲ့ percent ကိုပြန် heal မှာပါ ..priest ရဲ့ crit heal မှာ chance နဲ့တက်ပါတယ် )
-Inspiration (holy talent incoming dmg ကို 10 % reduce ပါတယ် )
>>>Rotation<<<
Shield >>Pennance >>Flash heal >> renew >>Flash heal ×2 >>Pennance >>>>>>>
ဒါပါပဲ လွယ်လွန်းတယ်လို့မထင်ပါနဲ့ လျို့ဝှက်ချက်တိုင်းက ရိုးရှင်းတတ်ပါတယ် Flash heal နဲ့ renew ကို တွဲ heal တတ်ပါစေ ..shield ရဲ့ borrowed time ကို ကွက်တိအသုံးချပါ ..Prayer of mending ပေါ်တိုင်းပစ်နေပါ..Disperater heal နဲ့ binding heal ကို သေချာသုံးပါ အချိန်ကုန်သက်သာပါတယ်.Power infusion ကို battle စကတည်းကသုံးပါ .Fear ကို မမေ့ပါနဲ့ battle အကြီးအကျယ် ဆိုင်ရင် enemy team ဘက်ကို Massic dispel ရသလောက် ချလိုက်ပါ ဒါက လုံးဝကို battle result ပြောင်းသွားနိုင်ပါတယ် ....တဖက် healer ကို ဝိုင်း kill တဲ့အချိန်မှာ dispel magic သုံးပါ အကျိုးရှိတာသိသာပါတယ်
ကြမ်းကြပါစေ






>>>Misuniversal<<<
မူးရင်းရေးသားသူ - Manori Silverleaf

No comments:

Post a Comment