Vol'jin - The Judgment ( ဇာတ်သိမ်း )

Loa တစ်ပါးသည်အနီး၌ တောက်ပနေခဲ့၏။ ထိုအရာ၏အလင်းရောင်သည် တောက်ပပြီး အမျှင်များဖြင့်ဖွဲ့စည်းထား၏။ ပို၍သန်မာပြီး တစ်နည်းအားဖြင့် အရင်ကသူတွေ့ခဲ့သော လှို့ဝှက်သည့် Loa များလောက်ရှေးသိပ်မကျပေ။ တစ်နည်းနည်းဖြင့် ထိုအရာသည် ရင်းနှီးကျွမ်းဝင်နေ၏။ သူသည်ထိုနတ်ကိုအရင်က သိခဲ့သည်ဟုခံစားမိနေ၏၊ တစ်ချိန်ကဖြစ်၏။

Loa အသစ်ကို သူအာရုံခံစားမိလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ၊ သူ သူ့ကိုယ်သူမြင်ကွင်းတစ်ခုထဲ၌ တွေ့ရှိလိုက်၏။ သစ်တောပေါက်ရောက်နေသောကျွန်းတစ်ခုပေါ်တွင် သူရောက်ရှိနေ၏၊ သူ၏ယခုလက်ရှိအိမ်ထက် တော်တော်ပင် ကွဲပြားခြားနား၏။

သူ့ကိုယ်သူပြန်မြင်နေရပြီး အိမ်မက်ထဲတွင်လည်း သူကိုယ်တိုင်ပြုမူနေထိုင်နေ၏၊ နှစ်ခုလုံးကိုမြင်နေရ၏။ သူအသက်ကြီးနေ၏၊ ပို၍ ပညာရှိနေ၏၊ ပို၍ ခက်ထန်နေပြီး တိုင်းတာမရအောင် ၀မ်းနဲနေ၏။ ထွက်ခွါမည်ဟုထင်ရသော troll များ၏ အဖွဲ့တစ်ဖွဲ့ကိုသူဦးဆောင်နေ၏။

မြင်ရသောမြင်ကွင်းပြောင်းလွဲသွားပြီး သူတခြား troll တစ်ကောင်ကိုတိုက်ခိုက်နေ၏။ ခြေသည်းများကိုကြိုးဖြင့်သီထားသော ဆွဲကြိုးတစ်ခုနှင့် တောရိုင်းဆန်သောမျက်လုံးများဖြင့် အောက်လမ်းဆရာတစ်ယောက်သည် ခြယ်သထား၏။ အခြားသူများ သူတို့ဘေးပတ်ပတ်လည်တွင် တိုက်ပွဲဖြစ်နေစဉ် သူတို့အသေအကြေတိုက်ခိုက်ကြမည်။

ထိုအောက်လမ်းဆရာမှာ Zalazane ဖြစ်၏။

Loa စကားပြောလိုက်၏။“မင်းအချင်းချင်းတိုက်ခိုက်နေတာလား? တခြား Darkspear တွေကိုလား? မင်းရဲ့ငယ်သူငယ်ချင်းကိုလား?”

Vol’jin ဘာမှမပြောပေ၊ ထိုအခက်အခဲကာလကို ရိုးရိုးပင်ကြည့်နေလိုက်၏။ ထိုအရာသည်မြင်ကွင်းမှ တဖြည်းဖြည်း ဖျော့တော့လာ၏၊ အရောင်များ ပျယ်လာပြီး မိုးရေထဲရှိ ချီးကျူးဖွယ်ကောင်းသောပန်းချီကားမှ သဘာဝဆေးရေးများ ပျယ်ကျသကဲ့သို့ဖြစ်၏။

Zalazane မဟုတ်နိုင်ပါ။ သူတို့ကလေးဘ၀တစ်လျှောက်လုံး အတူတူ ပြေးခဲ့ကြပြီး ငါးလည်းဖမ်းခဲ့ကြပြီး နပမ်းလည်းလုံးခဲ့ကြ၏။ သူတို့ရွှံဖြင့်ခံတပ်များဆောက်ခဲ့ကြပြီး ပထမဆုံးသတ်ဖြတ်မှုမှာလည်း တူညီသောသတ္တ၀ါကြီးတစ်ကောင်ဖြစ်၏။ တခြားသူများမသိသော Vol’jin အကြောင်းကို Zalazane သာသိ၏ - ထိုအရာအားလုံးကိုတွေ့ကြုံခဲ့သူသည် Zalazane သာဖြစ်၏။

Vol’jin အောက်သို့ကြည့်လိုက်၏။ ဖြေနိုင်ရန်ခက်ခဲလွန်းသည့်မေးခွန်းအတွက် သူပြောနိုင်တာရှိ၏၊

“Darkspear တွေရဲ့အနာဂါတ်ကို အန္တရာယ်ပေးမယ့်သူဆိုရင် ဘယ်သူဖြစ်ဖြစ် ကျွန်တော်သတ်မှာပဲ”သူပြောလိုက်၏။ “အဲ့ဒါဘယ်သူဆိုတာ ပြဿနာမဟုတ်ပါဘူး။ အရာရာတိုင်းဟာ မျိုးနွယ်စုအတွက်ပဲ၊ အရာရာတိုင်းဟာ. . .အဲ့ဒါရဲ့ အနာဂါတ်အတွက်ပဲ”

“မင်းမှာစဉ်းစာတွေးခေါ်တတ်တဲ့ အသိဉာဏ်ရှိတယ်၊လူလေး” Vol’jin မှတ်မိလိမ့်မည်မဟုတ်သော Loa သည်ရင်းနှီးစွာပင်ပြောဆိုနေ၏။ “မင်းရဲ့ ဘ၀ကို ကယ်တင်ဖို့အတွက် လက်မကိုမင်းမဖြတ်သင့်ဘူး၊ မင်းရဲ့အနာဂါတ်ကို ကယ်တင်ဖို့အတွက်ပဲ အဲ့ဒါကိုပြုသင့်တယ်။ Darkspear တွေဟာပြင်းထန်ရမယ်။ မှန်ကန်ရမယ်။ ဒုက္ခကိုစိတ်ရှည်သီးခံပြီး ခံစားနိုင်ရမယ်။ အဲ့ဒါဘယ်တော့မှမလွယ်ကူဘူး၊ ဒါပေမယ့် အဲ့ဒါတစ်ခုထဲသောလမ်းပဲ”

“အရှင်ကဘယ်သူပါလဲ?” Vol’jin ပြောလိုက်၏။ သူမေးစရာရှိနေ၏။

Loa သည်သူ၏မေးခွန်းကို လျစ်လျူ၈ှုလိုက်၏။ “ငါမင်းကို Loa တွေနဲ့ဆက်သွယ်နိုင်မယ့် စွမ်းအင်ကိုချီးမြှင့်လိုက်မယ် ” ထိုနတ်ကပြောလိုက်၏။ “မင်းပြောသမျှတော့ အမြဲတမ်း ငါတို့လုပ်မပေးနိုင်ဘူး၊ ဒါပေမယ့် ငါတို့ ကြားနာစစ်ဆေးပြီးသင့်လျော်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုတော့ပေးမယ် ။ မင်းအခု Shadow hunter (နောက်မှ အစဉ်အမြဲ တိတ်တဆိတ်တကောက်ကောက်လိုက်သော မုဆိုး )တစ်ယောက်ဖြစ်နေပြီ၊ troll ”။ ထိုအရာသည် အဝေးသို့ ပျောက်ကွယ်သွား၏။
ကြာသွားပြီးနောက်၊ Vol’jin နှင့် Zalazane သစ်ပင်ကြီးများအောက်တွင် ထူထပ်စွာပေါက်ရောက်နေသော ပင်ငယ်နှင့် ခြုံပင်အစုအပုံများကိုဖြတ်သန်း၍ အတူတကွလမ်းလျှောက်လာကြ၏။

“အနာဂါတ်” Vol’jin ပြောလိုက်၏။ “အဲ့ဒါကအစုအဝေး အဟုတ်ဘူး။ငါတို့တွေက ကစားကွက်ထဲက ကစားနည်းအပိုင်းအစတွေလဲ မဟုတ်ဘူး။အကယ်၍ ငါတစ်စုံတစ်ယောက်ကိုသတ်ခဲ့ရင် ၊ အဲ့ဒါရဲ့သေဆုံးမှုက ငါ့ရွေးချယ်မှုကြောင့်ပဲ”

“အင်း” Zalazane ပြောလိုက်၏။“ငါ့ရဲ့ တစ္ဆေသရဲခရီးစဉ်ထဲမှာ ၊ အဲ့ဒီအရာအားလုံးငါ့ဆီလာနေပြီ။ ငါတို့ကို လမ်းတွေထဲမှာ မြင်နေရတယ်။ သေချာပေါက်တော့မဟုတ်ဘူး ၊ ဖြစ်တန်စွမ်းတော့ ရှိတယ်။ အားနည်းတဲ့ troll တစ်ယောက်က အားကောင်းလာခဲ့တဲ့အချိန်၊ အခြားတစ်ယောက်ကတော့ ရှေ့ကိုခြေလှမ်းနေလိမ့်မယ် သူတို့မှာတစ်ယောက်ကတော့ အားနဲလိမ့်မယ်. . .”။ သူ Vol’jin မှအဝေးကိုကြည့်နေခဲ့၏။“အဲ့ဒီတစ်ယောက်က လူကြမ်းဖြစ်လာလိမ့်မယ် အားကောင်းတဲ့တစ်ယောက်ရဲ့ပုံပြင်ထဲမှာပဲ”။

“ဒါပေမယ့် ပထမတစ်ယောက်ကဘယ်လိုတစ်ဖန်အားကောင်းသွားတာလဲ Zalazane? ”

“ငါမသိဘူး။ Voodoo အောက်လမ်း ပဲပြောစရာရှိတယ်။ နှစ်ယောက်စလုံး ခေါင်းဆောင်တွေ ဖြစ်လာလောက်တယ်။ သူတို့မိတ်ဆွေတွေလဲ ဖြစ်ခဲ့လိမ့်မယ်။ ဒုတိယ troll ကလူကြမ်းဖြစ်လာလိမ့်မယ်”

Zalazane ၊ အဲ့ဒီလိုမဖြစ်အောင်ငါတို့လုပ်ရလိမ့်မယ်။ ငါတို့မိတ်ဆွေတွေပဲ၊ ငါတို့ အကြောင်းအရာတွေကိုလဲ သင်ကြားခံခဲ့ရတယ်။”

“အင်း” Zalazane ပြောလိုက်၏၊ သို့သော် သိပ်မမျှော်လင့်ပေ။“ငါတို့ အဲ့ဒါကိုမေ့ပစ်ရမယ် Vol’jin ”။


*        *        *


Vol’jin နှင့် Zalazane သစ်ပင်ကြီးများအောက်ရှိ ထူထပ်နေသော ခြုံပင်ငယ်များကိုဖြတ်လာခဲ့၏၊ ရုတ်ချဉ်းထွက်ခွာခဲ့ကြပြီး မူလနေရပ်သည် သူတို့နောက်၌ကျန်ရစ်ခဲ့ပြီ။ သူတို့ စတင်၍ ရင်းနှီးကျွမ်းဝင်သော အမှတ်လက္ခဏာများကိုမြင်နေရပြီဖြစ်ပြီး ထိုအရာသည်သူတို့ Darkspearများ၏ ကုန်းမြေနှင့်နီးလာပြီ ဖြစ်ကြောင်းပြောပြနေ၏။

Vol’jin နှင့် Zalazane ယခုများစွာကွဲပြားခြားနားသွားပြီဖြစ်၏။ သူတို့ကိုယ့်ကိုယ်ကိုယုံကြည်မှုဖြင့် သွားလာနေကြ၏၊ ရုတ်တရက် အန္တရာယ်ကို စစ်ဆေးမိလိုက်၏။ မူလနေရပ်တွင် သူတို့ ပုံစံများအသစ်တစ်ဖန်ပြောင်းလဲခဲ့ကြ၏။ သူတို့ခြင်္သေ့သားပေါက်များကဲ့သို့ ၀င်လာခဲ့ပြီး ထိုကဲ့သို့ပင်ဖွံဖြိုးစပြုလာပြီဖြစ်၏။ သူတို့ယခုအန္တရာယ်ပေးနိုင်နေပြီ၊ ဂုဏ်ယူနိုင်ပေပြီ၊ အားကောင်းနေပြီ၊ သူတို့သည်Darkspear မျိုးနွယ်များဖြစ်ကြ၏။

သူတို့ ရွာကိုချဉ်းကပ်လာသကဲ့သို့၊ သူတို့စတင်၍ သတိပေးသည့် သင်္ကေတများကို မြင်နေရပြီဖြစ်၏။ သစ်ရွက်များသည် ခြေဖြင့်နင်းထားသောကြောင့်ကြေမွနေကြ၏၊ သွေးစက်များလည်းတွေ့ရ၏။ မီးခိုးနံ့သည်လေထဲတွင် ပျံ့နှံ့နေ၏။

Vol’jin ရရှိသောအာရုံခံစားမှုတိုင်းက တစ်စုံတစ်ခုပြောင်းလဲနေပြီကို သူ့ကိုပြောပြနေ၏။ အချို့အခြေခံအကျဆုံး အစိတ်အပိုင်းများဖြစ်သော ဒီရေ အတက်အကျ နှင့် မွေးဖွားမှုနှင့် သေဆုံးမှုတို့နှင့်အတူကျွန်းပေါ်တွင် အစဉ်သဖြင့်ပြောင်းလဲနေ၏။

သူလက်တစ်ဖက်ကိုထုတ်ပြ၍ ရပ်နေလိုက်ပြီး Zalazane လဲရုတ်ချည်းရပ်တန့်သွား၏။ သူတို့ Darkspear ရွာကလေးမှ မဝေးတော့သောလမ်းတစ်ခုပေါ်၌ ရပ်နေကြ၏။ ထိုအရာကိုမြင်ကွင်းတွင်မမြင်ရသေးပေ၊ သို့သော် ကြားရသည့်အသံများကတော့မှားယွင်းနေပြီ။ Vol’jin တက်ကြွလှုပ်ရှားသောအသံများကိုကြားရ၏၊ အမှုထမ်းများ၏ သစ်သားလှီးဖြတ်မှု နှင့် တူထုနေသည့်အလုပ်များမှ ဆူညံ့သံများဖြစ်သည်။

Vol’jin သူ၏မျက်လုံးများကို ပိတ်လိုက်ပြီး အသက်ကိုဝအောင်၈ှုလိုက်၏၊ Loa ကိုနားစွင့်လိုက်၏။ သူတို့သူ့ကို တိုးတိုးပြောလာ၏၊ သို့သော် သူတို့သည်ယခုချိန်ထိနားလည်ဖို့ရန်ခက်ခဲနေသေး၏။ သူသင်ကြားရန်အချိန်လိုအပ်လိမ့်ဦးမည်။

“ငါထင်တာတော့ ငါတို့ရွာအတိုက်ခိုက်ခံလိုက်ရပြီ၊” သူ Zalazane ကိုပြောလိုက်၏၊ ကြိုးစား၍ လှို့ဝှက်တတ်သော Loa ၏ သတင်းများ၏စကားဝှက်ကိုဖော်လိုက်၏။

Zalazane လဲသိထားဟန်ဖြင့်ခေါင်းတစ်ချက်ညှိတ်လိုက်၏။ သူ့၌ယခုကိုယ်ပိုင်နည်းလမ်းများရှိနေပြီး သူတို့၏ တွေးပုံခေါ်ပုံ ခြားနားသွားခြင်းသည် သူတို့နှစ်ယောက်ကြား အတွေးအခေါ်ဘ၀နေနည်းတွင် ကြီးမားသောကွဲပြားချက်ကို ဖြစ်ပေါ်စေခဲ့၏။

သူတို့နောက်တစ်ဖန်ရှေ့သို့လျှောက်လာလိုက်၏၊ လက်နက်များကို ဆွဲယူလိုက်ကြ၏၊ ခြေလှမ်းတိုင်းကို သတိဖြင့်လှမ်းလာလိုက်၏။

သူတို့သစ်ရွက်များကိုဖြတ်သန်းလာလိုက်ပြီး သူတို့၏ ယခင်က Darkspear ရွာကိုမြင်တွေ့လိုက်ရ၏။ တဲပုတ်လေးများမှာ ကံဆိုးသည့်အတွေ့အကြုံကိုကျော်လွန်ခဲ့ပြီးဟန်ရှိပြီး ကျွင်းကျန်သောအပျက်အစီးအစအနများ နေရာအနှံ့ ပျံ့ကြဲနေ၏။
ရွာ၏အစွန်အဖျား၌ ရုပ်အလောင်းများကို စနစ်တကျသပ်ရပ်စွာ အတန်းလိုက်စီတန်းထား၏။ အချို့troll များသည် အလောင်းများအတွင်း သွားလာနေကြပြီး အလောင်းများကို ငြိမ်းချမ်းမှု၏ အနေအထားဖြင့် လဲလျောင်းနေစေ၏။ မိန်းမများနှင့် ကလေးသူငယ်များသည် ထိုမှ ဤမှ troll တစ်ယောက်စီ၏ဘေးတွင် ဒူးထောက်နေကြ၏၊ သူတို့၏ဆံပင်များကိုလက်ဖြင့်ဆုတ်ဖြဲ၍   ဆူညံ့စွာငိုကြွေးနေကြ၏။

Troll များ၊ အသက်ရှင်နေသူဖြစ်စေ သေဆုံးသူဖြစ်စေ၊ အကုန်လုံးမှာ Darkspear များသာဖြစ်၏။

Vol’jin နှင့် Zalazane ဖြေးဖြေးပြေးခြင်းသို့ ပြောင်းလဲလိုက်၏၊ ရွာ၏အလယ်သို့ဦးတည်လိုက်၏။ ဖျက်ဆီးမှုသည် ဤနေရာ၌ နေရာဒေသတစ်ခုလုံးကိုလုံးဝဖျက်ဆီးပစ်လိုက်၏။ သူတို့ Darkspear များစွာကိုဖြတ်သန်းလာခဲ့၏၊ အားလုံးမှာသူတို့၏ ကိုယ်ပိုင် အကြောင်းကိစ္စများဖြင့် အလွန်အလုပ်များနေပြီး သူတို့နှစ်ယောက်ကိုရှင်းပြရန်မဖြစ်နိုင်ပေ။

သန္တာကျောက်တန်းဖြင့်ပင်လယ်မှပိုင်းခြားထားသောဆားငန်ရည် အနီးတွင်၊ Darkspear ၏အမှုထမ်းများ သင်္ဘောများဆောက်လုပ်နေသည်ကို သူတို့ မြင်တွေ့ခဲ့ရ၏။ အဖွဲ့များကိုဖွဲ့စည်းထားပြီး Vol’jin ယခင်ကဆက်တိုက်မြင်တွေ့ခဲ့ရသော တည်ငြိမ်၍ သောကနည်းပါးသည့် ကျွန်းပေါ်တွင်နေထိုင်သောဘ၀၏ သဘာဝနှင့် တော်တော်ပင်ခြားနားနေ၏။

သူစတင်၍ နှလုံးခုံမြန်လာခဲ့ပေပြီ။ သူ၏လူထုမှာ အောင်မြင်မှုမရခဲ့သည်မှာ အတော်ပင်ကြာခဲ့ပေပြီ သို့သော် သူထွက်ခွာသွားသည့် ခဏတာအချိန်အတွင်း၊ သူတို့ပြောင်းလဲသွားခဲ့ပြီ။

Vol’jin နှင့် Zalazane ရွာ၏အလယ်တွင်ရပ်လိုက်ကြ၏၊ သူတို့နှစ်ယောက်မှာ ယခုတိုင် ပျာယာခတ်နေသော လှုပ်ရှားမှုများ၏သီးခြားအပိုင်းကဲ့သို့ ပန်းပုထုထားသည့်လူပုံသဏ္ဌာန်လိုမျိုးဖြစ်နေ၏။ Troll အနည်းငယ်သည် ရက်စက်ကြမ်းတမ်းစွာ သူတို့နှစ်ယောက်ကိုတိုက်၍ ဖြတ်သွားကြသည်၊ စိတ်၈ှုပ်ထွေးစွာဖြင့်ကြည့်သွားကြ၏။

Loa သည်စတင်၍ ကျယ်လောင်စွာ ကျွက်ကျွက်ဆူညံ့လိုက်၏။ Vol’jin သာသူတို့ကိုကြားနိုင်၏၊ သို့သော် တစ်စုံတစ်ခုလာနေပြီဟု သူသိလိုက်၏။ သူ့ပတ်ပတ်လည်မှအရာများကို စစ်ဆေးလိုက်ပြီး troll တစ်ယောက် အနားကပ်လာသည်ကိုမြင်လိုက်၏။ Vol’jin နှင့်Zalazane လှည့်၍ အသက်ကြီးသော Gadrin ကိုမျက်နှာချင်းဆိုင်လိုက်၏၊ မျိုးနွယ်စု၏ အကြီးအကဲ စုန်းဆရာကြီးဖြစ်၏၊ သူ၏ပုံစံအတိုင်း ခြေလှမ်းကြဲကြီးများဖြင့် သူတို့ထံလျှောက်လာ၏။

“ကောင်လေးတွေ၊” သူပြောလိုက်၏။ “မင်းတို့ဘယ်သွားနေတာလဲ?။ ငါမင်းတို့သေပြီထင်နေတာ”။

“ဘာကိုဆိုလိုတာလဲ ဆရာ?” Zalazane မေးလိုက်၏။ “ကျွန်တော်တို့ တောထဲမှာတစ်ပတ်လောက် သွားနေတာပါ”။

“တစ်ပတ်?။ Vol’jinZalazane . . .မင်းတို့ထွက်သွားတာ ၃လကြာနေပြီ။ အများကြီး ဖြစ်ပွားခဲ့တယ်။ ထူးဆန်းတဲ့အစိမ်းရောင်သတ္တ၀ါတွေဟာ ရေကိုဖြတ်ပြီးလာခဲ့ကြတယ် ----------”

“Orcတွေ” Vol’jin ပြောလိုက်၏။

“အင်း၊” Gadrin ပြောလိုက်၏၊ အံ့သြမှုကိုပြသနေ၏။ သူစတင်၍ သူတစ်ပါးအကြောင်းစဉ်းစားနေဟန်ရှိပြီး စကားဆက်လိုက်၏။“မင်းရဲ့အဖေ၊ Vol’jin . . .သူပင်လယ်စုန်းမကြီးကိုတိုက်ခိုက်ခဲ့တယ်၊ ပြီးတော့ သူ. . .”

“သူငယ်ငယ်ရွယ်ရွယ်နဲ့ပဲလောကက ထွက်ခွာသွားခဲ့ရတယ်။သူအခု Bwonsamdi နဲ့အတူရှိနေတယ်” ၊“ ဆရာ Gad။ကျွန်တော်သိပြီ” Vol’jin အဖြစ်မှန်ကိုနားလည်သွား၏။ သူ့အဖေ Darkspear များထဲတွင်အချိန်ကြာမြင့်စွာ ရှိမနေနိုင်ကြောင်းသူပြောနိုင်သွားပေပြီ။အနဲဆုံးတော့၊ troll တစ်ယောက်လိုမျိုးမဟုတ်တော့ပေ။

“ငါတို့ဒီပင်လယ်ကြီးကိုဖြတ်ပြီး orc တွေနဲ့လိုက်လာခဲ့တယ်” Gadrin ဆက်ပြော၏။“ပင်လယ်စုန်းမကြီးက အရမ်းအားကောင်းလွန်းတယ်၊ ငါတို့ အဲ့ဒီမှာ မနေနိုင်ဘူး။မင်းရဲ့အဖေ၊ သူငါတို့ကိုသွားဖို့ပြောတယ်။အဲ့ဒါစဉ်းစားဖို့အချိန်နဲနဲလိုအပ်တယ်။ ငါတို့ပြင်ဆင်စရာတွေလဲရှိတယ်”

“ကျွန်တော်နားလည်ပါပြီ” Vol’jin ပြောလိုက်၏။ ရုတ်တရက် ယုံကြည်မှုတွေပြည့်ဝသွား၏။ “အန္တရာယ်ရှိတဲ့နေရာကနေ ဘေးကင်းရာကိုပြောင်းရွှေ့ဖို့ ကျွန်တော်စတင်တိုက်ခိုက်တော့မယ်”

သူတို့မှန်ကန်ရပေလိမ့်မည် ပြီးတော့ ပြင်းထန်ရမည် ပြီးတော့ သူတို့စိတ်ရှည်သီးခံစွာဖြင့် ဒုက္ခကိုခံစားရပေလိမ့်မည်။

ပြီးပါပြီ။

Vol’jin : The judgment – Brian Kindregan ၏၀တ္ထုမှအကြောင်းအရာများကို ဘာသာပြန်ထားခြင်းဖြစ်ပါ၏။ ကျွန်တော်သည် အင်္ဂလိပ်စာအညံ့ဆုံးသူတစ်ယောက်ဖြစ်ပြီး အမှားအယွင်းများအတွက် တောင်းပန်ပါသည်။ ၀တ္ထု၏အချို့အကြောင်းအရာများမှာ ခက်ခဲ၍ မပါဝင်နိုင်ခဲ့ပါ။ ဖတ်၈ှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

Gurubeshi : ရှည်လျားသည့်အတိတ်ဆီက ကြီးမားသော troll ဧက္ကရာဇ်နိုင်ငံတော်ကြီး၏ ထင်ရှားသောတိုင်းပြည်များအနက် တစ်ခုဖြစ်ပြီး ကျဆုံးသွားသောသူ၏မြို့တော်မှာ Zul’Gurubဖြစ်၏။


Voodoo : စုန်းဆရာများ၏ အောက်လမ်းပညာရပ်ဖြစ်ပြီး Zalazane သည်သွေးမျက်နှာဖုံးကို အသုံးပြု၍ သတ္တ၀ါကြီးတစ်ကောင်အဖြစ် Vol’jin ကိုလှည့်ပတ်ချောင်းမြောင်းခဲ့ပြီး Sen’jin ၏အယောင်လဲဆောင်ခဲ့၏။ Sen’jin အစစ်မှာထိုစဉ်ကလာရောက်ခဲ့သောနတ်တစ်ပါးဖြစ်ဟန်ရှိ၏။ Zalazane သည်စုန်းပညာရပ်ဖြင့် Echo Isles များကိုထိန်းချုပ်ထားခဲ့ပြီး trollအများစုကိုလည်း အတုအယောင်အောင်မြင်မှုများဖြင့် ထိန်းချုပ်ခဲ့၏။ Vol’jin သည် Echo Isles များကိုပြန်လည်တောင်းဆိုခဲ့ပြီး ဆေးချယ်သထားသော ကျောက်တုံးများ နှင့် သစ်သားအစွယ်များနှင့် ဆေးခြယ်သထားသည့် အုန်းသီးများဖြင့် Zalazane ၏စုန်းအတတ်များကိုရင်ဆိုင်ရပြီးကျွန်းများ၌ တိုက်ပွဲများအကြီးအကျယ်ဖြစ်ပွားခဲ့၏။ နောက်ဆုံး၌ Zalazane ကို Vol’jin နှင့်သူ၏လူများဝိုင်းဝန်းနိုင်ခဲ့ပြီး Zalazane သည်မဖမ်းမိမည် မိမိကိုယ်ကိုအောက်လမ်းဖြင့် အဆုံးစီရင်သွားခဲ့၏။

Bwonsamdi : troll တစ္ဆေတစ်ယောက်ဖြစ်ပြီး သေဆုံးခြင်းများကို ထိန်းသိမ်းစောင့်ရှောက်ရသူလဲဖြစ်၏။

မူရင်းရေးသားသူ  - For Horde
 http://vakok.net/forum မှကူးယူဖော်ပြသည်

No comments:

Post a Comment