Heart of War

မင်း ငါ့ကို စိတ်ပျက်စေခဲ့တယ် Garrosh။

      သူကြိုးစားခဲ့တာတောင်မှပဲ၊ ထိုစကားလုံးများ၏ မှတ်ဉာဏ်သည် ယခုထက်ထိတိုင်မသေဆုံးသေးပေ။ Agmar’s Hammer ကိုဖြတ်သန်းလျက်သွားစဉ် သို့မဟုတ် Wrath Gate မတိုင်မီ အပျက်အစီးများအတွင်း မတ်တပ်ရပ်လျက် ယခုထက်ထိတိုင်ထိုနေရာကို လောင်ကျွမ်းလျက်ရှိသော မှော်ကျိန်စာသင့်နေသော မီးတောက်များကို အချိန်အတော်ကြာငေးစိုက်ကြည့်နေစဉ် ဖြစ်စေ “ကြိုဆိုပါတယ်၊ အရှင်!” ဟူသော ဂုဏ်ယူဖွယ်ရာ အော်သံများကတော့ သူမည်မျှပင်ကြားရသည်ဖြစ်စေ ပြဿနာမဟုတ်ပေ။ သူ့ကိုအတင့်ရဲ၍ ဆန့်ကျင်ဘက်လုပ်လာသော သတ္တ၀ါကြီးများ သို့မဟုတ် Sourage များကိုဆန့်ကျင်၍ ထိုးနှက်လျက်ရှိသော သူ၏ ပုဆိန်အသွားများသည်လည်း ယခုထက်ထိ သူ့ကို အဆင်မပြေမှုမှခေတ္တနားနေခြင်းကိုသာ ထောက်ပံ့ပေးနိုင်သည်။ အစွမ်းကုန်ပူလောင်နေသော၊ သူ၏မျက်နှာရှိသွေးများ၏ ပြင်းထန်စူးရှသော ပွက်ပွက်ဆူသံများသည် ထိုအသံထက်ပို၍ ကျယ်လောင်လိမ့်မည်မဟုတ်ပေ။ သူလမ်းဆီသို့ပြန်လာစဉ် အခိုက်အတန့်၊ သူ၏ခမ်းနားသည့် ၀ံပုလွေ၏ခြေထောက်များ နှင်းများကိုဆန့်ကျင်၍ ထပ်ခါတလဲလဲနင်းချလိုက်သော ကျဆင်းမှုတိုင်းနှင့်အတူ သူ၏ခေါင်းထဲ၌ ပြောလိုက်သည့် စကားလုံးတိုင်း၏တစ်ခုချင်းစီကို ကြားနေခဲ့ရ၏။

Vol'jin - The Judgment ( ဇာတ်သိမ်း )

Loa တစ်ပါးသည်အနီး၌ တောက်ပနေခဲ့၏။ ထိုအရာ၏အလင်းရောင်သည် တောက်ပပြီး အမျှင်များဖြင့်ဖွဲ့စည်းထား၏။ ပို၍သန်မာပြီး တစ်နည်းအားဖြင့် အရင်ကသူတွေ့ခဲ့သော လှို့ဝှက်သည့် Loa များလောက်ရှေးသိပ်မကျပေ။ တစ်နည်းနည်းဖြင့် ထိုအရာသည် ရင်းနှီးကျွမ်းဝင်နေ၏။ သူသည်ထိုနတ်ကိုအရင်က သိခဲ့သည်ဟုခံစားမိနေ၏၊ တစ်ချိန်ကဖြစ်၏။

Loa အသစ်ကို သူအာရုံခံစားမိလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ၊ သူ သူ့ကိုယ်သူမြင်ကွင်းတစ်ခုထဲ၌ တွေ့ရှိလိုက်၏။ သစ်တောပေါက်ရောက်နေသောကျွန်းတစ်ခုပေါ်တွင် သူရောက်ရှိနေ၏၊ သူ၏ယခုလက်ရှိအိမ်ထက် တော်တော်ပင် ကွဲပြားခြားနား၏။

Vol'jin - The Judgment ( အပိုင်း - ၄ )


Vol'jin - The Judgment ( အပိုင်း - ၄ )


Zal ဘယ်မှာလဲ? ။ Vol’jin သိချင်နေသည်။

Vol’jin စိုးရိမ်ကြောင့်ကြမှုနှင့် မသေချာမှုကို သူ၏အသဲနှလုံးထဲ၌ ခံစားနေရ၏၊ ရှေ့ရှိအန္တရာယ်ရှိသော အချိန်ကိုဖြတ်သန်းကျော်လွန်ရန်အတွက် Darkspear များကို ခေါ်ဆောင်သွားမည့် စိတ်ဆုံးဖြတ်ချက်တစ်ခု။

“မင်းငါ့ညီတော်ကို အသက်ရှင်ကျန်ရစ်တာကပိုကောင်းတယ်လို့ ပြောခဲ့တယ်၊ အဲ့ဒါအားနဲတယ်လို့ ဆိုလိုသော်ငြား နောင်တစ်ချိန် ပြန်လည်တိုက်ခိုက်နိုင်တယ်။ ဂုဏ်သတင်းနဲ့သေတာထက်စာရင် ဒုက္ခကိုသီးခံနေလိုက်တာ ပိုကောင်းပါတယ်”။ အသံသည် Vol’jin ၏စိတ်၌ အနာဂတ်အတွက် ကြိုတင်စီစဉ်သည့် ဉာဏ်ကို ကြမ်းတမ်းစွာ ဆုတ်ဖြဲလိုက်၏၊
သူ့ရင်ဘတ်တစ်ခုလုံးတဒိတ်ဒိတ်အသံမြည်နေသည်။ ထိုပြောလိုက်သည့် အသံသည် Vol’jin ယခင်ကသိပြီးခဲ့သမျှထက်ပို၍ ကြီးမားသော ဂုဏ်သရေနှင့် ကြောက်ရွံ့ခြင်းကို မြင်တွေ့ပြီးဖြစ်သောတစ်စုံတစ်ယောက်၏ အသံဖြစ်၏။ “မင်းအခု Darkspear တွေကို Orgrimmar ရဲ့လုံခြုံမှုကနေ ယူသွားတော့မယ်၊ဒီအင်အားတွေကိုကိုယ်စားပြုပြီးတော့ မင်းဟာ Alliance တွေရဲ့အန္တရာယ်ထဲမှာ စွန့်စားလိုက်တာပဲ။ မင်းဟာ မင်းစိတ်ကို ကြိုတင်မပြင်ဆင်ခဲ့ဘူး”

Vol'jin - The Judgment ( အပိုင်း - ၃ )

   

Vol'jin - The Judgment ( အပိုင်း - ၃ ) 

 အသံတစ်ခု သူ့ကိုတိုးညှင်းစွာပြောသည်။ “ကျောက်ကံပါး၊“ ၊ ထိုအရာသည်အသံမဲ့ပြောခြင်းဖြစ်၏။ “ကျောက်စွန်းတွေရဲ့အောက်ဖက်။ သူတို့နာကျင်မှုကို ချုပ်ငြိမ်းပေးလိမ့်မယ်။မြန်ပါတယ်။လွယ်တယ်“။ Vol’jin အမှန်တကယ်ဖြစ်နေမှန်းနားလည်သွား၏ :သူ နှလုံးခုံချိန်တစ်ခုကို ကျော်လွန်သွားရမည်ဖြစ်ပြီး ထို့နောက် သူ၏နာကျင်မှုသည်လည်း ထွက်ခွာသွားပေလိမ့်မည်။ သူ၏တစ်ခုထဲသော တခြားရွေးချယ်စရာမှာ နာကျင်မှုကို စိတ်ရှည်သီးခံ၍ ခံစားရန်ဖြစ်၏။

         Vol’jin သူ၏မျက်လုံးများကိုမှိတ်ထားလိုက်ပြီး သီ်းခံ၍ နာကျင်မှုကိုခံစားနေလိုက်၏။