Heart of War
မင်း ငါ့ကို စိတ်ပျက်စေခဲ့တယ် Garrosh။
      သူကြိုးစားခဲ့တာတောင်မှပဲ၊ ထိုစကားလုံးများ၏ မှတ်ဉာဏ်သည် ယခုထက်ထိတိုင်မသေဆုံးသေးပေ။ Agmar’s Hammer ကိုဖြတ်သန်းလျက်သွားစဉ် သို့မဟုတ် Wrath Gate မတိုင်မီ အပျက်အစီးများအတွင်း မတ်တပ်ရပ်လျက် ယခုထက်ထိတိုင်ထိုနေရာကို လောင်ကျွမ်းလျက်ရှိသော မှော်ကျိန်စာသင့်နေသော မီးတောက်များကို အချိန်အတော်ကြာငေးစိုက်ကြည့်နေစဉ် ဖြစ်စေ “ကြိုဆိုပါတယ်၊ အရှင်!” ဟူသော ဂုဏ်ယူဖွယ်ရာ အော်သံများကတော့ သူမည်မျှပင်ကြားရသည်ဖြစ်စေ ပြဿနာမဟုတ်ပေ။ သူ့ကိုအတင့်ရဲ၍ ဆန့်ကျင်ဘက်လုပ်လာသော သတ္တ၀ါကြီးများ သို့မဟုတ် Sourage များကိုဆန့်ကျင်၍ ထိုးနှက်လျက်ရှိသော သူ၏ ပုဆိန်အသွားများသည်လည်း ယခုထက်ထိ သူ့ကို အဆင်မပြေမှုမှခေတ္တနားနေခြင်းကိုသာ ထောက်ပံ့ပေးနိုင်သည်။ အစွမ်းကုန်ပူလောင်နေသော၊ သူ၏မျက်နှာရှိသွေးများ၏ ပြင်းထန်စူးရှသော ပွက်ပွက်ဆူသံများသည် ထိုအသံထက်ပို၍ ကျယ်လောင်လိမ့်မည်မဟုတ်ပေ။ သူလမ်းဆီသို့ပြန်လာစဉ် အခိုက်အတန့်၊ သူ၏ခမ်းနားသည့် ၀ံပုလွေ၏ခြေထောက်များ နှင်းများကိုဆန့်ကျင်၍ ထပ်ခါတလဲလဲနင်းချလိုက်သော ကျဆင်းမှုတိုင်းနှင့်အတူ သူ၏ခေါင်းထဲ၌ ပြောလိုက်သည့် စကားလုံးတိုင်း၏တစ်ခုချင်းစီကို ကြားနေခဲ့ရ၏။
      ဖြစ်တန်ရာသည်ကတော့ ထိုအရာသည် စစ်အကြီးအကဲ၏ သူ့စစ်တပ်၏ ဘယ်ညာတောင်ပံများအကြား ဆက်လက်၍ တည်ရှိနေခြင်းသည် စကားလုံးများထွက်ခွါသွားရန် နှေးကွေးလေးလံနေမှု၏ အကြောင်းရင်းဖြစ်ပေမည်။ GarroshDalaran မှသည် Warsong Hold (စစ်ခရာတေးသံ သစ်တပ်)သို့ ပြန်မည့်ခရီး၌ Thrall သည် အတူလိုက်ပါရန်ဆုံးဖြတ်ခဲ့၏။ သူပြောသည်ကတော့ သူတို့၏ ဤမျှလောက်ဖြစ်သော ပိုင်ဆိုင်သောနယ်မြေ Northrend (ကမ္ဘာ့မြောက်ခြမ်း)၌ရှိသည်ကို မြင်တွေ့ချင်သည်ဆို၏။ သူ့ကို ယခုထက်ထိတိုင် ချာတိတ်လိုသဘောထားနေသည်ဟု Garrosh ခံစားနေရ၏၊ သို့သော် ထိုအရာသည် အခွင့်အရေးတစ်ခုလည်းဖြစ်၏။ Northrend Horde များ၏ အာဏာပါဝါသိက္ခာများလျော့ပါးလာပြီးနောက်မှ ရရှိလာမည့်အရာသည် အရေးမကြီးဟု သဘောထားကိုလည်း ဆန့်ကျင်ဘက်နီးပါးဖြစ်သွားစေနိုင်၏။ Thrall ထိုအချက်ကို ကျန်းသေပေါက်တွေ့မြင်လိမ့်မည်။ သူကျိန်းသေပေါက် ဤစစ်မျက်နှာ၌ အထမြောက်နေသည့်အရာအားလုံးကို သဘောကျပေလိမ့်မည်။  
      Garrosh နှင်တံဖြင့်သူ့ဝံပုလွေ Malak၏ ကျောကိုထိုးလိုက်၏၊ ထိုင်လျက်ခရီးနှင်လိုက်၏။ Kum’uya ရေအိုင်သည် သူတို့၏နောက်တွင်တည်ရှိနေ၏၊ မနက်ခင်း၏ မီးခိုးရောင်ကောင်းကင်ထဲ၌ ယခုထိတိုင်ကြေးမုံတစ်ချပ်ကဲ့သို့ဖြစ်နေ၏။ သူတို့ Warsong Hold သို့နေ့လယ်၊မွန်းလွဲ၊ အကယ်၍ သူတို့နှေးလျှင် မှောင်ရီပျိုးချိန်လောက်ရောက်လိမ့်မည်။သူ့၌ သူတစ်ပါးမသိစေချင်သောအရာကို ၀န်ခံရန်ရှိ၏၊ ထိုအရာမှာ သူတို့ဆိုက်ရောက်သောအခါ သူစိတ်အားထက်သန်စွာဖြင့် Thrall ၏ မျက်လုံးများကိုကြည့်လိုက်၏။
      ကံမကောင်းစွာပင် သူတို့အဆင်ပြေပြေ သစ်တပ်ကိုချဉ်းကပ်လာသလို အချီးမွမ်းမခံလိုက်ရပေ။ ထိုအတောအတွင်း Garrosh သိလိုက်သည်မှာ nerubians များရှိနေ၏၊ ပြန်ရောက်နေလောက်ပြီ၊ Mightstone Quarry (ကြီးမားသောကျောက်တုံးကြီးများကို တူးဖော်သည့်နေရာ)ကိုချိုးဖောက်နေပြီ။ သူမျက်နှာထားမှာ မကျေနပ်မှုသို့ပြောင်းလဲသွား၏။ Azjol-Nerub ကိုသူတို့ မည်သို့ပင်ထိရောက်အောင် ပိတ်ဆို့ခဲ့စေကာမူ အရာမရောက်ခဲ့ပေ၊ အင်းဆက်ပိုးကောင်များသည် အနောက်ဖက်သို့ပြန်လာ၍ရသည့်လမ်းတစ်ခုကို အမြဲတမ်းရှာဖွေစီမံခဲ့၏။ သူတို့၏ထူးဆန်းသော ကျယ်လောင်စူးရှသည့် အော်ဟစ်သံသည် တစ်စုံတစ်ခုနှင့်မှမှားယွင်းနိုင်ဖွယ်မရှိပေ၊ ဦးတည်ရပ်ပေါင်းစုံမှနေ၍ tundra ၏ အေးခဲနေသောလေသည် အဝေးမှပင် သယ်ဆောင်လာခဲ့၏။
      “ရှေ့ကိုတက်! ၊ တိုက်ခိုက်!” Garrosh သူနှင့်အတူပါလာသော Kor’kron ၀ံပုလွေစီးစစ်သည်များကို အမိန့်ပေးလိုက်၏၊ သူမေ့လျော့သွားခဲ့သည့် အကြောင်းအရာမှာ လက်ရှိအခြေအနေအရ သူသည်အဖွဲ့၏ တပ်မှူးမဟုတ်ပေ။ သူ Malak ကိုအမြန်ဆုံးပြေးရန် ကန်ကျောက်လိုက်ပြီး သူ၏နောက်၌ အားလုံးကိုချန်ထားခဲ့ပြီး Thrall ကိုလေးစားမှုကြောင့် ထိုသြဇာညောင်းမှုကို သူမမှတ်မိနိုင်မည်ထွက်ခွါလိုက်၏။
      သူနီးကပ်လာသလို တိုက်ခိုက်မှု၏ များစွာသောအသံများကိုလည်း ကြားနိုင်လာ၏ ------ စစ်ကြပ်များမှ အော်ဟစ်လိုက်သည့်အသံများ၊ အမြှောက်တပ်၏ ဆက်တိုက်ဖြစ်ပေါ်နေသော ပေါက်ကွဲသံများ နှင့် nerubian များကိုထိခိုက်မိသည့် သတ္တုလက်နက်များ၏ ကွဲပြားခြားနားသောအသံများ။ Garrosh သူ၏ပုဆိန်များကို အဆင်သင့်ဖြစ်စေလိုက်၏၊ ကြိုတင်မှန်းဆချက်နှင့်အတူ သူ၏နှလုံးခုံသံ မြန်ဆန်သွား၏။ ကျောက်တုံးများကိုတူးဖော်သည့် နေရာ၏ အစွန်းဖျားပေါ်သို့ သူလျင်မြန်ညက်ညောစွာ ရွေ့ရှားစေလိုက်၏၊ Malak ခြေလှမ်းတစ်ချက်မပျက်ပေ။ သူတို့အရှိန်မထိန်းနိုင်ဘဲ နံရံအောက်သို့ကျသွား၏၊ မြေပြင်မှထိုးထွက်နေသည့် ဧရာမကျောက်တုံးကြီးများ နှင့် ငြမ်းများပေါ်၌ လျင်မြန်စွာလှုပ်ရှားခဲ့ကြပြီး အော်မည်သံတစ်ခုနှင့်အတူ Garrosh သူ့ကိုယ်သူတိုက်ပွဲထံသို့ဦးတည်လိုက်၏။
      သူလာနေသည်ကို nerubian သတိမထားမိပေ။ Garrosh ၏ပထမထိုးနှက်ချက်သည် ထိုအရာ၏လည်မြိုကို တော်တော်နက်နက်ထိဖြတ်ပိုင်းလိုက်ပြီး ဒုတိယ ခုတ်ပိုင်းမှုသည် ထိုအရာ၏ ခန္ဓာကိုယ်မှ လုံးဝတသီးတခြားဖြစ်သွားစေ၏။ သစ်တပ်စောင့်မှာ စစ်မြေပြင်တွင်အကြာကြီးမတွေ့ဘဲနေပြီးမှ အလည်အပတ်ရောက်လာ၍ အံ့သြတုန်လှုပ်နေသည်၊ သူ၏ပုဆိန်သည် သူ၏ပုခုံးထက်တွင် အသင့်အနေအထားဖြစ်နေ၏။ Garrosh ပါးစပ်ကိုဟ၍ ပြုံးပြလိုက်၏။
      “Hellscream ! ” စစ်သည်တော်မှအော်လိုက်၏၊ အလေးပြုလိုက်သည်။ သူပတ်ပတ်လည်ရှိလူများထံသို့ လှည့်လိုက်၏။ “အရှင် Hellscream ပြန်လာပြီ!”။
      Garrosh ပုဆိန်ကိုမြှောက်၍ တုံ့ပြန်မှုပြုလိုက်၏။ “သူတို့ကို နောက်ကိုပြန်သွားအောင်တိုက်ထုတ်ကြ!”  သူ၏စစ်သားများထံသို့ နက်ရှိုင်းကျယ်လောင်စွာ အော်လိုက်၏။ “ဒီစကားကိုမှတ်ထားကြ ဒါဟာ Hordeကိုရုတ်တရက်တိုက်ခိုက်ဖို့ ရည်ညွှန်းတယ်! Lok-tar ogar!
      Garrosh အသစ်တဖန် အထူးပြုလုပ်ထားသည့် ပြင်းထန်သောခံစားချက်ကို ခုခံသူများထံသို့ သွင်းထားလိုက်ပြီး သူတို့ရှေ့ကိုချီတက်ရန်အတွက် ပြင်းထန်သောခံစားမှုဖြင့်ပြည့်နေစေသည်၊ သူတို့၏နှုတ်ခမ်းများတွင် Lok-tar ogar! ဟုတစ်ချက်ဝိုင်းအော်ခြင်းဖြင့် တုံ့ပြန်စေသည်။ အလွန်ကြီးမားသော ပိုးတောင်မာကဲ့သို့သော ထူးဆန်းသည့်သတ္တ၀ါကြီးများသည် ကျောက်တုံးများကိုတူးဖော်သည့်နေရာ၏ ကြမ်းပြင်ကို မနှစ်မြို့ဖွယ်ရာ လွှမ်းမိုးထားပြီး Garrosh သူ၏၀ံပုလွေကိုခြေဖြင့်တစ်ချက်ခတ်လိုက်ပြီး ထိုနေရာသွားရန်အလုပ်ပေးလိုက်၏။ သူတို့ကိုစီးမည့်သူများကဲ့သို့ပင်Orcish ၀ံပုလွေများသည် စစ်ပွဲအတွက် သင်ကြားထားခြင်းဖြစ်ပြီး Malak သည် nerubian ၏လည်မြိုကိုနက်နက်ခဲထားလိုက်၏၊ ဟန်ချက်ပျက်သကဲ့သို့ဖြစ်ပြီး Garrosh အောက်သို့ဂျွမ်းထိုးမှောက်ခုံကျသွား၏။ ၀ံပုလွေစီးနင်းတိုက်ခိုက်ခြင်း၏ အကျိုးကျေးဇူးဖြစ်ပေလိမ့်မည်၊ သူအစဉ်သဖြင့် သူ၏ခြေအစုံမြေပြင်ပေါ်၌ရှိနေသည်ကို ပိုကောင်းသည်ဟုခံစားရ၏။
Nerubian သည်ရှည်လျားသည့်မြည်သံကိုထုတ်လွှတ်လိုက်ပြီး ရုတ်တရက် အင်အားသုံး၍ သူ၏ရှေ့ခြေများကို သူ့လည်ပင်းဆီတွန်းထည့်လိုက်၏။ Garrosh ဘေးသို့လှည့်ထွက်၍ တိုက်ခိုက်မှုကို ရှောင်လိုက်ပြီး သူ၏ပုဆိန်ဖြင့် တစ်ချက်အသာအယာယမ်းလိုက်ပြီး သူ၏ခြေများကို မြေပေါ်သို့ ပြတ်ကျစေ၏။ အင်းဆက်သည် ဒယီးဒယိုင်နောက်သို့ပြန်သွားပြီး သူ၏ပုဆိန်များဖြင့် ကြောက်မက်ဖွယ်ရာ လှပသောလှုပ်ရှားမှုအပြီး Garrosh ကခဲ့လုနီးပါးထင်ရ၏။ သူ၏သွေးပြန်ကျောများအတွင်း သွေးများသည်စူး၈ှုသည့်အသံကိုဖြစ်စေသည်၊ စစ်ပွဲ၏ ပြင်းထန်သောခံစားချက်သည် သူ၏ရင်ကိုလောင်ကျွမ်းနေပြီ။ သေဆုံးမှုပြစ်ဒဏ်ပေးလိုက်စဉ် ကောင်းစွာအသက်ရှင်၍ အသေအချာထေ့ငေါ့ရိသဲ့နေသည်ဟုခံစားလိုက်ရပြီး သူထိုအတွေးမျိုးဘယ်တော့မှအဖြစ်မခံနိုင်ပေ။
       Malak ကထိုအရာ၏ခြေထောက်များကိုလျှင်မြန်စွာသွား၍ သေချာလုံခြုံသောခြေချမှုကို ခိုင်ခံစွာရရှိခြင်းမှ ထိန်းထားလိုက်စဉ် Garrosh   သတ္တ၀ါ၏ လည်မြိုကို ကြမ်းတမ်းစွာခုတ်ထစ်လိုက်၏။ နောက်တစ်ချက် ထိုးနှက်ရန်အသင့်ဖြစ်နေစဉ်၊ အက်ရာမှ ချွန်သောအရာတစ်ခုကျသွား၍ အလွန်တောက်ပသောအသားအပိုင်းအစတစ်ခုဖြစ်ပြီး ရှာဖွေအနံခံသည့်အစိတ်အပိုင်းတစ်ခုဖြစ်မည်ဟု သံသယရှိကာ သူ့ကို ခဏမျှ ဦးတည်ရပ်သိမှုအားလုံးကို ဆုံး၈ှုံးသွားစေပြီး စစ်အကြီးအကဲ  Thrall  သည်တိုက်ပွဲထဲသို့ ၀င်လာပြီဖြစ်ကြောင်းကြေငြာလိုက်၏။ Nerubian  မှာနှလုံးခုံမြန်လျှက်ရှိပြီး သူ့အတွက်သွားစရာနေရာမရှိပေ။ သူ၏ပုဆိန်ကိုမြှောက်လိုက်ပြီး အဆုံးသတ်ထိုးနှက်မှုကို ပြုလုပ်လိုက်စဉ် သေချာသောအတင်းဝင်ရောက်တိုက်ခိုက်မှုတစ်ခုဟု Garrosh ခံစားလိုက်ရ၏၊  အင်းဆက်၏ ကြီးမားသောဦးခေါင်းမှာ နှစ်ခြမ်းကွဲသွား၏။
      ထိုအခြင်းအရာနှင့်အတူ တိုက်ပွဲကိုအောင်နိုင်လိုက်ပြီဟု Garrosh သိလိုက်၏။ ကျန်ရှိသည့်အားလုံးမှာ  Warsong  တပ်ဖွဲ့များအတွက်အမြန်ပြီးစီးစေရန်ရှိပြီး  nerubian ရိုးရိုးအကောင်များမှာ ယခုထက်ထိ ကျောက်တုံးများကိုတူးဖော်ရာနေရာတစ်လျှောက် တိုက်ခိုက်လျှက်ရှိ၏။ မြင်ရသည်မှာအစောင့်များမှာ ဒယီးဒယိုင်ဖြစ်နေဟန်ရှိ၏၊ Thrall သူ့အောက်ခြေမှ Doomhammer (ကြမ္မာဆိုးတူ) ကိုမြှောက်လိုက်၏၊ တစ်စုံတစ်ခုသော ဆိတ်ငြိမ်သောဆက်တိုက်အသံကိုရွတ်ဆိုပြီး Garrosh  မကြားနိုင်ပေ။ စစ်အကြီးအကဲ၏ အမိန့်၌ လေထုသည်ရုတ်ချဉ်း လေချွန်သံကဲ့သို့သောအသံမှ ဒေါသတကြီး ရှည်လျားကျယ်လောင်သောအသံတစ်ခုကို ဖြစ်စေပြီး လေထုမှာအက်ကွဲခံလိုက်ရ၏၊  Garrosh  ၏လည်ပင်းနောက်ဖက်ရှိ ဆံပင်များထောင်ထသွားအောင်လုပ်လိုက်၏။ စစ်သားများ လမ်းပေါ်မှဘေးဘက်သို့ ထိုးချရှောင်တိမ်းလိုက်စဉ် နောက်ဆုံခုခံနေသော အဖွဲ့ဆီသို့  မျက်စိကျိန်းစေသော လျှပ်စီးကြောင်းတစ်ခုသည် ရုတ်တရက်ထွက်ပြေးထွက်သွား၏။ ပေါက်ကွဲမှုမိုးရွာချလိုက်ပြီး အမှတ်လက္ခဏာတော်တော်များများ ကျောက်တုံးများပေါ်တွင်ကျန်ခဲ့၏။
       Malak ကိုသူ့ဆီပြန်လာရန်  Garrosh ခေါ်လိုက်ပြီး သူ၏လက်ဖြင့်အသာအယာ သူမ၏မျက်နှာပြင်ကိုပွတ်သပ်လိုက်၏၊ စစ်သည်များကိုစစ်ဆေးကြည့်၈ှုလိုက်၏၊သူတို့၏အောင်မြင်မှုတွင် ကျေနပ်ကြောင်းပြောလိုက်၏။ တိုက်ခိုက်မှုမှာ မကြာလိုက်ပေ၊ သို့သော်အသိအမှတ်တော့ပြုလောက်၏။ ထိုအရာသည် ကံမကောင်းခဲ့ပေ Horde သည်သူတို့၏ခံတပ်ကို အမြင့်ဘက်၌ တံတိုင်းတစ်ခုကဲ့သို့ ဆောက်လုပ်ခဲ့ပြီး ------- ရှေးကျသည့် nerubian တိုင်းပြည်ကြီး၏ တစ်စိတ်တစ်ဒေသဖြစ်သော မြေပြင်ကိုလည်းဖြတ်သန်းလျက်ရှိ၏၊ သို့သော်တိုက်ခိုက်မှုများကတော့ပုံစံတူညီပြီး များသထက်များလာ၍ အကြိမ်အရေအတွက် မရေတွက်နိုင်တော့ပြီဖြစ်ပြီး သူကတော့နောက်ဆုံးတွင် တိုက်ခိုက်မှုအားလုံးအတူတကွရပ်တန့်သွားမည်ဟု ယုံကြည်နေ၏။ သူ၏စစ်သားများကတော့ ခုခံကာကွယ်မှုအခွင့်အရေးအသီးသီးနှင့်အတူ စွမ်းရည်များစွာရရှိလာပြီဖြစ်ပြီး ကာကွယ်ရေးမျဉ်းများကိုလည်း ထိန်းထားနိုင်သေးသည်။ မျဉ်းများကိုလည်း ဆက်လက်ထိန်းထားလိမ့်မည်။
      သူသည် သူ၏လမ်းကို အမြင့်ရှိ Warsong Hold ၏ အခြေနှင့် ဆက်သွယ်ထားသည့် စောင်းလျှောပုံစံပြုလုပ်ထား၏၊ ထိုနေရာ၌ အရှင် Razgor စောင့်နေလိမ့်မည်၊ ပျစ်ချွဲသောအရည်များသည်တဖြည်းဖြည်းရွှေ့လျား၍ ယခုထက်ထိသူ၏ပုဆိန်သွားများမှ တစက်စက်ကျဆင်းနေ၏။
      “မင်းကိုအခုချိန်မှပဲ မြင်ရတော့တယ်” သူ၏မျက်နှာမှချွေးများကို လက်ဖြင့်သုတ်ရင်း သူပြောလိုက်၏။ Garrosh  ရယ်လိုက်၏။
      “အင်းဆက်ကောင်ကြီးတွေကို သတ်ရမယ့်အခွင့်အရေးကိုတော့ ဘယ်လွဲလိမ့်မလဲ” သူဖြေလိုက်၏။ Razgor ပါးစပ်ကိုဟ၍ ပြုံးလိုက်၏။
      “စစ်အကြီးအကဲ  Thrall က ကျုပ်နဲ့အတူ Dalaran ကအတူပါလာတယ်” Garrosh ဆက်လက်၍ပြောလိုက်၏ “ Northrend  မှာကျုပ်တို့ရဲ့တပ်စွဲမှုကို စီစဉ်ညွှန်ကြားဖို့ပဲ”။ သူပြောလိုက်စဉ်၊ Thrall ရုတ်တရက် Garrosh ၏နောက်ဖက်ရှိလမ်းပေါ်ရောက်လာ၏။
       Razgor ၏ မျက်လုံးများကျယ်သွားပြီး သူဦးညွှတ်အရိုအသေပြုလိုက်၏။ သူလှည့်၍ သူ့ပတ်ပတ်လည်ရှိစစ်သားများ၏ အစုအဖွဲ့ကိုမျက်နှာခြင်းဆိုင်လိုက်၏။
      “အရှင် Hellscream ပြန်လာတာကို ကြိုဆိုပါတယ်!” သူကြေငြာလိုက်၏။ စစ်သားများသည် ကောင်းချီးသြဘာပေးလိုက်ကြပြီး သူတို့၏ လက်နက်များကိုဝှေ့ယမ်းလိုက်ကြ၏။“ပြီးတော့ကြိုဆိုပါတယ်”
သူစကားဆက်လိုက်၏၊ပို၍ကျယ်လိုက်၏၊“ငါတို့ရဲ့ စစ်အကြီးအကဲ! Thrall၊ Durotan ရဲ့သားတော်!”။လူစုလူဝေးသည် တစ်ပြိုင်နက်တည်းကျလုနီးပါး လှည့်လိုက်ပြီး အလေးပြုလိုက်ကြ၏၊ မျက်လုံးတိုင်းသည် ကိုယ့်ကိုယ်ကိုနှိမ့်ချသောအကြည့်ဖြင့်  Thrall ၏အပေါ်၌ ရောက်ရှိနေ၏။ Razgor  ရှေ့သို့ခြေလှမ်းလိုက်ပြီး ကောင်းစွာအလေးပြုလိုက်၏။
      “သင့်ရဲ့ Warsong Hold ကိုရောက်ရှိလာမှုအတွက် ကျွန်ုပ်တို့အားလုံး ဂုဏ်ယူပါတယ်၊ စစ်အကြီးအကဲ၊” သူပြောလိုက်၏။ Thrall  ၏မျက်လုံးများသည် ခံတပ်၏မြင့်မားသော သံတံတိုင်းများကိုဖြတ်ကျော်သွားပြီး၊ ခံတပ်ကိုကာကွယ်ရန်ဆောက်လုပ်ထားသော ကျောက်တုံးမြေကတုတ်များကိုဖြတ်သွားပြီး ကျောက်တူးဖော်သည့် ကြီးမားနက်၈ှိုင်းသည့် မြေတွင်းကြီးပေါ်သို့ကျဆင်းသွား၏ ထိုနေရာ၌ သူတို့အခုလေးတင်တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံး၌ Garrosh  ပေါ်သို့ပြန်လည်ရောက်ရှိသွား၏၊ ထိုသူနောက်သို့လှည့်၍ ငေးကြည့်နေ၏။
      “ဒီဟာကငါ့ကို  Orgrimmar ကိုတောင်သတိရစေတယ်” Thrall  ပြောလိုက်၏။ “ချီးကျူးလောက်ပါတယ်”။
      “အထဲမှာဒီ့ထက်ပိုပြီးပြုလုပ်ထားပါတယ်”  Garrosh တုံ့ပြန်လိုက်၏။ “ကျွန်ုပ်တို့သင့်ကိုလိုက်ပြပါ့မယ်”။
      “ငါသေချာပါတယ် ငါစိတ်ပျက်လိမ့်မှာမဟုတ်ဘူး၊” Thrall ဖြေကြားလိုက်၏။ စကားလုံးများ၌ Garrosh သူ၏သွားများကိုအမှုန့်ကြိတ်ပစ်လိုက်၏။
         *      *      *
       Orgrimmar ။ ပထမဆုံးအကြိမ် သူထိုအရာကိုတွေ့လိုက်ရစဉ်၊ မြင်ကွင်းသည် သူ့ကိုလူသွားလမ်းများပေါ်၌ ကျက်သေသေသွားစေခဲ့သည်။  Razorwind Canyon (လေသင်တုန်းချောက်နက်ကြီး)ကိုနောက်တွင်ချန်ခဲ့ပြီးကထဲက သူတို့အဝေးကြီးမရောက်သေးပေ၊ Durotar ၏ အညှိုးကြီးသောနေမင်းသည် ထိုအရာ၏ မြင့်မားသော သဲကျောက် နံရံများကြားမှမြင်ကွင်းထဲသို့ ပေါ်ထွက်လာခဲ့၏။ သူတို့ယခုချိန်မတိုင်မီက အဆုံးမရှိပြန့်ပြောသော အနီရောင်မြေပြန့်လွင်ပြင်နှင့် အဝေးမှတံလျှပ်များ၏ ပုံပန်းပျက်အောင်ဆွဲယူလိမ်လှည့်မှုကြောင့် ရုတ်တရက်ပျောက်ကွယ်သွားသည့် မိုးကုတ်စက်ဝိုင်းသာရှိခဲ့၏။ ထိုအရာသည်  Nagrand ၏ အသာအယာနိမ့်လိုက်မြင့်လိုက်ဖြစ်နေသော အစိမ်းရောင် တောင်ကုန်းများနှင့်တော့ တခြားစီဖြစ်နေ၏။
“ဒီကနေပြီး! မင်းလှမ်းမြင်နိုင်လား?” Thrall သူ၏ ၀ံပုလွေကိုရပ်လိုက်ပြီး မြောက်ဘက်ဝင်ရိုးစွန်းသို့ ညွှန်ပြလိုက်၏။ Garrosh သူ့ကိုနောက်ထပ်ရပ်တန့်ခိုင်းလိုက်ပြီး မျက်လုံးများကို အနည်းငယ်မှိတ်၍ ကြည့်လိုက်၏။ သူတို့၏နောက်၌ သူတို့၏နောက်လိုက်နောက်ပါများသည် အရှိန်လျော့လိုက်ပြီး ထို့အတွက်ဘာရည်ရွယ်ချက်မှမရှိပေ။
      ဝေးကွာသောနေရာ၌ မြင့်မားသည့် ၀င်ပေါက်တစ်ခုကိုမြင်လိုက်ရ၏၊ ချွန်ထက်အောင်ပြုလုပ်ထားသည့် သစ်သားများဖြင့်  မြင့်မားသည့်သံမဏိအဆောက်အအုံများ၏ နံရံတစ်ခုဖြစ်၏၊ မျှော်စင်များမှာ အနီရောင်အမိုးများဖြင့်မိုးထား၏ . . . .မဟုတ်နိုင်ဘူး၊ သူမျက်လုံးမှောက်နေတာဖြစ်မည်။ သူစတင်၍ အံ့သြလာ၏။  Orgrimmar  သည်ယခုကဲ့သို့မကြီးနိုင်ပါ။ သူ Thrall  ကိုမြင်ရန်အတွက် အပေါ်သို့မော့ကြည့်လိုက်ပြီး သူ့ကိုသေချာစွာဂရုစိုက်၍ကြည့်နေ၏၊ သူ၏မျက်နှာ၌ အပြုံးများကို အစွမ်းကုန်ဖော်ထုတ်ပြနေ၏။ သူစိတ်အားထက်သန်စွာဖြင့် Garrosh  ၏တုံ့ပြန်မှုကို ရှင်းရှင်းလင်လင်း စောင့်ကြည့်နေ၏။ သူ၏ရင်ဘတ် လောင်ကျွမ်းသွားသည်ဟု  Garrosh ခံစားလိုက်ရ၏။ Garadar တွင် ထူးထူခြားခြားအထင်ကြီးလောက်စရာ မရှိခဲ့ပေ၊ သို့သော် သူယခုမျိုးနွယ်စုအကြီးအကဲဖြစ်နေပေပြီ။ သူအခု သူ့အဖေ၏ အမွေကိုဆက်ခံနေရပြီ။
      “ချီးကျူးလောက်ပါတယ်” သူလည်ချောင်းသံပြုလိုက်၏။“ဆွဲဆောင်မှုရှိသလို ကြီးလဲကြီးမားပါတယ်”
       Thrall ရယ်လိုက်၏။“ခဏနေဦး” သူပြောလိုက်၏၊ ပါးစပ်ဟ၍ ပြုံးနေ၏။
Garrosh  သူ၏မျက်လုံးများကို ရှေ့သို့အသေစူးစိုက်ထား၏။ ရုတ်ချဉ်း သူ၏လည်ချောင်းခြောက်ကပ်ကပ်ခံစားလိုက်ရ၏။ အဲ့ဒါဖုံမှုန့်တွေဖြစ်မည်၊ ဟုတ်ပေ၏။
      သူတို့ခရီးသွားနေသည့် ရက်သတ္တပတ်များအတွင်း Thrall  သည် မြို့၏ပုံရိပ်ကို စိတ်ထဲတွင်ပေါ်လာစေရန် အလင်္ကာမြောက်သည့်စကားလုံးများနှင့်အတူသူ၏ခေါင်းထဲသို့ ဖြည့်ပေးခဲ့၏။ ဘာကိုမျှော်လင့်ရမည်ကို သူကောင်းကောင်းနားလည်လက်ခံနိုင်သည်ဟု  Garrosh  ယုံကြည်နေ၏ - သူအခုမှားနေတာ - ဘာမျှမရှိပေ၊ ကမ္ဘာမှာ ပြောသကဲ့သို့အကုန်မဟုတ်ပေ၊ သူမြင်ရမည့်အရာများအတွက် သူ့ကိုအသင့်ပြင်ဆင်ပြီးဖြစ်စေခဲ့၏။ သူ့ရှေ့ရှိ အပေါ်သို့စောင်းတက်သွားသော အဆောက်အအုံနှစ်ခု သုံးခု ၏ ရှည်လျားသော အတိတ်ဖြစ်ရပ်များ၏ဖော်ပြချက်၊ သူတို့ရှေ့ရှိအရာများမှာ အကွေ့အကောက်များသည့်လမ်းကြိုလမ်းကြာအတွင်း သစ်ပင်ရိပ်များနှင့် အထက်မှထိုးထွက်နေသည့် ကျောက်ဆောင်များ၏အရိပ်တွင် တဖြည်းဖြည်းပျောက်ကွယ်သွား၏။ အကယ်၍သာ orc များ၏အကြီးဆုံးအစိတ်အပိုင်းသည် Draenor  ၌သာအမြဲတည်ရှိခဲ့မည်ဆိုလျှင်၊ ထိုအရာသည်ဟိုးအရင်ကထဲက အဖျက်ဆီးခံခဲ့ရမည် သို့မဟုတ် စွန့်ခွါခဲ့ရမည်မဟုတ်ပေ။ Orgrimmar  ၊ သို့ငြားသော်လည်း၊ သက်ရှိများ၏လှုပ်ရှားမှုများနှင့်ပြည့်နေ၏။ ဒါဇင်ပေါင်းများစွာသော စတုရန်းပုံသဏ္ဌာန်ဆောက်အအုံများအတွင်း ဒါဇင်ပေါင်းများစွာသော orc များရှိနေ၏။ နှစ်များစွာအတွင်း သူမြင်တွေ့ခဲ့ဘူးသည့်orc များထက်ပိုများ၏၊ ယခုထိအသက်ရှင်နေသေးသည်ဟု သူသိထားသမျှထက် မမျှော်လင့်ဘဲ ပိုများနေ၏။ ယခုမြင်တွေ့နေရသည့်မြင်ကွင်းအတွက် သူဘယ်တုန်းကမှပြင်ဆင်မထားခဲ့ပေ။
       Garrosh ကလေးသာသာအရွယ်အချိန်လောက်က၊ မျိုးနွယ်စုများသည် တစ်ခုထဲအဖြစ်ပေါင်းစည်း၍  Horde  ကိုဖွဲ့စည်းခဲ့ကြပြီး ဖြစ်လာတော့မည့်ပထမစစ်ပွဲဟု သိထားကြသောအရာအတွက် ပြင်းထန်သောစိတ်ပါဝင်စားမှုတစ်ခု၌ လပေါင်းများစွာ အချိန်ဖြုန်းနေခဲ့ကြ၏။ နှစ်ပေါင်းများစွာကြာပြီးနောက်၊ ဒုတိယစစ်ပွဲကြီးပြီးနောက်၊  Alliance  များသည်ပြန်လည်၍ Horde များ၏မူလနယ်မြေများကိုကျူးကျော်ခဲ့ကြပြီး  Garrosh  သည် ရှေးကပင် Horde ၏အဆင့်အတန်းတစ်ခုကို ၀င်ရောက်ပြီး သူ၏ဖခင်နှင့် ဘေးချင်းယှဉ်လျက်တိုက်ခိုက်မည်။ သို့သော် သူ၏အခွင့်အရေးမှာရောက်လာပြီးနောက် ပြန်လည်ထွက်ခွါသွားပြီး ထိုအစား အနီရောင်အစက်အပျောက်များအနှံ့အပြားပေါက်နေသည့်အတွက်  ရောဂါမကူးဆက်စေရန်တစ်ဦးတည်းထားခြင်းဖြင့် Garadar တွင်အကန့်အသတ်ခံခဲ့ရပြီးကျန်ခဲ့၏၊ လမ်းလျှောက်နိုင်ခြင်း မရှိသလောက်ပင်၊ သူ၏အဖျားအတွက် စိတ်တုန်လှုပ်ခြောက်ခြားခြင်းနှင့် သူ၏ပျော့ညံ့မှုအတွက် အရှက်နှစ်ခုစလုံးနှင့် အတူ ဒေါသမီးတောက်လောင်နေခဲ့၏။ အများကြီးမဟုတ်တောင်မှ မျက်လုံးတစ်ချက်လောက်ပင် နောက်သို့ဝေ့မကြည့်ခြင်းနှင့်အတူ သူ၏ဖခင်မှာလည်း Azeroth  သို့ထွက်ခွါသွားပြီး Garadar  သို့မဟုတ် သူ၏သားဆီသို့ ဘယ်တော့မှပြန်မရောက်တော့ပေ။ ထို့နောက်တွင်တော့ သူ၊ Garrosh Hellscream ၊ Warsong  မျိုးနွယ်စု၏အမွေခံဖြစ်သွားတော့၏၊ သူ၏ပြည်သူလူထုအတွက် အကူအညီပေးနိုင်လောက်သည့် ခွန်အားမရှိခဲ့သေးပေ။ Horde သည်သူ့ကိုငြင်းပယ်ထားခဲ့၏။ သူ  Mag’har ၌သာရှိနေခဲ့သည် ---  သွေးပျက်ဆီးမှုမဖြစ်ခဲ့ပေ --- သို့သော်သူထိုကဲ့သို့အလိုမရှိပေ။
       Horde  သည် အဆုံးစွန်ထိကျ၈ှုံးခဲ့၏။ လူများသည် Dark Portal ကိုဖျက်ဆီးလိုက်ကြပြီး အောင်နိုင်ခဲ့သောorc များကို အကျဉ်းချထားလိုက်ကြပြီး အလွန်ကြီးမားသောစစ်ပွဲကြီးများ ပြီးဆုံးသွားခဲ့၏။ Mag’har  သည်ခါးသီစွာဖြင့် အထီးကျန်နေခဲ့၏။ အချို့ Horde orc များကတော့ကျန်ရှိနေခဲ့ကြ၏၊ ကျိန်းသေ၏၊ သို့သော် သူတို့ Garadar  ကိုရှောင်နေခဲ့၏။ အန္တရာယ်ကို သတိထား၍ ရှောင်တိမ်းနေရခြင်းနှင့် ထိုနေရာတွင်နေထိုင်သောလူများကို ရွံမုန်းခြင်း၏ မလေးစားထိုက်ဟု ယူဆခြင်းကြောင့်ဖြစ်သည်။ ကပ်ရောဂါပြန့်ပွားခြင်းသည် ထိုအရာ၏ အကြောင်းရင်ဖြစ်၏။ Orc များသည်တဖြည်းဖြည်းလျော့နည်းလာ၏၊ အစိတ်စိတ်အမွှာမွှာကွဲနေခဲ့၏ ပြီး အမြဲတစေ အသက်ရှင်ကျန်မှု၏ ချောက်အစွန်းအဖျားပေါ်၌ တိုက်ခိုက်နေရ၏။ နောက်ဆုံးတွင် Horde  ၏ ဆိုးဆိုးဝါးဝါးပျက်စီးမှုသည် အမှန်တကယ်ဖြစ်ခဲ့ပြီး သူတို့၏ရန်သူများသည် ဖျော့တော့၍ မီးခိုးငွေ့ဖြစ်သည်အထိ တွန်းအားပေးခဲ့ပြီး အသက်ရှင်ကျန်မှုသည် မိုက်မဲသောဖြစ်နိုင်ချေဟုသာ ထင်ရ၏။
       Orgrimmar မှာတော့  Horde  သည် အသက်ရှင်ကျန်ရုံသက်သက်မျှမဟုတ်တော့၊ သူတို့ ချမ်းသာကြွယ်ဝနေကြ၏။ စတုရန်းပုံသဏ္ဌာန် အဆောက်အအုံများ၌ orc များ ပြည့်နှက်ကျပ်သိပ်နေ၏။ ကုန်သည်များသည် သူတို့ရောင်းချသည့်အရာများအတွက် ခွေးဟောင်သကဲ့သို့အော်ဟစ်နေ၏၊ အပြေးပြိုင်ခွေးများကဲ့သို့ သူတို့၏ ဖြစ်နိုင်ချေရှိသော ဖောက်သည်များကို အပြိုင်အဆိုင်လျော့ပေးနေ၏။ တံခါးမပိတ်သည့် ဆိုင်ခန်းများအကြား ကလေးများမှာညစ်ပေနေ၏၊ မမြင်ရသောရန်သူကို ဆန့်ကျင်နေသည့် တကယ်မဟုတ်သောစစ်ပွဲများဖြင့်သရုပ်ဆောင်လျှက်ရှိ၏။ Grunt  များမှာ လမ်းများပေါ်တွင် ကင်းလှည့်နေ၏။ Garrosh သူ့အရင်ကလှုပ်ရှားမှုဘ၀အတွက် ယုံကြည်မှုမရှိသလောက်ဖြစ်နေ၏။
      ထို့နောက်သူ့ကို၊ Thrall ညှင်းညှင်းရယ်လိုက်၏။ Garrosh အထက်သို့ မျက်လုံးဝေ့ကြည့်လိုက်၏။
      “အဲ့ဒါ ရယ်စရာကောင်းလောက်အောင် ညစ်ပတ်ပေကျံနေတဲ့ ကလေးတစ်ယောက်ပဲ” Thrall  ပြောလိုက်၏။
       Garrosh ခေါင်းညိတ်လိုက်၏၊ သို့သော်စကားမပြောပေ။
      “မင်းမြင်ခဲ့တာအကုန်ပဲ၊ Garrosh Thrall  ဆက်ပြောလိုက်၏။ သူပါးစပ်ကို ကျယ်ပြန့်စွာဟ၍ပြုံးလိုက်၏။ “ Orgrimmar ကကြိုဆိုပါတယ်!”
         *      *      *
Warsong Hold  ၌ သူတို့ခံတပ်ကိုကာကွယ်ရန်ဆောက်လုပ်ထားသည့် မြေကတုတ်များကိုဖြတ်၍ လမ်းလျှောက်ခဲ့ကြ၏၊ မျှော်စင်များ၏ထိပ်သို့တက်ခဲ့၏၊ ပြီးနောက် သတ္တုကို အပူပေးခြင်းဖြင့် ပြုလုပ်ထားသည့် အရာဝတ္ထုများနှင့် ပန်းပဲဖိုဆီလှည့်လည်ခဲ့၏။ သူတို့ကြီးမားသည့်အစည်းအဝေးခန်းမကြီးသို့ ပြန်လာခဲ့ချိန်၌ မြင်လိုက်ရသည့် ကြမ်းပေါ်၌ခင်းထားသည့် Northrend  ၏ အလွန်ကြီးမားသော နည်းဗျူဟာမြေပုံကို အသေအချာကြည့်၈ှုလေ့လာသုံးသပ်သည့် အမှု၌ အချိန်ကုန်သွားခဲ့၏။ သားရေအချပ်များကို တစ်ခုထဲဖြစ်အောင်ချုပ်ရိုးများဖြင့်ချုပ်လုပ်ထားသည့် အပေါ်၌ တိကျနှံ့စပ်သော လိုင်းဆွဲ၍ စာလုံးများအရုပ်များရေးထား၏၊ သိထားပြီးသမျှသော ထိန်းချုပ်တပ်စွဲထားသည့်နေရာများနှင့်  Northrend ၏ရှေ့တန်းစစ်မျက်နှာများ၊ ရန်သူနှင့် မိတ်ဆွေခွဲခြားပြသမှုများ။ Garrosh အထူးသဖြင့် Northern peninsula  (ကမ္ဘာ့မြောက်ခြမ်းကျွန်းဆွယ်) ၏ Storm Peaks  (မုန်တိုင်းအထွတ်) များကို ရှင်းပြနေရ၏ Thrall ခက်ခက်ခဲခဲ စိုက်ကြည့်နေ၍ဖြစ်၏၊ ထိုနေရာ၌  Ulduar  တည်ရှိ၏။ Garrosh  ၏စိတ်သည်ရုတ်တရက် မရည်ရွယ်ဘဲ Dalaran  တွင်  Kirin Tor နှင့်သူတို့၏ အကျဉ်းချုပ်အစည်းအဝေးသို့ ပြန်လည်စီးမြောသွား၏။ မင်း ငါ့ကိုစိတ်ပျက်စေခဲ့တယ်။ သူ၏လက်အဆစ်များလောင်ကျွမ်းသွားသည်အထိ သူ၏လက်သီးဆုပ်ကို တင်းတင်းဆုပ်ထားလိုက်၏။
      “ဘယ်မှာလဲ” Thrall  ရုတ်တရက်ပြောလိုက်၏၊ “ Icecrown (ရေခဲတောင်ထွတ်) ရှေ့တန်းစစ်မျက်နှာက?”။ သူမြေပုံကိုလေ့လာနေ၏၊ ထိုနေရာ၌ မြေဖြူဖြင့်ရေးဆွဲထားသည့် အမှတ်တစ်ခုသာရှိ၏။ “အရှေ့တောင်ဘက်ထဲက မြေပြင်ပေါ်မှာပါ” Garrosh ဖြေကြားလိုက်၏၊ “ Argent Crusade တပ်စွဲထားပါတယ်။” သူမြေပုံ၏ တခြားအပိုင်းတစ်ပိုင်းကို ထောက်ပြလိုက်၏၊ Crusade များတပ်စွဲထားသောနေရာ၏ မြောက်ဘက်နား၌ ဖြစ်၏။“ Orgrim’s Hammer ကိုဒီနေရာကို စေလွှတ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ Icecrown’s ramparts ကိုစီးနင်းတိုက်ခိုက်မှုကို လေထဲကနေပြုလုပ်မှာပါ” ။ သူ၏မျက်လုံးများကို Thrall ဘက်လှည့်လိုက်၏။“ကျွန်တော်တို့ရဲ့ ကင်းထောက်က ကျွန်တော်တို့ကိုပြောတာတော့ Alliance တွေရဲ့အစီအစဉ်လဲအတူတူပါပဲ။”
       Thrall တုံ့ပြန်မှုမပြုလုပ်မီ၊ တခြားအသံတစ်ခု အစည်းအဝေးခန်းမကိုဖြတ်၍ ၀င်ရောက်လာ၏။
      “ရုတ်တရက်တိုက်ခိုက်မှုက စတင် နေပါပြီ။” Thrall နှင့် Garrosh လှည့်၍စကားပြောသူကို ဂရုစိုက်လိုက်၏။
      အရှင်ကြီး Varok Saurfang သည် ပိတ်ထားသည့် စာလိပ်တစ်လိပ်ကိုလက်တွင်ကိုင်၍ သူတို့ရပ်နေရာသို့ သူ့ပုံစံအတိုင်း ခြေလှမ်းကျဲကြီးများဖြင့်လျှောက်လာနေ၏။
      “ဒီသတင်းက အခုနေ့လည်ခင်းကမှ ရောက်လာတာပါ၊ ” သူဆက်ပြောလိုက်၏။ “ဒီဟာက Korm Blackscar’s  ရဲ့ သူ့ကိုယ်ပိုင်ဖော်ပြချက် စာအိတ်ပါ။”
      “ Throm-ka, Varok,” (တွေ့ရတာဝမ်းသာပါတယ်၊ Varok) Thrall ပြောလိုက်၏။
      “ Throm-ka, Warchief,   ”(တွေ့ရတာဝမ်းသာပါတယ်၊ စစ်အကြီးအကဲ)သူဖြေကြားလိုက်၏။
      “ငါတို့ Dalaran ကနေလာခဲ့တာပဲ၊ Agmar’s Hammer  ကိုမိတ်ဆက်တဲ့အနေနဲ့” Thrall သူ့ကိုပြောလိုက်၏။ သူခဏတာမျှ ရပ်တန့်ထားလိုက်၏။“ငါတို့ Wrath Gate မှာပေးဆပ်မှုအတွက် အလေးပြုပါတယ်”။
       Varok တိတ်ဆိတ်စွာ ကြွင်းကျန်နေ၏။
      “ငါ Dranosh  အတွက် စိတ်မကောင်းပါဘူး၊” Thrall ပြောလိုက်၏။
      “ကျွန်တော့်သား ဂုဏ်ထူးကိုပြသသောသေဆုံးမှုနဲ့သေဆုံးခဲ့ပါတယ်၊ သူ့လူတွေကိုကာကွယ်ရင်းနဲ့” Varok  ပြန်ပြောလိုက်၏၊ အနည်းငယ် လျှင်မြန်သော ပြန်ကြားဖြေဆိုချက်တစ်ခုဖြစ်၏။“ ကျွန်တော်တို့ Lich King  ကိုအောင်နိုင်တဲ့အချိန်ကျရင် သူ့ရဲ့နာမ်ခန္ဓာက ဒဏ်ခတ်မှာပါ”
       Thrall ခေါင်းညိတ်လိုက်၏။
      “ဒီမှာ Blackscar ရဲ့ အစီရင်ခံစာပါ၊” Varok  ဆက်ပြောလိုက်၏၊ သူတို့၏စိတ်ဝင်စားမှုသည် စာလိပ်ပေါ်သို့ ပြန်လည်ရောက်ရှိသွား၏။ “ ရှေ့တန်းစစ်မျက်နှာကနေ ဘာသတင်းများလာလဲလို့ ကြည့်လိုက်ကြရအောင်။”
         *      *      *
       Orgrimmar ကို Garrosh ချစ်ပါ၏။ အဲ့ဒီ့ကလမ်းတွေမှာ လမ်းလျှောက်ရတာကိုသူကြိုက်၏၊ သူဈေးဆိုင်တွေကို လည်ပတ်ရသည်ကို နှစ်သက်၏၊ သူမြင်းဇောင်းတွေကိုချစ်ခင်ပြီး အ၀ိုင်းပုံစံရှိသည့် လေ့ကျင့်ရေးကွင်းများနှင့် ပန်းပဲသမားများနှင့် ဆိုင်ခန်းများ။ ထိုအားလုံးထက်ပို၍ မြို့အနှံ့ပြန့်ကျဲတည်ရှိနေသည့် အလံတိုင်များ၏ထိပ်တွင် လေထဲ၌ လှိုင်းတွန့်နေသည့် အလံများကိုပို၍ နှစ်သက်၏ : Horde  ၏အနက်နှင့် အနီရောင်ပါဝင်သောအလံများ။ ထိုအလံများ၏အောက်တွင် မတ်တပ်ရပ်ခြင်းဖြင့်၊ သူ့ကိုဘယ်ကပိုင်ဆိုင်သည်ကို သူသိ၏။ သူ Horde  တွင် တာဝန်ထမ်းဆောင်ခဲ့၏၊ သူ့မတိုင်မီက သူ့အဖေရှိခဲ့စဉ်ကကဲ့သို့ဖြစ်၏။
      သို့ငြားသော်လည်း၊ သူတော်တော်အထီးကျန်နေ၏၊ သူ၏ပတ်ပတ်လည်၌ ၀ိုင်းရံနေသော သူ့လူများနှင့် မတူဆန့်ကျင်သည့်အကြောင်းကြောင့်ဖြစ်၏။ သူဘယ်နေရာကိုသွားသွား၊ လူများငေးကြည့်ခံနေရ၏။ အသံများသည်လည်းအလျင်အမြန်ပျံ့နှံ့လာ၏ အဲ့ဒါ Grom Hellscream  အသက်ရှိစဉ်ကသားပဲ ပြီး သူ Orgrimmar ကိုရောက်လာတာ၊ ပြီးနောက် ထိုအရာသည် ထိုသို့ဖြစ်ခြင်း၏ အကြောင်းပြချက်ဖြစ်လိမ့်မည်ဟု ပထမတော့သူယူဆခဲ့၏။ သို့သော်တစ်နေ့တော့ ငယ်ရွယ်သောကလေး တစ်ယောက်သည် သူ၏မိခင်ကို ကျယ်လောင်စွာပြောနေသည်ကို သူအမှတ်မထင်ကြားလိုက်မိ၏။
      “ဟိုမှာ ကြည့်စမ်းပါဦး! သူ့ကိုကြည့်ရတာထူဆန်းလိုက်တာ ! ”
      “ရှူး! တိတ်တိတ်နေ! ”
      “ဒါပေမယ့် သူ့ရဲ့အသားအရေ! ကျွန်တော်တို့လိုမျိုးအစိမ်းရောင် မဟုတ်ဘူးနော်! အစိမ်းရောင်အသား အရေမရှိတာ ဘာ orc လဲ?”
       Garrosh စကားပြောလိုက်သည့် ကလေးထံသို့လှည့်လာလိုက်၏။ သူအခုထိငေးကြည့်နေ၏၊ မျက်လုံးပြူးနေ၏၊ သူ၏ပါးစပ်ထောင့်စွန်း၌ လက်ညိုးကိုစုပ်နေ၏။ Garrosh ညာဘက်သို့လှည့်ကြည့်လိုက်ပြီး တိုတောင်းသောအချိန်အတွင်း သူ့မိခင်၏ မျက်လုံးများကို ဖမ်းမိသွား၏။ သူမအဝေးကိုကြည့်နေပြီး သူ့သား၏လက်မောင်းကိုဆုပ်ကိုင်ထားလိုက်၏၊ လျှင်မြန်စွာပင် အလျင်စလိုထွက်ခွါသွား၏။ လျှောက်သွားသည့်လမ်းတလျှောက် Garrosh အချိန်ကြာမြင့်စွာစူးစိုက်ကြည့်နေလိုက်၏၊ တခြားစကားပြောရန် -- လမ်းမှာ တိတ်ဆိတ်နေသည့် လူအုပ်များရှိ၏ -- အမှတ်မထင်ကြားမိသည့် သူများသည် အတင့်ရဲစွာပင် တိတ်ဆိတ်ငြိမ်သက်နေ၏။ မဟုတ်ဘူး၊ ငါ့အသားရောင်ကအစိမ်းမဟုတ်ဘူး၊ အဲ့ဒါအညိုပဲ၊ သူ၏မျက်လုံးများကပြောနေ၏။ ငါဟာ Mag’har တွေထဲကတစ်ယောက်ပဲ။ သူထိုအရာကိုအသိအမှတ်ပြုခံရချိန်၌ မည်သည့်ဘေးလူကိုမဆို ပြည့်စုံလုံလောက်စွာ ခြိမ်းခြောက်နိုင်စေမည်၊ သူလှည့်ပြီး သူ၏လမ်းကိုဖြည်းညှင်းစွာ ဆက်သွားလိုက်၏။ သူအနည်းငယ်လောက်ပင် အသွားရသေးမီ် သူ၏ လက်မောင်းပေါ်ရှိ ညင်သာသောလက်တစ်ဖက်သည် သူ့ကိုရပ်တန့်စေလိုက်၏။
       Garrosh ဘေးဘက်ကိုပတ်ခြာလှည့်၍ ကြည့်လိုက်၏၊ ရုတ်တရက်အံ့သြသွား၏။
      “ငါ့ကိုခွင့်လွှတ်ပါ၊ကောင်လေး၊ ဒါပေမယ့် ငါရှင်းပြရလိမ့်မယ်။”
      ပြောလိုက်သူမှာ အသက်အရွယ်ကြီး၍ လေးစားရသော orc တစ်ယောက်ဖြစ်၏၊ သူ၏ဆံပင်များဖြူနေသည်မှာ ကြာမြင့်ခဲ့ပြီ သို့သော် ယခုထိကျစ်ဆံမြှီးကျစ်၍ ကြိုးထုံးထား၏။ အနာရွတ်များ မြောက်မြားစွာသည် သူ၏မျက်နှာနှင့် လက်များပေါ်တည်ရှိပြီး ရင့်ကျက်ခဲ့ပြီးသော အတွေ့အကြုံရှိခဲ့သည့် စစ်သည်တော်စစ်စစ်ဖြစ်ကြောင်း ရှင်းလင်းအောင်လုပ်ပေးနေ၏။ Garrosh  သူ့ကို ဒေါသနှင့်စူးစိုက်ကြည့်လိုက်၏။
“ခင်ဗျား ဘာပြောချင်လို့လဲ၊ လူအိုကြီး?”
      “ဒီကလေးကအမှန်ကိုပြောတာပဲ၊ ဒါပေမယ့်သူအဲ့ဒါကိုတော့နားမလည်ဘူး။” Orc အဖိုးအိုသည် သူ၏ခေါင်းကိုခါယမ်းလိုက်၏။
      သူ၏ဆုပ်ထားသောလက်ကို Garrosh အရေးမပါသလို ဆက်ဆံလိုက်သည် ။ “ကျုပ် ခင်ဗျားရှင်းပြမှာကို စိတ်မ၀င်စားဘူး၊” သူပြောလိုက်၏၊ နောက်တစ်ဖန်လှည့်ထွက်ရန်ပြင်လိုက်၏။
      “ငါမင်းရဲ့အဖေ Hellscream  နဲ့အတူတကွတိုက်ခိုက်ခဲ့တယ်၊” စစ်သည်တော်က ပြောလိုက်၏။  Garrosh မထွက်ခွါသေးပေ။ “ငါသူနဲ့အတူ  Shattrath   ကနေဆုတ်ခွါပြီးတော့  Ashenvale  သစ်တောတွေအထိလိုက်ခဲ့တယ်။ ငါသူနဲ့ဘေးချင်းယှဉ်ပြီး Mannoroth ရဲ့သွေးကိုသောက်ခဲ့ပြီး သူ့ရဲ့စွန့်လွှတ်အနစ်နာခံမှုပြီးတော့ ငါ့ရဲ့ကျန်စာအဆုံးသတ်သွားတယ်လို့ ခံစားခဲ့ရတယ်။
      “အဲ့ဒါဘာကိုဆိုလိုတယ်ဆိုတာတော့မင်းသိမှာမဟုတ်ဘူး ငါမင်းကိုတွေ့ရတာ နှစ်သက်သလိုမျိုးပဲ။ ကျိန်စာပျယ်သွားတဲ့အခါ ဘာကိုစွန့်ခွါခဲ့ ပြီး ဘာကိုဖျက်ဆီးခဲ့တယ်ဆိုတာ ငါတို့လွတ်လွတ်လပ်လပ်မှတ်မိလာတယ်။ တစ်ချိန်က ငါတို့လူတွေမှာ ရှိခဲ့တဲ့ဟာ ဘာမှမကျန်တော့ဘူးလို့ငါတို့ တွေးမိတယ်။ နောက်မှတွေ့တော့မယ်. . . ” သူဆုပ်ထားသည့်လက်ကိုလွှတ်လိုက်ပြီး Garrosh ကို ခြေအစ ခေါင်းအဆုံးကြည့်လိုက်၏။ “ဒါကိုတော့သိထားပါ ငါတို့ရဲ့အတိတ်က လုံးဝဆုံး၈ှုံးသွားတာမဟုတ်ပါဘူး. . .အဲ့ဒါကတော့ ဒီမှာငါတို့ရဲ့အနာဂါတ်အတွက် မျှော်လင့်ချက်ပဲ။
      “ Grom  ဟာ စွမ်းရည်အလွန်ကောင်းတဲ့ စစ်သည်တော်ကြီးတစ်ယောက်ပါ။ ငါသူ့နောက်ကို Draenor ရဲ့အဆုံးသတ်နဲ့ အလွန်အထိလိုက်ခဲ့တယ်။ အခုတော့ ငါက စစ်မြေပြင်အတွက် ကြာကြာအသုံးကျတဲ့သူတစ်ယောက်မဟုတ်တော့ဘူး။ ဒါပေမယ့် အကယ်၍သာ ငါစွမ်းနိုင်ခဲ့သေးရင်၊ ငါမင်းနောက်ကိုလဲလိုက်မှာပါ။”
      သူစစ်သည်တော်အိုကြီးကို အတန်ကြာငေးကြည့်နေလိုက်။ စကားမပြောနိုင်ပေ။ သူသိခဲ့သည်မှာ Thrall သည်သူ့အဖေ၏ အနီးကပ် ရဲဘော်ရဲဘက်အဖြစ်အချိန်ကြာမြင့်ခဲ့ပြီး Thrall သည် အမှန်စင်စစ်  Grom  ၏အကြောင်းကို များစွာပြောနိုင်ရမည်။ သို့သော် Thrall သည် Grom ၏အကြောင်းကို ထူးထူခြားခြားရှည်လျားစွာ မသိဘဲ Garrosh ဤနေရာတွင်ကြားရသည် ကမှ ပိုရှည်နေ၏၊ သူထိုအရာကိုတင်ပြရန်အတွက် သိပ်ဂုဏ်မယူ၍ဖြစ်သည်ဟု ထင်ရသည်။ သူပုံပြင်ဇာတ်လမ်းပေါင်းများစွာကို သိချင်ပါ၏ --- ပုံပြင်တိုင်းကောင်းရမည်။ သူသည် လုံလောက်သော အဆိုးများနှင့်အတူ ကြီးပြင်းခဲ့ရ၏။
      “မင်းရဲ့လူတွေဂုဏ်ယူနိုင်အောင် မင်းလုပ်ရမယ်၊ Hellscream ” orc အဖိုးအိုကပြောလိုက်၏။ နောက်ဆုံးမှာတော့သူလှည့်ထွက်ပြီး အဝေးသို့လျှောက်သွား၏၊ Garrosh  ကို စိတ်ညစ်ညူးမှုကိုသာပေးစွမ်းနိုင်သော လှိမ့်ဝင်လာသော တွေးလုံးများနှင့်အတူ လမ်းထဲတွင် တစ်ယောက်ထဲထားပြီး ထွက်ခွါသွား၏။ သူဘာလုပ်ရန်အတွက်ထွက်ခွါလာသည်ကို သူအခုမမှတ်မိတော့ပေ။ လေတစ်ချက်၈ှုထုတ်ခြင်းနှင့်အတူ သူတစ်ဖက်သို့ဦးတည်လိုက်ပြီး စတင်လျှောက်လိုက်၏။ ဆက်လက်၍ ရပ်တည်နေသည်ထက် ထိုအရာကပိုကောင်းလိမ့်မည်။
      သူ၏ခြေထောက်များကသူ့ကို မြို့၏အရှေ့ဘက်အကျဆုံးအပိုင်းသို့ သယ်ယူသွား၏၊  Valley of Honor  ၊ စမ်းပေါက်ရေများစုဝေးနေရာ ကျယ်ပြန့်သောရေအိုင်လေးသို့ရောက်သွား၏။ သူရေအစပ်ရှိ ကျောက်တုံးတစ်တုံးအပေါ်၌ ထိုင်နေခဲ့ပြီး စိမ့်ရေများသည်ကျောက်တုံး၏မျက်နှာပြင်ပေါ်မှတစ်ဆင့် အောက်ဘက်ရှိ ရေအိုင်ငယ်ထဲသို့ ဖြာကျသွားသည်ကို သူစောင့်ကြည့်နေခဲ့၏။ ပုံမှန်စီးကျလျှက်ရှိပြီး ကျောက်ကံပါးပုံစံ အေးစိမ့်သည့် လေများနှင့် ကန္တာရ၏ အပူမှအဆင်မပြေမှုကြောင့် ခေတ္တနားနေရန် ကြိုဆိုလျှက်ရှိ၏။ဖြာထွက်လာသော ရေမှုံရေမွှားလေးများသည် သူ၏အရေပြားပေါ်သို့ကောင်းစွာ ကျဆင်းလာကြ၏။
      သူ၏အသားအရေ။ သူ့လက်များကိုမှောက်ခုံလုပ်၍ အောက်ငုံကြည့်လိုက်ပြီး သူတို့၏ တောက်ပသော အညိုရောင်အသားအရေသည် အနီရောင်ဆန်ဆန် ကျောက်ဆောင်များကို ဆန့်ကျင်နေ၏။သူမျက်မျက်လုံးများကိုကျဉ်းမြောင်းလိုက်သည်။ Thrall  ရဲ့ Horde  ၏orc များသည် သူတို့ဘယ်နေရာကလာခဲ့သည်ဆိုသည်ကို အမှန်တကယ်သတိမရတော့ဘူးလား ?။သူ့ရုပ်သွင်၏ အဓိပ္ပာယ်ကို ဒီနေရာမှာအမှန်တကယ်မသိတော့တာလာ?။
      အနီးရှိကွန်ပစ်မှုတစ်ခုကို သူကြည့်နေ၏။ ငယ်ရွယ်သော orc မိန်းမတစ်ယောက်သည် ငါးဖမ်းကွန်ကိုပြန်ဆွဲတင်လိုက်၏။ သူမ၏ အလုပ်ကိုစောင့်ကြည့်ရန် သူပျက်ကွက်သွား၏။ သူမ၏အသားအရေ၊ ဟုတ်ပေသားပဲ၊ အစိမ်းရောင်ပဲ။ သူမကမ်းစပ်ဘက်သို့ လှည့်၍ ရွှံထဲတွင်ခဲယဉ်းစွာလမ်းလျှောက်လာလိုက်ပြီး သူ၏မျက်လုံးနှစ်လုံးသည် သူမ၏မျက်လုံးတစ်လုံးနှင့်ဆုံမိသွား၏။ ထိခိုက်ဒဏ်ရာရရှိထားသော မျက်လုံးကိုကာကွယ်ရန် ဖုံးအုပ်ထားသောအရာဝတ္ထုတစ်ခု၏အောက်တွင် သူမ၏ ညာဘက်မျက်လုံး တည်ရှိခဲ့လိမ့်မည်၏။ သူ့ကိုအံ့သြသွားစေရန် ၊ သူ့ကိုရက်စက်စွာဖြင့် ဒေါသဖြင့်သူမကြည့်လိုက်၏။
      “အဲ့ဒါရယ်စရာကောင်းတယ်၊ မဟုတ်ဘူးလား၊ ” သူမခေါ်လိုက်၏၊ သူမ၏အသံမှာ အထင်သေးခြင်းဖြင့် တစ်လုံးချင်းစီကျဆင်းလာပြီး သူမ၏ပိုက်ကွန်မှ တစ်စက်စက်ကျဆင်းနေသော ရေများကဲ့သို့ဖြစ်၏၊ “ဒီနေရာမှာထိုင်ပြီး ငါးတွေကိုငါလိုက်ဖမ်းနေတာကိုကြည့်နေတာလား?။ မင်းအဲ့ဒါကိုသဘောကျလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”။
       Garrosh သူမ၌ ဒေါသဖြစ်ကြောင်းပြသရန် လေကိုနှာခေါင်းမှ အသံမြည်အောင်ထုတ်လိုက်သည်။ “မင်းဘာလုပ်နေတယ်ဆိုတာ ငါဂရုမစိုက်ဘူး။ ငါးဖမ်းနေလား ဒါမှမဟုတ် မင်းအမြင်မှောက်မှားနေလား ငါစိတ်မ၀င်စားဘူး။ တကယ်လို့မင်းမလုပ်ချင်ရင် ဈေးဆိုင်တွေကနေသွားဝယ်လိုက်။”
      “အဲ့ဒါကိုဝယ်ရမယ်?” သူမခေါင်းကိုနောက်ပစ်၍ ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ “မင်းအဲ့ဒီ့အတွက် ငွေပေးမှာလား ?။ မင်းကတော့အပြောလွယ်တာပေါ့၊ Hellscream  ! ဟုတ်တယ်၊ ငါမင်းဘယ်သူဆိုတာသိတယ်။”
      သူပြန်လည်၍ သူမကိုလှောင်ရယ်လိုက်၏။ “ဟုတ်ပေသားပဲ၊ မင်းသိမှာပေါ့။ ငါဟာ Orgrimmar  မှာ တစ်ဦးတည်းသော  Mag’har  ပဲ။ တကယ်လို့မင်းမသိဘူးဆိုရင်၊ မင်းရဲ့မျက်လုံးနောက်တစ်လုံးလည်း ကန်းနေလို့ပဲဖြစ်ရမယ်”
      “မင်းအဖေအသက်ရှိစဉ်တုန်းကလိုပဲ တော်တော်မာနကြီးလှချည်လား။” သူမစတင်၍ သူမ၏ကွန်နှင့် အမည်အတိအကျမသိရသည့်ပစ္စည်းများကိုသိမ်းဆည်းလိုက်၏။ “သူရှိစဉ်တုန်းကလိုပဲ ၊မင်းဟာ အရူးတစ်ယောက်ပဲ၊”
      သူမ၏ စကားလုံးများ၌ Garrosh ၏ သွေးပြန်ကျောများအတွင်းရှိသွေးများ ပွက်ပွက်ဆူကုန်၏။ သူထိုင်နေခဲ့သည့် ကျောက်တုံးပေါ်မှခုန်ဆင်းလိုက်ပြီး သူမဆီသို့ခြေလှမ်းကြဲကြီးများဖြင့် လျှောက်သွားလိုက်၏။ “ငါ့အဖေဟာ သူ့ရဲ့ဘ၀ကို မင်းနဲ့ Thrall ရဲ့လူတွေအတွက် အနစ်နာခံစွန့်လွှတ်ခဲ့တယ်။ မင်းဟာ blood curse ( သွေးကျိန်စာ)ကနေလွှတ်မြောက်သွားမှုအတွက် သူ့ကိုကျေးဇူးအများကြီးတင်သင့်တယ်”
      “ဒီမှာ ကျိန်စာတစ်ခုဖြစ်စေခဲ့တဲ့အတွက် သူ့ကိုကျေးဇူးအများကြီးတင်ပါတယ်!” သူမ ဝေဖန်ချက်ကို ဒေါသဖြင့်လျင်မြန်စွာပြန်ပြောလိုက်၏။ “ပြီးတော့ ငါက စစ်အကြီးအကဲရဲ့လူလဲမဟုတ်ဘူး! ငါက Horde ရဲ့သမီးတစ်ယောက်ပဲ၊ အရင်ကငါ့ရဲ့မိဘတွေလိုမျိုးပဲ ၊ ဒါပေမယ့် ငါ့မှာ နောက်ထပ်ပိုလာတဲ့တာဝန်မရှိဘူး!”
       Garrosh  သူမ၏စကားလုံးများ၌ ဒေါသထွက်သွား၏။“မင်းမှာ တာဝန်မရှိဘူးလို့ပြောတာလား? မင်းဟာ စစ်အကြီးအကဲရဲ့လူမဟုတ်ဘူးလို့ပြောတာလား? မင်းကဒီမြို့ရဲ့အလုပ်ကို မဆိုင်ဘဲဝင်လုပ်ပေးနေသလိုလား? ဒီနေရာကပဲ ငါတို့ရဲ့ကိုယ်ပိုင်နယ်ပယ်လို လွတ်လွတ်လပ်လပ်နဲ့ အပြီးသတ်ချေမှုန်းသုတ်သင်ခံရမှာ ကြောက်စရာမလိုဘဲနေလို့ရတာမဟုတ်လား? ဒီနေရာကပဲ ငါတို့လိုအပ်တာမှန်သမျှရတာ မဟုတ်လား !”
“ဟာ့!” သူမဒေါသဖြင့်ပြောဆိုလိုက်သည်။ “ငါမင်းကိုမေးပါရစေဦး၊ Hellscream  : မင်းဒီမြို့ကို သေသေချာချာမြင်ပြီးပြီလား? ဟုတ်တယ်၊ ဈေးဆိုင်တွေ နေရာအနှံ့ရှိတယ်။ ဒါပေမယ့် အဲ့ဒါတွေဘယ်ကနေရလာတာလဲ ? Durotar မှာ စိုက်ခင်းတွေကဘယ်နေရာမှာလဲ ?”
       Garrosh  မျက်မှောင်ကြုတ်လိုက်၏။  Orgrimmar ၏အစွန်အဖျားနေရာဒေသအနည်းငယ် ကိုတော့သူသိသည် သို့သော် သီးနှံများနှင့် ရိတ်သိမ်းပြီးသော ဂျုံ၊ဆန်စေ့ ကောက်ပဲသီးနှံများသယ်ယူလာခြင်း မရှိသည်ကတော့သေချာ၏။
      “သေချာတာပေါ့!” သူမဆက်ပြောလိုက်၏။ “ဒီမှာတော့ဘာမှမရှိဘူး။ ငါတို့မှာရှိတဲ့အကုန်လုံးက မိုင်ပေါင်းများစွာကွာဝေးတဲ့ဆီကနေ အလွန်အမင်းကြိုးစားအားစိုက်ပြီးဆွဲလာရတာပဲ”သူမ ကွန်သိမ်းထားသည့် အိတ်ကိုဒေါသဖြင့်စိုက်ကြည့်လိုက်၏။ “ဒါမှမဟုတ် ဘာလို့ငါတို့ ကန္တာရကနေထွက်ခွါ မသွားတာလဲ။ ဘေးကင်းမှုအတွက်လိုမျိုးလား!”။ သူမ ရယ်လိုက်၏။ “ Alliance တွေဟာဝေးကွာတဲ့အရပ်ကနေပြီး ငါတို့မြေကိုနေ့တိုင်း ကျူးကျော်နေကြတယ်။ ဒီအနီရောင် ကျောက်ဆောင်တွေကို ဘယ်လိုဖြစ်ဖြစ်  ကုန်းမြေလို့မင်းခေါ်နိုင်တယ်။ မြောက်ဘက်မှာ Ashenvale  သစ်တောတွေရှိတယ်၊ ငါတို့ဘယ်တော့မှလိုအပ်မှာမဟုတ်တဲ့ အရာတွေနဲ့ပြည့်နှက်နေတယ်၊ ဒါပေမယ့် ငါတို့အဲ့ဒီ့မှာ အခြေချလို့ရတာပဲ ?။ မဟုတ်ဘူး ! အဲ့ဒီအစား ငါတို့ကန္တာရထဲမှာ နေနေရတယ်! ကဲ ငါ့ကိုပြောပါအုံး၊ Hellscream ၊ ဘယ်လိုလုပ် စစ်အကြီးအကဲကောင်းဖြစ်လိမ့်မလဲ၊ ဘယ်လိုလုပ်သူ့လူတွေကိုချစ်လိမ့်မလဲ၊ တိရစ္ဆာန်နဲ့အပင်နည်းပါးတဲ့ ဖုန်းဆိုးကုန်းဒေသအတွက် ငါတို့၈ှုတ်ချတယ်။ သူဟာအကျင့်ပျက်ရင်ပျက် ဒါမှမဟုတ် လုပ်ငန်းအတွက်မကျွမ်းကျင်လို့ဘဲ ဒါမှမဟုတ် နှစ်ခုလုံးပဲ ပြီး မင်းကတော့ကြည့်ရတာ အမှန်မြင်မယ့်ပုံပဲ!”
      သူဒီ့ထက်ပို၍ သီးမခံနိုင်တော့ပေ။
      “ရန်သူကိုအားပေးကူညီပြီး ကိုယ့်တိုင်းပြည်ကိုသစ္စာဖောက်တဲ့လူ” Garrosh နက်၈ှိုင်းကျယ်လောင်သည့်အသံ ဖြင့်ပြောလိုက်၏။ သူမ၏ ကြီးကျယ်သည့်ဘေးအန္တရာယ်ဖြစ်နိုင်မှုအတွက် Garrosh ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။ “ မင်းအတင့်ရဲပြီး စစ်အကြီးအကဲကို ရိုင်းပျစော်ကားတာလား? မင်းပါးစပ်ကိုပိတ်ထားလိုက်၊ သစ္စာဖောက်၊ ဒါမှမဟုတ် ငါမင်းအတွက်ပိတ်ပေးရလိမ့်မယ်!”
      “ရှေ့တိုးလိုက်စမ်းပါ ပြီးတော့ ------” သူမစတင်လိုက်၏၊ သူမ၏လက်များကို လက်သီးများအဖြစ် တင်းတင်းဆုပ်လိုက်၏၊ ကြိုတင်မှန်းဆထားသည့် ထိုးနှက်ချက်အတွက်ဆန့်ကျင်ရန် လန်းဆန်းနေ၏။
      “မလုပ်နဲ့! Krenna!   ” အသံသစ်တစ်ခုက အော်လိုက်၏။ Garrosh ဘယ်သူဆိုသည်ကိုစစ်ဆေးလိုက်၏ : တခြား orc တစ်ယောက် သူတို့ဆီသို့ပြေးလာနေ၏။
      “ Krenna  ၊ ဘာမှမပြောနဲ့! ”သူမဆက်ပြေးလိုက်၏၊ သူတို့နှစ်ယောက်ကြား ခြေလှမ်းလိုက်၏။
      ဒေါသဖြင့်စိုက်ကြည့်နေသည့် သူမကို ထိုသူသည်ခေါ်လိုက်၏ -- - krenna  ---မျက်လုံးကာနှင့်တစ်ယောက်၊ ထို့နောက် လေ၈ှုလေထုတ်သည့် ဟောဟဲအသံနှင့်အတူ ခါးကိုကိုင်း၍ မတ်တပ်ရပ်နေ၏။
      “ငါ ကိုယ့်ဟာကိုယ်နေတာ၊ သူအရင်စတာ၊ Gorgonna ။” သူမ လေးလံသောသူမ၏အိတ်ကို သူမ၏ ပခုံးပေါ်သို့အားစိုက်၍ မလိုက်ပြီး သူတို့နှစ်ယောက်လုံးကို တခြားဘာစကားမှမပြောဘဲ ချန်ထားခဲ့၏။  Garrosh သူမနောက်သို့လိုက်ဖို့ပြင်လိုက်၏၊ သို့သော် Gorgonna ကရုတ်တရက် လှည့်ပြီး သူ၏လက်ကိုဆွဲထားလိုက်၏။
      “ကျေးဇူးပြုပြီး နေပါဦး၊” သူမပြောလိုက်၏။ “ ငါ့ရဲ့ညီမအတွက် ငါတောင်းပန်ပါတယ်။ သူပြောနေတာတွေကို သူနားမလည်ပါဘူး!”
      “သူမရှိတာပိုကောင်းလိမ့်မယ်၊”   Garrosh  ခြိမ်းခြောက်သောအသံဖြင့်ပြောလိုက်၏။ သူမ၏ဖမ်းဆုပ်ထားသည့် လက်ကိုလွှတ်လိုက်၏၊ သက်ပြင်းချရင်း တစ်စုံတစ်ခုကိုပြောလိုက်၏။
      “ဒုတိယစစ်ပွဲပြီးတော့ သူမနဲ့ငါ စစ်သုံ့ပန်စခန်းတွေမှာ ငါတို့ရဲ့ ငယ်စဉ်ကလေးဘ၀ကို ကုန်ဆုံးခဲ့ရတယ်။ ငါတို့ကိုလွတ်မြောက်အောင်လုပ်ပေးတဲ့အတွက် သူမ စစ်အကြီးအကဲကို ကျေးဇူးတင်ခဲ့တယ်၊ ဒါပေမယ့်. . .” သူမ တွေဝေသွား၏၊ ထို့နောက်တိတ်ဆိတ်ငြိမ်သက်စွာ ထပ်ပြောလိုက်၏၊ “သူလုံလောက်အောင်လုပ်မပေးခဲ့ဘူးလို့ သူမထင်ခဲ့တယ်”။
      “ပြီးတော့မင်းရောပေါ့” Garrosh ဒေါသဖြစ်ကြောင်းပြသလိုက်၏။ Gorgonna  က krenna ထွက်သွားသောလမ်းကို ငုံ့ကြည့်နေလိုက်ပြီး ရုတ်တရက်ဘာစကားမှမပြောပေ။
      “ငါတို့ရဲ့မိဘတွေ စစ်ပွဲတွေထဲမှာ တိုက်ခိုက်ခဲ့ကြတယ်၊” သူဖြည်းဖြည်းပြောနေ၏။ “မင်းရဲ့အဖေလိုပဲ သူတို့ Mannoroth ရဲ့သွေးကိုသောက်ခဲ့ကြပြီး သူတို့ကျိန်စာနဲ့ပါဝင်ပတ်သက်ခဲ့ကြတယ်။ သူတို့ အပြစ်မဲ့တဲ့လူတွေကို တိုက်ခိုက်ပြီးတော့ အကြောင်းမဲ့သက်သက်သတ်ဖြတ်ခဲ့ကြတယ်။”
       Garrosh မျက်နှာထားတင်းသွား၏။ သူ၏အဖေသည်အကြောင်းမဲ့သက်သက်သတ်ဖြတ်သူ တစ်ယောက်မဟုတ်ပေ။ “သူတို့လိုအပ်တယ်လို့ ယုံကြည်တဲ့အတွက်လုပ်ခဲ့တာပဲ! မင်းကိုယ့်သွေးရင်းရဲ့နာမည်ကို ညစ်ညမ်းအောင်လုပ်နေတာလား?”
      “ငါ့ရဲ့မှတ်ဉာဏ်ထဲမှာ မိဘတွေကိုဂုဏ်ယူစရာအဖြစ်မှတ်ယူခဲ့တာပါ --- အမှားလုပ်ခဲ့မှာမဟုတ်ဘူး!” သူမငိုလိုက်၏။ “ဒါပေမယ့် သူတို့ယုံကြည်ခဲ့တာက မှားယွင်းမှုပဲ။ orc တွေအကုန်လုံးယုံကြည်ခဲ့တဲ့အရာက မှားယွင်းနေတယ်။ ငါတို့အဲ့ဒီ့အတွက် ဒုက္ခခံစားရလိမ့်မယ်။ ငါသဘောပေါက်သလိုပဲ၊ စစ်အကြီးအကဲကအဲ့ဒါကိုနားလည်ပါတယ်။ ငါ့ညီမကတော့သဘောမပေါက်ရှာဘူး။”
      “အဲ့ဒါ ကြိုးကြောင်းမစဉ်ခြင်တတ်တာပဲ။ မင်းစစ်ပွဲတွေကို မတိုက်ခိုက်ဖူးဘူးလား ! ကလေးတုန်းက စစ်သုံ့ပန်းစခန်းတွေမှာလို့ မင်းပြောခဲ့တယ်! အဲ့ဒါ ပြစ်ဒဏ်ပေးမှုအတွက် မလုံလောက်ဘူးလား? ဘာလို့မင်းက ထပ်ပြီး ဒုက္ခခံနေရမှာလဲ ?”
      “အားလုံးရဲ့တူညီတဲ့ခံစားချက်ကို ငါပြတာပဲ၊” သူမပြောလိုက်၏၊ သူ၏လက်များကိုဥပမာအဖြစ်အသုံးပြုလိုက်၏ --- အစိမ်းရောင်၊ သူမ၏ညီမလည်း သူ့လိုပင်၊ Ogrimmar  ရှိ orc များအားလုံး၊ သူ့ကိုကာကွယ်လိမ့်မည်။ “သူတို့အားလုံးကြိုးပမ်းခဲ့တဲ့အရာရဲ့ အကျိုးအမြတ်ကို ငါခံစားနေရတာပဲ။ အဲ့ဒါပြန်ဆပ်ရမယ့် ကျေးဇူးတွေမဟုတ်ဘူးလား ?”
      “ထားတော့ ဘယ်သူက ပြန်ဆပ်ရမယ့်နှုန်းကိုထားမှာလဲ ?” Garrosh တောင်းဆိုလိုက်။ သူမ၏သဘောထားသည် သူ့ကိုဒေါသဖြစ်စေ၏။ သူမ၌ အားလုံးအတွက်ဂုဏ်ယူဝံ့ကြွားမှုမရှိဘူလား?။ “ဘယ်သူကကော အဲ့ဒီ့အတွက် တောင်းဆိုဖို့ဖြစ်နိုင်မှာတဲ့လဲ?”
      “ စစ်အကြီးအကဲ တောင်းဆိုသမျှကို ငါပြန်ပေးဆပ်မှာပါ” သူမဖြေကြားလိုက်၏။
      “ Thrall  ကဒီလို အကျိုးအကြောင်းမဆီလျော်တာမျိုးတွေ မလုပ်ဘူး။ ငါတို့လဲ ဘယ်သူ့အပေါ် ဘယ်အရာပေါ်မှာမှ အကြွေးပေးစရာမရှိဘူး”
       Gorgonna သူ့ကိုခဏတာမျှစိုက်ကြည့်နေလိုက်၏၊ ထို့နောက် မမျှော်လင့်ဘဲ သူ၏ညီမလုပ်သကဲ့သို့ ခါးသီးစပ်ဖျဉ်းစွာ ရယ်လိုက်၏။“ဟုတ်တာပေါ့ မရှိပါဘူး၊” သူမပြောလိုက်၏။ “မင်းမှာဘယ်သူ့ ဘယ်အရာပေါ်မှ အကြွေးမရှိပါဘူး၊ Mag’har  ။ ဒါပေမယ့် ငါတို့ကတော့မင်းလိုမဟုတ်ဘူး။”
“ဒါဟာတုန်လှုပ်ဖို့ တော်တော်ကောင်းတာပဲ၊” Thrall ပြောလိုက်၏။ သူအစည်းအဝေးခန်းမထဲတွင် အနားမယူဘဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေ၏။ “ဒီတစ်ခုကို sky-reaver  လျစ်လျူ၈ှုလိမ့်မယ်လို့ ငါမထင်ဘူး။”
       Varok စားပွဲ၌ ထိုင်နေ၏၊ Blackscar’s  အစီရင်ခံစာ၏ စာရွက်များ သူ့ရှေ့တွင်ရှိနေ၏။ အခန်း၏တစ်ဖက်တွင်၊ Garrosh အနည်းငယ်သော သစ်သားသင်္ကေတများကို ကိုင်ထားပြီး  Alliance အတွက် အပြာရောင်ချယ်ထား၏၊  Horde  အတွက် အနီရောင်နှင့် Scourge အတွက် အနည်းငယ်သော အရိုးခေါင်းများကိုချယ်သထား၏။ သူထိုအရာအားလုံး Icecrown ၏မြေပုံပေါ်သို့ ချလိုက်၏၊  Mord’rethar  ၏မြောက်ဘက်၊ Icecrown Citadel   Death Gate ။ မီးသွေးချောင်းတစ်ခုဖြင့် ကြီးမားသောကြက်ခြေခတ်ကို ပုန်းအောင်း၍ အမြစ်ပြတ်ချေမှုန်းမည့် အပေါ်၌ ဆွဲထားလိုက်၏။ အစီရင်ခံစာကထိုနယ်ပယ်ဒေသကို နာမည်တစ်ခုပေးထား၏ : Broken Front (အပြီးသတ်စစ်မျက်နှာ)။
       Alliance  သည် Mord’rether ကိုအောင်မြင်ရန်ကြိုးပမ်းခဲ့၏၊ သို့သော် Horde  လှည့်ကင်းတစ်ခုသည် တပ်ရင်းကိုမြင်တွေ့သွားပြီး သူတို့၏ရုတ်တရက်တိုက်ခိုက်မှုကို နောက်ဘက်မှဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် အောင်မြင်စွာတားဆီးနိုင်ခဲ့၏။ သူတို့၏ ရှေ့တန်းစစ်မျက်နှာ၌ Scourge နှင့် Horde  သည်သူတို့၏အနောက်ဘက်မှ နှစ်ဘက်ညှပ်ထားခဲ့၏၊  Alliance တပ်များဖျက်ဆီးခံခဲ့ရသည် --- သို့သော် Horde  လည်း ဖျက်ဆီးခံလိုက်ရ၏။ Scourge လည်းပဲ အရှုံးများဖြင့် ဒုက္ခရောက်သွား၏၊ သို့သော် ၀င်ပေါက်မှာ Lich King  ၏ ထိန်းချုပ်မှုအောက်တွက်ကျန်ရှိနေခဲ့၏။
       Blackscar ၏ တပ်ဖွဲ့များ  Alliance  စစ်သားများစိတ်ဝင်စားလာသည့်တိုင်အောင် တမင်တကာစောင့်နေခဲ့၏ သူတို့အမြောက်အများကို ရက်စက်စွာသတ်ဖြတ်ခဲ့၏။ Thrall ၏မျက်နှာမှာ  sky-reaver ၏ စကားလုံးများကို ဖတ်စဉ် ၈ှုံ့မဲ့သွား၏ :  သူတို့၏ဘ၀တွေကို စွန့်လွှတ်လိုက်ရသော်လဲပဲ၊ သူတို့၏ သတ္တိရှိစွာ ကိုယ်ကျိုးစွန့်မှုသည် မဟာဗျူဟာမြောက်နေရာတစ်ခုအား Alliance  များ၏ ထိန်းသိမ်းခြင်းမှ တားဆီးနိုင်ခဲ့သည်။ ထိုကဲ့သို့သောရဲရင့်ခြင်းသည် Horde ၏ စစ်မှန်သော စစ်သာများဟူသော ဂုဏ်ပုဒ်ဖြင့်ထိုက်တန်သည်!
      “သတ္တိရှိစွာ ကိုယ်ကျိုးစွန့်မှု။ ရဲရင့်ခြင်း။  Horde  ၏ထိုက်တန်မှု။” Thrall စကားလုံးများအား တံတွေးဖြင့်ထွေးလုနီးပါးဒေါသဖြစ်နေ၏။ “ ပြီးတော့လဲ Scourge က အခုထိ Death Gate  ကိုထိန်းချုပ်ထားတယ်။ အဲ့ဒါ သူဖြစ်ချင်တဲ့အရာမလား ?။ ဒီမှာ ဘာကိုဖြတ်ကျော်သွားနိုင်လို့ ငါတို့ကဂုဏ်ယူရမှာလဲ ?”
       Garrosh မှာ ဓလေ့စရိုက်မဟုတ်သော တိတ်ဆိတ်မှုဖြင့် ကျန်ရှိနေ၏၊ အဲ့ဒီ့အစား မြေပုံပေါ်ရှိ သစ်သားသင်္ကေတများကိုသာ ငူငူကြီးကြည့်နေ၏။ Varok ၏မျက်လုံးများ ပျင်းရိစွာဖြင့်သူ၏နောက်ကျောကိုကြည့်နေသလိုနီးပါး ခံစားလိုက်ရပြီး Thrall သည်လဲပဲ မကြာမီသူ့အပေါ်ကျရောက်လာတော့မည်။ Alliance  များ Mord’rethar ကိုမထိန်းလိုက်နိုင်ခြင်းသည် အခုကောင်း၏၊ ထို့အတွက် Garrosh ၌ တစ်ခုခုရှိနေ၏။ ယခုတိုင်သူဆက်လက်၍ သစ်သားအမှတ်များကိုစိုက်ကြည့်နေပြီး ညဉ့်နက်သွား၏၊ ကြာသွားပြီးနောက် အခြား တပ်မှူးများ အိပ်စက်ရန် အိပ်ရာဝင်သွားကြ၏၊ Garrosh  ပြန်လည်၍ Blackscar ၏ စာကိုဖတ်လိုက်၏။
       ထိုကဲ့သို့သောရဲရင့်ခြင်းသည် Horde ၏ စစ်မှန်သော စစ်သားများဟူသော ဂုဏ်ပုဒ်ဖြင့်ထိုက်တန်သည်!
      သူဆက်သား တစ်ယောက်ကိုဆင့်ခေါ်လိုက်၏။“ Sky-Reaver ကိုပို့ဖို့ Orgrim Hammer ရဲ့ Korm Blackscar  ၊” သူပြောလိုက်၏၊ စာလိပ်တစ်ခုကို လက်ဖြင့်လှမ်းပေးလိုက်၏။“ သူ့ကို Warsong Hold  ကိုချက်ချင်းပြန်လာခိုင်းလိုက်။ သူ့ကိုပြောလိုက် အရှင် Hellscream သူ့ကိုတွေ့ချင်နေတယ်လို့။”
         *      *      *
       Garrosh သည် ရေအိုင်၌ Gorgonna  ပြောကြားခဲ့သည့် ကြောင်းကျိုးမဆီလျှော်သော စကားများကိုစဉ်းစားနေ၏။ သူ၏ဖခင်ရင်း Mannoroth  ၏ သွေးကိုပထမဆုံးအကြိမ်သောက်ခဲ့စဉ်က၊ သူထိုအကြောင်းကိုသိ၏ --- ဘိုးဘေးများမှတစ်ဆင့်၊သူထိုအကြောင်းသိခဲ့ခြင်းဖြစ်၏၊ ထိုအရာကိုမေ့ပျောက်ရန် မည်သူကမျှသူ့ကို ခွင့်ပြုမည်မဟုတ်ပေ --- သို့သော် Grom ပြန်လာပြီး Mannoroth  ကိုသတ်ပြီး  သူ၏ကိုယ်ပိုင်ဘ၀ကိုပေးဆပ်ခြင်း၌ သူတို့အားလုံးအတွက်ကျိန်စာကို အဆုံးသတ်ပေးခဲ့၏။ သူ၏သွေးကြွေးကိုပြန်ဆပ်လိုက်၏။ လူတိုင်းကဘာလို့ ပိုမျှော်လင့်နေရတာလဲ?။
       Krenna ၏စကားလုံးများသည် သူ့ကို အမှတ်တကယ် မနေမနားစိတ်၈ှုပ်စေ၏။
       Ashenvale  မှ အမိုးပါသော စခန်းချသစ်သားလှည်းများကို night elve များကတိုက်ခိုက်စဉ်ကလည်း သူတို့ သူ့ကို မနေမနားစိတ်၈ှုပ်စေ၏။
       Tiragarde keep  မှ စစ်သားများ Razor Hill  မှပစ္စည်းများကိုခိုးယူစဉ်ကလည်း သူ့ကို မနေမနားစိတ်၈ှုပ်စေ၏။
    Bael Modan  မှ dwarve များနှင့် Northwatch Hold မှ human များ Horde နယ်မြေမှထွက်ခွါသွားရန် ငြင်းဆန်နေကြပြီး ထိုအရာသည်သူတို့ သူတပါးနယ်မြေကို မတရားလုယူထားခြင်းဖြစ်၏။
      ထိုအရာများထဲမှ မည်သည့်အရာကမှပထမဆုံးအကြိမ် ဖြစ်ခဲ့ခြင်းမဟုတ်ပေ။
      သေချာတာကတော့ ထိုနေရာများ၌ တုံ့ပြန်မှုသည်တူညီပြီး များလှစွာသော နိုင်ငံ၏အထီးကျန်ဒေသမှမြို့ငယ်များမှာ မှန်ကန်ကောင်းမွန်၍ တရားဥပဒေနှင့်ညီသော အပြုအမူဖြင့် ကိုယ့်ဟာကိုယ်ကာကွယ်ခဲ့ကြ၏။ Garrosh ခရီးအဝေးကြီးသွားခဲ့ပြီး သူ၏ထောက်အပံ့များကို သူတို့ကိုပေးခဲ့၏။ သူလိုလားစွာ သူတို့ကိုလုံခြုံမှုပေးလိမ့်မည်။ သူလိုလားစွာ Alliance များသူတို့ကိုထားပြီးထွက်ခွါသွားစေရန် သင်ကြားပေးမည်၊ သူတို့အသက်ရှင်ရပ်တည်ဖို့လိုအပ်သည့်အရာမှန်သမျှ ယူဆောင်ခွင့်ပြုမည်။ Garadar နှင့်မတူသည်မှာ၊ Orgrimmar သည်အင်အားရှိပြီး သူ၏အရေအတွက်ကပင် သူ့ကိုယ်သူကာကွယ်နိုင်၏။
      ကောင်းပြီ၊ ထိုအရာဖြစ်နိုင်လိမ့်မည်။ အကယ်၍သာ orc တပ်ဖွဲ့များချည်းသာဆိုလျှင် Tarren Mill ၌ ၈ှုပ်ထွေးလိမ့်မည်မဟုတ်ပေ၊ Forsaken (တမလွန်သူများ) ကိုကူညီနေရ၏ ---  နာမည်နှင့်လိုက်ဖက်သောလူများဖြစ်ကြ၏၊ Garrosh ၏ အမြင်တွင်ဖြစ်၏။ Thrall ကတော့ သူတို့ကိုဘယ်လိုမြင်နေသည်မသိ၊ Garrosh ကတော့ နားမလည်ပေ။
      ယခုထိထက်တိုင် များလှစွာသော orc များကို Quel’Thalas  ကိုပို့ပေးနေရ၏။ Garrosh သည် Orgrimmar  ရှိ elve များနှင့်သာ ကိုယ်ပိုင်အဆက်အသွယ်နှင့်အတူတကွလုပ်ဆောင်မှုရှိ၏ သူတို့အားလုံးနှင့်ပတ်သက်၍ Horde သည်ဒုက္ခရောက်လိမ့်မည်ဖြစ်ပြီး ကွဲပြားခြားနားသော သူတို့ကိုဘာကြောင့်ချန်မထားခဲ့သည်ကို သိချင်နေ၏။ သူတို့နှင့်ပတ်သက်၍ မြင်တွေ့ရသည်မှာ ခန္ဓာကိုယ်မှာ ပါးလွှာလွန်း၏။
      ပြီးတော့ troll တွေ။ Garrosh ထိုအရာနှင့်ပတ်သက်၍ ဘာမျှကြာရှည်စွာမတွေးချင်ပေ။ တပ်သားသစ်များရှာဖွေပြီးရင်း ရှာဖွေ၍  ယခုထိတိုင်အောင် တောင်ဘက်ရှိသူတို့၏နယ်မြေကို ပြန်လည်ရယူခြင်းတွင် သူတို့ကိုကူညီရန် ပို့ပေးနေရပြီး အကြောင်းကြောင်းကြောင့် ကြိုးပမ်းမှုများအားလုံးမှာ ယခုထိတိုင်ကျ၈ှုံးနေ၏။  ထိုအရာမှာနှစ်များချီပြီးကြာသွားခဲ့ပြီး သိသာလာ၏။ စုန်းဆရာတစ်ယောက်ကိုပင် မဖြိုလှဲနိုင်သည့် ဘယ်လိုလူစားမျိုးတွေလဲမသိ?။ ယခုတော့ထိုအရာကိုယူရန်အင်အားအပြည့်သုံးတော့မည် --- ကျူးကျော်မှုကိုအမြင့်ဆုံးတိုးမြှင့်မည် --- Horde  စစ်သားများကိုဦးတည်ရပ်ပြောင်းလဲ၍ --- ကျွန်းအနည်းငယ်ကို သိမ်းယူရမည်လား?။
ထိုအရာအားလုံးအတွက် Garrosh ၏ များစွာသောအတွေးများသည်၊ သူ၏ဒေါသကို အငွေ့ငွေ့ဖြင့်လောင်မြိုက်စေ၏။ နေ့များစွာကိုဖြတ်သန်းသွားခြင်းနှင့်အတူ၊  krenna ပြောခဲ့သည့်စကားများသည် သူ၏ကောင်းကျိုးဆိုးပြစ်ကိုခွဲခြား မြင်တတ်သော အသိစိတ်ကို ကုတ်ခြစ်ပစ်နေ၏။ Garrosh ၏သီးမခံနိုင်မှုတရား ကြီးထွားလာနေ၏။
      ထို့နောက်မှာတော့ ကောလာဟလ စတင်လာခဲ့၏။ Ratchet မှဖြစ်၏၊ သူတို့ကြားခဲ့ရ၏၊ Booty Bay ဆီမှဖြစ်၏၊ ထိုအရာမှာတစ်စုံတစ်ယောက်သည် တလွဲအကြံနှင့်အတူ ဂျုံ၊ဆန်တို့၏အစေ့များကို သင်္ဘောဖြင့်တစ်နေရာမှတစ်နေရာသို့ပေးပို့ပေးနေ၏။ ပြည်သူများမှ တိုးတိုးစတင်၍ ပြောလာကြ၏။ Forsaken  အနည်းငယ်သည် Orgrimmar ကိုသူတို့၏အိမ်လုပ်ပစ်မည်ဖြစ်ကြောင်း ထိုနေရာမှခေါင်းဆောင်များကို သတိပေးနေပြီဖြစ်၏ : ထိုအရာသည် နောက်တစ်ဖန်ဖြစ်လာခဲ့ပြီ။
      သူတို့မမှားပေ။
      သူမြင်တွေ့ခဲ့ဖူးသမျှတွင် ယခုအချိန်လောက် လူသူကင်းရှင်းနေတာမျိုးမရှိပေ။ မိတ်ဆွေများသည် ရန်သူများအဖြစ်ပြောင်းသွား၏၊ အသက်ရှင်ခြင်း၊ သေဆုံးခြင်းသို့မပြောင်းလဲပါစေနှင့်ဟုမျှော်လင့်ရ၏။ ဒီမှာတော့ တွေဝေမှုများမရှိပေ၊ သနားကြင်နာမှုလဲမရှိပေ၊ စတုရန်းပုံအဆောက်အအုံများလဲမရှိပေ။ ဒီမှာ ပလိပ်ရောဂါသာရှိ၏။ ထိုအရာသည် Gul’dan ရခဲ့သည့်အကြံအစည်ကဲ့သို့ဖြစ်ပြီး ကိုယ်ကျင့်သိက္ခာမရှိသည့်လူတစ်ယောက်၏ တစ္ဆေသရဲများကိုအသုံးပြုသည့် မှော်ပညာကြောင့်ဖြစ်၏၊ Gul’dan ကတော့သေသွားသည်မှာကြာပြီဟု မျှော်လင့်ရ၏။ ထိုအလွန့်အလွန်ရက်စက်ယုတ်မာသော လုပ်ရပ်အတွက် ၈ှုပ်ထွေးသည့် အစီအစဉ်တစ်ရပ်ကို အလွန်လှို့ဝှက်သေချာစွာစည်းရုံးသည့် တခြားလူတစ်ယောက်ရှိမည်၊ Garrosh အသင်ကြားခံခဲ့ရ၏ :   Alliance  ၏ရှေးယခင်ကအိမ်ရှေ့မင်းသားတစ်ယောက်။ အလွယ်တကူလိမ်ညာခံလိုက်ရသူတစ်ယောက်၊ ပျော့ညံ့သူတစ်ယောက်၊ ပြီးတော့ သူ၏ကိုယ်ပိုင်ကျွမ်းကျင်စွာ အသုံးပြုနိုင်မှုကို မကောင်းဆိုးဝါးဖြစ်အောင်ပြုလုပ်ခံရမည့်အရေးမှ တားဆီးရန် အလွန်မိုက်မဲတွေဝေသူတစ်ယောက်။ အခုတော့ သူသည် သူတို့အပေါ်သို့ သေခြင်းတရားကိုမိုးရွာချလိုက်ပြီ။
       Garrosh  ၏ပုဆိန်သည် တက်သွားလိုက် ကျဆင်းလာလိုက် ပြီးတော့၊နောက်တစ်ကြိမ်၊ ပြီးတော့ တစ်ကြိမ်ပြီးတစ်ကြိမ် Orgrimmar  ၏ကာကွယ်ရေးတွင် ကြိုးပမ်းခဲ့၏။ သူ၏လူတွေကို သူကာကွယ်ပေးရမည်။
      ထို့နောက်မှာတော့၊ ရုတ်တရက်ဖြစ်သော၊ ခြိမ်းခြောက်နေသည့်အန္တရာယ်သည် ရပ်တန့်သွားသည်ကိုမြင်ခဲ့ရ၏။ ပလိပ်ရောဂါပျံ့နှံ့မှုကြီးသည် ပြီးဆုံးသွား၏။ နောက်ဆုံးဖြစ်သော ပုလိပ်ရောဂါပိုးကြောင့်ဖြစ်သောရောဂါသည် လျှင်မြန်စွာပြီးစီးသွား၏။ သို့သော် ထိုအရာသည်ပြီးဆုံးသွားခြင်းမဟုတ်ပေ၊ Garrosh သိနေ၏။ ပြီးဖို့ဝေးသေး၏။ ရက်စက်ပြီး ဂရုဏာကင်းမဲ့သော၊ အရှက်မဲ့သောရန်သူများကို ဆန့်ကျင်ရန် အသုံးပြုလာနိုင်သည်။ သူထိုအရာအတွက် ခေါင်းကိုက်နေ၏။ သူတို့၏စစ်တပ်များကို ဦးဆောင်ပြီး သူ Horde အတွက် အမှန်တရားကိုပေးရမည်။ သူ Thrall ၏ အမိန့်ကိုသာ စောင့်နေရန်လိုအပ်၏။
      ကမ္ဘာရဲ့တစ်ဘက်ခြမ်းက အစီအရင်ခံစာတွေ ဆက်တိုက်လာနေပါတယ်။ ပလိပ်ရောဂါဟာ ကျွန်တော်တို့ကို ဆိုးဆိုးဝါးဝါးပျက်စီးစေပြီး ပျံသန်းနေတဲ့ခံမြို့တွေဟာ သူတို့ရဲ့စစ်တပ်တွေကိုစေလွှတ်ပြီး ကျွန်တော်တို့တိုင်းပြည်ရဲ့ တန်ဖိုးထားတဲ့နေရာတွေကိုဖျက်ဆီးဖို့လုပ်ပါတော့မယ်။ အခုထက်ထိ သင်စောင့်နေတုန်းလား၊ စစ်အကြီးအကဲ။ အကြံဉာဏ်ပေးတဲ့အဖွဲ့ကို သင်ခေါ်သင့်ပြီ စစ်ပွဲအတွက် ဆင့်ခေါ်ရမယ့်အချိန်ကိုရောက်ပြီ။အမျှော်လင့်ပဲနဲ့ ဒီ. . allie တွေကို. . .ကျုပ်တို့ Horde တွေ သိမ်းယူထားတဲ့နေရာတွေကို ၀င်ခွင့်ပြုခဲ့ပြီး ကျုပ်တို့ရဲ့မည်သူ့ကိုမဆို သင်ကြေငြာခဲ့တာက ထိန်းချုပ်ထားဖို့ပဲ။ ကျုပ်တို့ ထိန်းချုပ်ထားပါတယ်၊ Thrall ။ သင် တွေဝေနေတယ်။
      “ Mak’Gora!   ” (လာစမ်းပါ!)
      စိတ်ခေါ်မှုသည် လိုချင်တာမရ၍ စိတ်အနှောင့်အယှက်ဖြစ်ခြင်းနှင့် ဒေါသမှ ထွက်ပေါ်လာခဲ့၏။ Thrall တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။ သူထောက်လှမ်းချင်နေ၏၊ သူ Alliance နှင့်အတူတိုင်ပင်ချင်နေ၏ ---  ထိုလူများ၏ မိန်းမတစ်ယောက်သည် နေရပ်တွင် သစ္စာဖောက်မည့် မင်းသားတစ်ယောက်ကိုမွေးထုတ်ခဲ့၏။ Garrosh  ထိုလူများနှင့်တိုင်ပင်ခြင်းသို့ အဖြစ်ခံနိုင်မည်မဟုတ်ပေ။
      “မင်းငါ့ကိုစိန်ခေါ်နေတာလား ၊ကောင်လေး?၊” Thrall သေဆုံးနေသကဲ့သို့စိတ်လှုပ်ရှားမှု မရှိသော အသံဖြင့်ဖြေကြားလိုက်၏။“ငါအဲ့ဒီ့အတွက် အချိန်မရှိဘူး. . .”။ သူအဝေးသို့လှည့်ထွက်သွား၏။
“ခင်ဗျားဒီလိုငြင်းပယ်တာလား ? Durotan ရဲ့သားတော်က သူရဲဘောကြောင်သူတစ်ယောက်လား?”
ထိုအရာသည် Thrall  ၏အာရုံကိုဖမ်းယူလိုက်၏။ သူလျှင်မြန်စွာ လှည့်လိုက်ပြီး  သူ၏မျက်လုံးထဲမှဒေါသများသည် ကျေနပ်နေသော  Garrosh ကိုမြင်လိုက်၏။
   “အတွင်းဘက်ကိုလာ!” Thrall နက်၈ှိုင်းကျယ်လောင်သောအသံဖြင့်ပြောလိုက်၏၊ Ring of Valor  ကိုလက်ညှိုးထိုးပြလိုက်၏။  Garrosh စူး၈ှု၍လွင်သည့်အသံကိုလုပ်နေခဲ့၏။
   ငါမင်းကို တိုက်ခိုက်ရလိမ့်မယ်။
         *      *      *
       Garrosh  ပြန်ကြည့်နေသောအတိတ်ထဲတွင် နှစ်ယောက်ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် သူအလွန်ကံကောင်းနေခဲ့သည်ကို သူသိပြီး ကြားဖြတ်ဟန့်တားခံလိုက်ရ၏၊ ထိုအရာဖြစ်ပွားသွားသည်ထက် သူသေသွားသည်ကိုပို၍သဘောကျ၏။ အဲ့ဒါပြဿနာတော့မရှိပေ။  Thrall သည်သူတွေးထားသကဲ့သို့ဖြစ်လာခဲ့ပြီး နောက်ဆုံး၌ Northrend ကိုရင်ဆိုင်တိုက်ခိုက်မည့်အမိန့်ကိုထုတ်ပြန်ခဲ့၏၊ ပြင်းထန်သော ခံစားချက်နှင့်အတူ  Garrosh ထိုဆင့်ခေါ်မှုကိုရရှိသွား၏။
      သူယခု သူတည်ဆောက်ခဲ့သည့် ခံတပ်၏ အောက်ခြေရှိခန်းမကြီးထဲတွင် ရပ်နေ၏၊ သူအောင်မြင်ခဲ့သည့်ကုန်းမြေ၏အပေါ်တွင်တည်ဆောက်ထား၏၊ ရောက်လာမည့် Korm Blackscar ကိုစောင့်နေ၏။ Thrall ကတော့ Northrend မှာပင်နေရစ်နေ၏။ Garrosh sky-reaver ကိုကိုင်တွယ်စီမံပုံကို မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည့်အတွက် သူနှစ်သက်မည်ဟု Garrosh အသေအချာယူဆထား၏။
      မင်းနောက်တစ်ခါထပ်ပြီး စစ်အကြီးအကဲကို စိတ်ပျက်အောင်လုပ်ဦးမှာလား ?
       Blackscar တံခါးပေါက်ဝကို ဖြတ်လျက် ဖြည်းဖြည်းနှေးနှေးနှင့် ကိုယ့်ယို့ကားယားဝင်ရောက်လာ၏၊ ပတ်ပတ်လည်ရှိပရိသတ်ကို ကြည့်၍ ၀မ်းမြောက်ဂုဏ်ယူနေ၏။ မျက်မှောက်တွင် စစ်အကြီးအကဲ မရှိပေမယ့်လို့ သူ့ကို Garrosh ခေါ်ခဲ့၏။“ သင့်ရဲ့ပန်ကြားမှုကြောင့် ကျွန်ုပ် Warsong Hold ကိုပြန်လာခဲ့ပါတယ်၊ အရှင်၊” သူပြောလိုက်၏။ “အဲ့ဒီပန်ကြားမှုအတွက်လဲ ကျွန်ုပ်ဂုဏ်ယူပါတယ်”။
       Broken Front အပေါ်သတင်းစာချွန်လွှာကို Garrosh ဥပမာအဖြစ်သုံးလိုက်၏။ “ Scourge  ကိုဆန့်ကျင်ပြီး Alliance  တွေ မဟာဗျူဟာ အချက်ချာကျနေရာကို သိမ်းယူတာကနေ မင်းရဲ့တိုက်ကင်းက ဘယ်လိုတားဆီးနိုင်ခဲ့တယ်ဆိုတာ ဒီမှာမင်းအသေးစီတ်ရှင်းပြပါဦး”
       Blackscar ပါးစပ်ကိုကျယ်ကျယ်ဟ၍ ပြုံးလိုက်သည်။“ အဲ့ဒါက သူတို့အပိုင်းရဲ့ အသေးအမွှား အလုပ်လေးပါ! အဲ့ဒါဂုဏ်မပြုလောက်ဘူးလား?”
        Garrosh  အစီရင်ခံစာကို ကြည့်လိုက်၏၊ ထို့နောက် Blackscar ဘက်လှည့်လိုက်၏။ “မဟုတ်ဘူး”။
       Blackscar ၏မျက်လုံးများမှာ ဂုဏ်ယူဝမ်းမြောက်မှုဖြင့် တောက်ပနေ၏။
      “ဖြန့်ကျက်ထားသည့် စစ်သားတွေက တစ်စုံတစ်ခုကို ချုံခိုတိုက်ခိုက်ဖို့စောင့်နေတယ်။ တခြားကိုတိုက်နေတဲ့ တပ်ရင်းတစ်ခုကို အနောက်က၀င်တိုက်ဖို့အတွက်လား?။ မင်းအဲ့ဒါပြီးတော့ ဘာထပ်လုပ်မှာလဲ?။ Garrosh  တောင်းဆိုလိုက်၏။“ မင်းသူတို့စခန်းချတဲ့နေရာကို တွားသွားပြီးတော့ သူတို့သောက်တဲ့ရေထဲကိုအဆိပ်ခပ်မလို့လား ?။ မင်း သူတို့တပ်မှူးတစ်ဦးကို မှော်ပညာနဲ့ကျွန်ပြုပြီးတော့ သူ့စစ်သည်တွေအိပ်ပျော်နေတုန်း သူ့ကိုအတင်းအကျပ်သတ်ခိုင်းမလို့လား ?။ မင်းရဲ့ရန်သူတွေအပေါ်ကို မင်းရောဂါပိုးတွေကိုမိုးရွာချမလို့လား၊ Forsaken တွေလိုမျိုးပေါ့?။ မင်းသူတို့ တိုက်ခိုက်တဲ့နည်းအတိုင်းလုပ်မလို့လား ?။”
Blackscar  စကားထစ်နေ၏၊ စကားလုံးများပျောက်ဆုံးနေ၏။
      “တိုက်ခိုက်မှုဆိုတာဒီမှာမရှိဘူး ဒါပေမယ့် ရှိရင်လဲ ဂုဏ်ထူးနဲ့ထိုက်တန်ရလိမ့်မယ်၊ Blackscar ။” Garrosh သူ့မျက်နှာရှေ့ရှိ အစီရင်ခံလွှာကို မြှောက်ကိုင်လိုက်၍ လက်ထဲ၌ပင် ဆုတ်ချေပစ်လိုက်၏။“ ဒီဟာကဘာလဲ ? အဲ့ဒါ သူရဲဘောကြောင်တဲ့သူရဲ့လုပ်ရပ်ပဲ! ငါ့ရဲ့ ရာထူးအဆင့်တွေထဲမှာ သူရဲဘောကြောင်တဲ့လူတွေမရှိစေရဘူး !”
      “အရှင် !” Blackscar  စကားထစ်နေ၏၊ “အကယ်၍ ကျွန်ုပ်တို့ရဲ့်အရှက်ရစရာအကြောင်းရင်းကို ကျွန်ုပ် သယ်ယူလာခဲ့တယ်ဆိုရင် ၊ ကျွန်ုပ်ချောစာကို ကျွန်ုပ်ပြန်ရုတ်သိမ်းပါတယ်”
      “မင်းသူရဲဘောကြောင်တဲ့လူတစ်ယောက်ဖြစ်အောင် တင်ပြနေတာလား ? ထပ်ပြီးတော့ : ငါ့ရဲ့ရာထူးအဆင့်တွေထဲမှာ သူရဲဘောကြောင်သူတွေမရှိတော့ဘူး။ မင်းဟာအဲ့ဒီထဲကတစ်ယောက် မဟုတ်ဘူးဆိုတာ သက်သေပြလိုက်စမ်းပါ၊ Blackscar  ။  Orgrim’s Hammer  ကိုပြန်ပြီး မင်းရဲ့စစ်သားတွေကို  Horde  နဲ့ထိုက်တန်တဲ့အပြုအမူမျိုးနဲ့ ဦးဆောင်ပါ။ မင်းမလုပ်နိုင်ခဲ့ရင်၊ အဲ့ဒီ့အတွက်မင်းအလုပ်က နှုတ်ထွက်ရမှာမဟုတ်ဘူး။ ငါကြိုးပမ်းပေးလိမ့်မယ်၊ ဒါပေမယ့် မင်းရဲ့ခေါင်းကတော့ မှိန်းတစ်လက်ပေါ်မှာရှိလိမ့်မယ်။ အခုငါ့မျက်စိရှေ့ကနေထွက်သွားတော့။”
       Blackscar ထွက်သွားသည်ကို  Garrosh  စောင့်ကြည့်မနေပေ။ သူခြေလှမ်းကျဲကြီးများဖြင့် ခန်းမထဲမှထွက်လာခဲ့ပြီး သစ်တပ်၏ အကာအကွယ်တံတိုင်းတစ်ခုပေါ်သို့ လှေကားမှတက်လာခဲ့၏။ အထက်နှင့်အောက်သို့ သူခေါက်တုံ့ခေါက်ပြန်လျှောက်နေ၏၊ မျက်မှောင်ကြုတ်နေ၏။ သူ့ခံစစ်၏ အခြေအနေများကို အမှားအယွင်းရှိမရှိ စစ်ဆေးနေပြီး ပြန်လည်ပြုပြင်ရန်လိုအပ်သည်များကို သူ့ကိုယ်သူမြင်လာအောင်လုပ်နေပြီး ထိုအားနည်းချက်များအတွက် မည်သူ့ကိုခွင့်ပြုရန် သင့်တော်မည်နည်း။
      သူနံရံအတိုင်း အလျားလိုက်နောက်တစ်ကြိမ်လျှောက်လာလိုက်ပြီး Thrall သူ၏လမ်းပေါ်သို့ရောက်လာသောအခါ ငေးကြည့်နေလိုက်၏။“ ဟုတ်ကဲ့၊ စစ်အကြီးအကဲ?”
      သူ့အပေါ်ရှိ Thrall  ၏မျက်လုံးများသည် သူတစ်ပါးအကြောင်းစဉ်းစားနေသည်ကို ပြသနေ၏။  Garrosh သူ၏မျက်နှာပေါ်ရှိ အကြည့်ကိုသဘောမကျပေ။
      “ ငါထင်တာကတော့ မင်း Blackscar ကိုကောင်းကောင်းကိုင်တွယ်လိုက်နိုင်တယ်၊” Thrall ပြောလိုက်၏။ “သူ့စစ်သားတွေရဲ့ Broken Front က လုပ်ရပ်ကို မသိရှိနိုင်ဘူး၊ ဒါပေမယ့် သူအခုထိ အားကောင်းတဲ့ တပ်မှူးတစ်ယောက်အဖြစ်ရှိနေသေးတယ်။ ငါတို့ရဲ့ Icecrown ကိုချီတက်မှုဟာ သူ့ရဲ့ အ၈ှုံးကြောင့် ဒုက္ခတွေ့လိမ့်မယ်။ မင်းမှန်ကန်တဲ့ရွေးချယ်မှုကိုလုပ်ခဲ့တာပဲ”
       Garrosh သူ၏ အတိတ်ကိုဖော်လိုက်၏။ “ သူတစ်ယောက်ပဲ အခွင့်အရေးတစ်ကြိမ်ထက်ပိုရတာပါ။ ကျွန်တော့်ရဲ့ ရာထူးအဆင့်တွေထဲမှာ လှည့်စားသူတွေနဲ့ စာလိမ်ရေးတဲ့လူတွေရှိစေမှာမဟုတ်ပါဘူး၊” သူဖြေကြားလိုက်၏။
      “တကယ်လား ” သူ့ကိုရယ်စရာကောင်းသည့်ပုံစံဖြင့်ပျော်စရာကဲ့သို့ Thrall ခေါ်လိုက်၏။ “ငါအရင်ကဖြစ်ရပ်တစ်ခုကိုပြန်ပြောရရင် လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက  Violet မျှော်စင်ရဲ့အပေါ်မှာ တစ်စုံတစ်ယောက်ကငါ့ကိုပြောခဲ့တယ်။ စစ်မှန်တဲ့ စစ်အကြီးအကဲတစ်ယောက်က ဘယ်တော့မှသူရဲဘောကြောင်သူတွေနဲ့ အကျိုးတူပူးပေါင်းမှာမဟုတ်ဘူးတဲ့”
       Garrosh  သူ၏လမ်းပေါ်၌ ကြက်သေသေနေပြီး တဖြည်းဖြည်းပတ်ချာလှည့်လိုက်၏။ Thrall ရေရွတ်လိုက်သော Garrosh  ၏ကိုယ်ပိုင်စကားအတွက် သူ့ကိုစိတ်၈ှုပ်သွားစေ၏။ “ကျွန်တော်က စစ်အကြီးအကဲမဟုတ်ပါဘူး၊” သူတစ်အောင့်နေပြီးနောက် ဖြေကြားလိုက်၏။
       Thrall တညှင်းညှင်းရယ်လိုက်၏။ “ငါသိပါတယ်။ အခုထိတော့မှန်နေတဲ့စကားလုံးတွေပဲ။ “များမြောင်တဲ့ကိစ္စရပ်တိုင်းအတွက် အရှင်တစ်ယောက်အနေနဲ့ သင့်လျော်ပါတယ်။”   Thrall ဟိုနေရာ ဒီနေရာ အနှံ့ကိုကြည့်လိုက်၏၊ သစ်တပ်အတွင်းမရပ်မနားဘဲလှည့်ပတ်ကြည့်လိုက်၏၊ မီးခိုးရောင်ပင်လယ်ပြင်သည် အနောက်အရပ်၌ တည်ရှိနေပြီး ကြီမားကျယ်ပြန့်သော tundra ၏ မြေပြန့်လွင်ပြင်များသည် သူတို့ကိုပတ်လည်ဝိုင်းလျှက်တည်ရှိနေ၏။ “ဒီဟာတွေဟာ သေးငယ်တဲ့ အထမြောက်မှုမဟုတ်ပါဘူး Garrosh ။ငါတို့ရဲ့ တပ်စွဲထားမှုဟာ လုံခြုံသွားပြီး Icecrown  ရဲ့စစ်မျက်နှာတွေလည်း အရှေ့ကို ဖိတိုက်နေကြပြီ။ မင်းလည်း မင်းရဲ့စစ်သားတွေနဲ့ ဘေးချင်းယှဉ်ပြီး ရဲရင့်စွာတိုက်ခိုက်ခဲ့ပြီး သူတို့ကလည်းမင်းကိုလေးစားပါတယ်။ မင်း ဂုဏ်ယူသင့်ပါတယ်။ ”
       Garrosh သူ၏မျက်လုံးများ ကျဉ်းမြောင်းလိုက်၏။
      “ငါဒီထိုးစစ်ဆင်မှုကြီးအတွက် ငါရွေးချယ်ခဲ့တဲ့ တပ်မှူးကို နောင်တမရပါဘူး” Thrall ပြောလိုက်၏။
       Garrosh  ဂုဏ်ယူဝမ်းမြောက်စွာ မျက်တောင်ခပ်လိုက်၏၊ ဘာကိုပြောသည်ဆိုသည်မှာ မသေချာသေးပေ။ ထိုတုံ့ပြန်မှုသည် ခန့်မှန်း၍ မရသေးပေ။ သူခြေတစ်ဖက်ကိုအားပြု၍ ရပ်နေရာမှ နောက်တစ်ဖက်သို့ပြောင်းလိုက်၏၊ Thrall ၏ချီးကျူးမှု၌ ခံစားရသည်မှာ မသက်မသာဖြစ်နေ၏၊ သို့သော် ထိုအရာကို မကြိုက်နှစ်သက်သည်တော့မဟုတ်ပေ။ “ကျွန်တော် Horde အတွက် တာဝန်ထမ်းတာပါ” Garrosh နောက်ဆုံး၌ ပြောလိုက်၏။“ ကျွန်တော် အဲ့ဒီ့အတွက် အကောင်းဆုံးအရာကို လုပ်ဆောင်မှာပဲ။”
      “ငါ သံသယမရှိပါဘူး၊” Thrall ဖြေကြားလိုက်၏။ “ပြီးတော့ မင်းလုပ်တာကောင်းပါတယ်၊ ငါဂုဏ်ယူတယ်လို့ပြောချင်ပါတယ်။”
       Garrosh ခြေထောက်တစ်ဖက်သို့ နောက်ထပ်အားပြု၍ ရပ်နေလိုက်ပြီး  Thrall ၏ပခုံးပေါ်မှကျော်၍ သူ၏အနောက်ဘက်ရှိနံရံကိုကြည့်လိုက်၏။ ကြက်သွေးရောင် Horde ၏အလံသည်လျော့လျဲစွာ ချိတ်ဆွဲထားပြီး လေညှင်းတစ်ခုအတွင်း ထိုအရာ၏မျက်နှာပြင်သည် လှုပ်ရှားနေ၏။
      “သို့ငြားသော်လည်း၊” Thrall ဆက်ပြောလိုက်၏။ “ Alliance  တွေအပေါ်မှာထားတဲ့ မင်းရဲ့ သဘောထားရပ်တည်ချက်ကတော့ မှားနေတယ်လို့ ငါယူဆတယ်။ သူတို့မပါဘဲနဲ့ ဒီစစ်ပွဲကို ငါတို့နိုင်မှာမဟုတ်ဘူး”
       Garrosh လျှင်မြန်စွာ သူ၏မျက်လုံးများကို Thrall  ဆီသို့ကြည့်လိုက်၏။ “ကျွန်တော့တာဝန်က Horde အတွက်ပဲ၊” သူတုံ့ပြန်လိုက်၏၊ “ပြီးတော့ Horde တစ်ခုထဲအတွက်ပဲ။”
      “ဖြစ်နိုင်ပါတယ်၊ Garrosh ၊” Thrall ပြောလိုက်၏၊ “ ဒါပေမယ့် သွေးထွက်သံယိုမှုက ဒီတာဝန်ကို ဆောင်ရွက်ဖို့အတွက် တစ်ခုတည်းသောလမ်းတော့မဟုတ်ဘူး။”
      “ဘန်း!”
       Garrosh မျက်နှာလွှဲလိုက်ပြီး လူပုံတူရုပ်ကို လက်နှစ်ဖက်ဖြင့်ကိုင်းညွှတ်သွားအောင် တွန်းပစ်လိုက်၏။ သူ၏နောက်၌ Thrall ၏ခြေသံများသည် အပေါ်ထပ်နှင့်အောက်ထပ်ကြားမှလှေခါးထစ်များအတိုင်း တဖြည်းဖြည်း အောက်သို့ရွှေ့လျားသွား၏။ Garrosh  တိမ်များဖုံးအုပ်နေသော မိုးကောင်းကင်ကိုကြည့်လိုက်၏။ Alliance များသည်သူတို့ကိုဒီအတိုင်းထားပြီး ဘယ်တော့မှထွက်သွားလိမ့်မည်မဟုတ် ဆိုသည်ကို Thrall နားမလည်ပေ။ Horde ကိုပြိုကွဲပျက်စီးသွားသည်အထိ  --- Garadar ရှိ orc ၏ ရန်သူများကဲ့သို့ပင် --- ထိုအရာသည် အစွန်း အဖျားများရောက်သည် အထိ တွန်းပို့လိမ့်မည်။ တစ်ခုထဲသော တန်ပြန်စရာမှာ တိုက်ခိုက်ရန်သာရှိ၏၊ human  များကိုထွက်ခွါသွားစေရန် အရင်မောင်းထုတ်ရမည်။ orc ၏လုံခြုံရေးလောက် ဘာမျှအရေးမကြီးပေ။  Alliance  ထိုအရာကိုနားလည်သည်အထိ ဤနေရာ၌ ဆွေးနွေးခြင်းဖြင့် ပြေလည်မှုရရှိလိမ့်မည်မဟုတ်ပေ။ Garrosh ရပ်တန့်သွားလိမ့်မည်မဟုတ်ပေ။ နောက်တစ်ဖန် ဘယ်တော့မှ၊ သူ၏ လူများသည်လည်း မည်သည့်အချိန်တွင်မှလျော့နည်းလာလိမ့်မည်မဟုတ်ပေ။ Horde  သည်လည်း ဘယ်တော့မှ ကျဆုံးသွားမည်မဟုတ်ပေ။
Garrosh Hellscream: Heart of War – Sarah Pine ၏ ၀တ္ထုကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ကျွန်တော်သည် အင်္ဂလိပ်စာအညံ့ဆုံးဖြစ်ပြီး မှားယွင်းမှုများအတွက် များစွာတောင်းပန်ပါသည်။ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
Varok Saurfang  : Dragonblight ရှိAgmar’s Hammer ၏အဓိကခေါင်းဆောင်ဖြစ်ပြီးWarsong Hold တွင် Garrosh ၏အကြံပေးလည်းဖြစ်၏။ Agmar’s Hammer ကို Blood elf ၊Forsaken ၊ Mag’har ၊Orc ၊ Taunka၊ Tauren ၊Troll များဖြင့်ဖွဲ့စည်းထားသည်။ Orgrim’s Hammer ၏ဝေဟင်မှတိုက်ခိုက်မှုအတွက်လဲ အခြေစိုက်လုပ်ဆောင်၏။
Dranosh Saurfang : Dragonblight ရှိ kor’kron Vanguard ၏ Vanguard ခေါင်းဆောင်ဖြစ်ပြီး သူ၏လူများကို ကာကွယ်ရန် Lich King ကိုတစ်ဦးထဲဝင်ရောက်တိုက်ခိုက်စဉ် သေဆုံးခဲ့သည်။
Kor’kron  : Horde အဖွဲ့အစည်းအတွင်းရှိ တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး Northrend စစ်မြေပြင်အတွက် အလုံးအရင်းဖြင့်အသုံးပြုခဲ့သည်။ Horde Expedition ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။
မူရင်း ဘာသာပြန်ရေးသားသူ  -  For Horde
www.vakok.net/forum မှကူးယူဖော်ပြသည်
No comments:
Post a Comment