Vol'jin - The Judgment ( အပိုင်း - ၄ )


Vol'jin - The Judgment ( အပိုင်း - ၄ )


Zal ဘယ်မှာလဲ? ။ Vol’jin သိချင်နေသည်။

Vol’jin စိုးရိမ်ကြောင့်ကြမှုနှင့် မသေချာမှုကို သူ၏အသဲနှလုံးထဲ၌ ခံစားနေရ၏၊ ရှေ့ရှိအန္တရာယ်ရှိသော အချိန်ကိုဖြတ်သန်းကျော်လွန်ရန်အတွက် Darkspear များကို ခေါ်ဆောင်သွားမည့် စိတ်ဆုံးဖြတ်ချက်တစ်ခု။

“မင်းငါ့ညီတော်ကို အသက်ရှင်ကျန်ရစ်တာကပိုကောင်းတယ်လို့ ပြောခဲ့တယ်၊ အဲ့ဒါအားနဲတယ်လို့ ဆိုလိုသော်ငြား နောင်တစ်ချိန် ပြန်လည်တိုက်ခိုက်နိုင်တယ်။ ဂုဏ်သတင်းနဲ့သေတာထက်စာရင် ဒုက္ခကိုသီးခံနေလိုက်တာ ပိုကောင်းပါတယ်”။ အသံသည် Vol’jin ၏စိတ်၌ အနာဂတ်အတွက် ကြိုတင်စီစဉ်သည့် ဉာဏ်ကို ကြမ်းတမ်းစွာ ဆုတ်ဖြဲလိုက်၏၊
သူ့ရင်ဘတ်တစ်ခုလုံးတဒိတ်ဒိတ်အသံမြည်နေသည်။ ထိုပြောလိုက်သည့် အသံသည် Vol’jin ယခင်ကသိပြီးခဲ့သမျှထက်ပို၍ ကြီးမားသော ဂုဏ်သရေနှင့် ကြောက်ရွံ့ခြင်းကို မြင်တွေ့ပြီးဖြစ်သောတစ်စုံတစ်ယောက်၏ အသံဖြစ်၏။ “မင်းအခု Darkspear တွေကို Orgrimmar ရဲ့လုံခြုံမှုကနေ ယူသွားတော့မယ်၊ဒီအင်အားတွေကိုကိုယ်စားပြုပြီးတော့ မင်းဟာ Alliance တွေရဲ့အန္တရာယ်ထဲမှာ စွန့်စားလိုက်တာပဲ။ မင်းဟာ မင်းစိတ်ကို ကြိုတင်မပြင်ဆင်ခဲ့ဘူး”

Vol’jin တွေဝေသွားခဲ့၏။ သူယခုအလွန်အရေးကြီးသော မေးခွန်းတစ်ခုကိုအမေးခံနေရပြီး အားလုံး၌ ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာရှာမရပေ။ သူအားလုံးကိုဝေ့ကြည့်လိုက်၏။ သူ့လူများမှာ ဒေါသထွက်နေ၏၊ ကြောက်ရွှံ့နေကြ၏၊ ဆုံးဖြတ်ပြီးကြ၏၊ စိတ်လှုပ်ရှားနေကြ၏။ သူနောက်ဖက်ရှိတံတိုင်းကို ကြည့်လိုက်၏။

ထို့နောက် သူ့မျက်လုံးများ Garroash ပေါ်သို့ရောက်သွား၏။ ကြီးမား၍ အထင်ကြီးလောက်သော ထိုစစ်အကြီးအကဲသည် သူရဲခိုပေါ်မှစောင့်ကြည့်နေ၏၊ တကယ်မဟုတ်သော်လည်း တည်ကြည်ပုံရနေ၏၊ သို့သော် စိတ်ကျေနပ်မှု၏ သေးငယ်သောအပြုံးတစ်ခုသည် သူ၏နှုတ်ခမ်းများ၌ ကစားနေ၏။ သူ၏ခန္ဓာကိုယ်သည် သံချပ်အကာအကွယ်ထဲမှနေ၍ ကောင်းကင်ကိုဆန့်ကျင်ရပ်တည်နေ၏၊ အာရုံကိုအနည်းငယ်ဆွဲဆောင်ဖမ်းစားနိုင်သော ထင်ရှားစွာဖြင့်ကွဲပြားခြားနားနေသော အနက်ရောင်ဆေးမှင်ကြောင်များကို သူ၏အောက်မေးရိုးတွင်တွေ့နေရ၏။

သူသည် ထိတ်လန့်ကြောက်ရွှံမှုနှင့် စစ်ပွဲဟူသော လက်ဆောင်တစ်ခုနှင့်အတူ ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်၏ သို့သော် လူအများနှင့်ဆက်ဆံရာတွင် ကျွမ်းကျင်မှုနည်းပရိယာယ်နှင့် ညှိုနှိုင်းခြင်းကိုမူနားမလည်ပေ။

ထို့နောက်တွင်တော့ Vol’jin သိသွား၏။

“ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေကိုကာကွယ်ဖို့အတွက် Darkspear တွေကိုကျွန်တော်ခေါ်လာခဲ့တယ်” သူပြောလိုက်၏။ “ကျွန်တော်တို့နောင်တစ်ချိန်မှာတိုက်ခိုက်ဖို့အတွက် အသက်ရှင်နေထိုင်နေတာပါ။ ဒါပေမယ့် အဲ့ဒါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်မျှသာပါပဲ။ တစ်ခုကိုတော့ Darkspear တွေဆုံး၈ှုံးမှာမဟုတ်ဘူး၊Loa၊ကျွန်တော်တို့အမြဲတမ်းမဆုံး၈ှုံးဘူး၊အဲ့ဒါကတော့ ကျွန်တော်တို့ရဲ့စံပဲ။ Darkspear တွေမှာစံတစ်ခုရှိပြီးတော့ တကယ်လို့ဒီ orc တွေနဲ့အတူတူနေခဲ့ရင်သူတို့ကိုကျိုးနွံရလိမ့်မယ်၊ ကျွန်တော်တို့ရဲ့စံတွေပျောက်ကွယ်ကုန်လိမ့်မယ်။ပြီးတော့အဲ့ဒီကနေကျွန်တော်တို့ပြန်လာနိုင်စွမ်းရှိမှာမဟုတ်ဘူး”

“Darkspear တွေလုံးဝအသက်ရှင်ကျန်နေရပါမယ်၊ ဒါပေမယ့် သူတို့ရဲ့စံတွေကိုဆုံး၈ှုံးသွားမယ်ဆိုရင်တော့ အဲ့ဒါကို စိတ်ပူစရာအကြောင်းမရှိတော့ဘူး။Darkspear တွေဟာလုံးဝအနေအထိုင်မှန်ကန်ရပါမယ်။သစ္စာရှိရပါမယ်” ခံစားချက်ကိုပြောလိုက်၏။ “မင်းအခု Loa တွေအားလုံးကိုကြားနိုင်ပြီ။မင်း ငါတို့ကိုအချိန်ပြည့်ကြားနိုင်ပြီ။ ဘယ်လိုနားထောင်ရမယ်ဆိုတာတော့ အသင်ကြားခံရလိမ့်မယ်”

“Vol’jin သူ၏မျက်လုံးများကို ဖွင့်လိုက်၏။ အစဉ်သဖြင့်ရွှံထူထပ်နေသော သစ်တော၏ကြမ်းပြင်၌ သူလဲလျောင်းနေ၏။ သူ၏ခန္ဓာကိုယ်ပေါ်၌ အင်းဆက်ပိုးကောင်အမျိုးအစားများစွာတို့သည် ပျော်ရွှင်စွာနှင့် ရွှံပိုးအိမ်များကိုဆောက်လုပ်နေကြ၏။ သူယခုထိဤနေရာ၌ ရှိနေခဲ့ပြီး နောက်ဝယ် မီးရောင်ရှိရာသို့သူသွားလိုက်၏၊ အခုထိအနည်းငယ်လောင်ကျွမ်းနေသေး၏။ဤနေရာတွင် Zalazane ၏ အရိပ်လက္ခဏာမတွေ့ရပေ။ မြင်ကွင်းကိုမြင်နေသည့် အချိန်ထဲမှာပင်  Vol’jin ထိုင်ခြင်းပုံစံသို့ ခက်ခဲစွာဖြင့်ပြောင်းလဲလိုက်၏။

ခဏတာကြာပြီးနောက်၊ Zalazane အမှောင်ထုထဲမှထွက်ပေါ်လာ၍ သူ့ဘေး၌ ထိုင်လိုက်၏။ သူတို့တိတ်ဆိတ်စွာပင် မီးပုံထဲသို့ နှလုံးခုံချိန်အနည်းငယ်ကြာ စိုက်ကြည့်နေကြ၏။ “ငါမြင်ခဲ့တယ်. . .” Zalazane တွန့်ဆုတ်နေ၏။ “ ငါ့ကိုယ်ငါ မျိုးနွယ်စုရဲ့အဝေးက Darkspear တိုက်ခိုက်ရေးသမားတွေကို ဦးဆောင်နေတယ်လို့မြင်ခဲ့တယ်။ ခေါင်းဆောင်၊သူကပျော့ညံ့တယ်၊ သူငါတို့အပေါ်မှာသစ္စာမဲ့တယ်၊ ပြီးတော့မျိုးနွယ်စုတွေ အလယ်ကနှစ်ပိုင်းကွဲသွားတယ်” ။ Zalazane နားမလည်စွာဖြင့် Vol’jin ကိုကြည့်လိုက်၏။

“ အဲ့ဒီခေါင်းဆောင်ကဘယ်သူလဲ Zal ? မင်းငါ့အဖေတော့မဟုတ်ဘူးပြောတယ်၊ ဒါပေမယ့် အဲ့ဒီ့လူကိုငါတို့နှစ်ယောက်လုံးသိလိမ့်မယ်”

Zalazane ယခုထိ Vol’jin ကိုမကြည့်ပေ။

Vol’jin တုတ်တစ်ချောင်းကိုကိုင်ပြီး မီးပုံကိုမွှေလိုက်၏။ “ဒီစမ်းသပ်မှုတွေ လုံလောက်လောက်ပြီ” သူထိုမျှလောက်သာပြောသည်။

Vol’jin မီးပုံတစ်လျှောက်ခေါက်တုံ့ခေါက်ပြန်လျှောက်နေ၏။ သူမပျော်ရွှင်ဘဲ ဒေါသထွက်လျှက်ရှိ၏၊ တစ်စုံတစ်ခုကိုလဲ သတ်ဖြတ်ရန်အဆင်သင့်ဖြစ်လျှက်ရှိ၏။ သူ၏ကမ္ဘာကို ဖြတ်သန်းရသည့်အချိန်တိုင်းသည် အမှုမဲ့အမှတ်မဲ့နှင့်သာ။ သူနှင့် Zalazane ၏ဆက်ဆံရေးမှာလည်း - သူအမြဲတမ်းချစ်ခဲ့သည့် သူ၏ အဖေနှင့် မျိုးနွယ်စု သာကျန်တော့၏ - ၀န်ပိနေမှုကိုစတင်ဖျက်ဆီးလိုက်၏။

“အချိန်မဆိုင်းတော့ဘူး” သူ Zalazane ကိုမကြည့်ဘဲ ကြေငြာလိုက်၏။“ ငါအမဲသွားလိုက်တော့မယ်။ ငါတို့စားစရာလိုအပ်တယ် ပြီး ငါသတ်ဖြတ်ဖို့လိုအပ်တယ်။” သူ့လက်နက်ကိုဆွဲယူ၍ မှောင်မဲနေသည့် သစ်ပင်ကြီးများအောက်ရှိ ထူထပ်စွာပေါက်ရောက်နေသော  ခြုံပင်များထဲသို့ ၀င်ရောက်သွား၏။ ကျွန်း၏အန္တရာယ်အများဆုံး အစိတ်အပိုင်းဟု သေချာစွာခံစားမိနေသော်လည်း ထိုနေရာသို့ တစ်ယောက်ထဲထွက်ခွာသွား၏။

ထိုအရာသည်ခွန်အားရှိ၏။

မီးပုံ၌၊ Zalazane စတင်၍ မရိုးဖြောင့်သော Voodoo ကိုရွတ်ဆိုနေ၏။ အရှေ့၌၊ မှောင်လုနီးပါးအမှောင်ထဲ၌၊ ရုတ်တရက်တစ်စုံတစ်ခု လျှင်မြန်စွာလှုပ်ရှားသွားသည့်အသံကို Vol’jin ကြားလိုက်ရ၏ - ကြီးမားသော သတ္တ၀ါတစ်ကောင် ကြိုးစား၍ ကိုယ်ရောင်ဖျောက်နေ၏။ Vol’jin ပါးစပ်ဟ၍ ပြုံးလိုက်သည်၊ သူ၏ အစွယ်များကိုဆန့်ကျင်၍ နှုတ်ခမ်းများကို ဟလိုက်၏၊ လက်ချောင်းများသည် လက်နက်ပေါ်သို့ရွေ့သွား၏။

သူရှေ့သို့ရွေ့လျားလိုက်၏၊ သူနောက်တစ်ဖန်အသံကြားလိုက်ရ၏၊ သူ၏ဘယ်ဘက်အဝေးတွင်ဖြစ်၏။ သူကိုယ်ကိုလှည့်လိုက်၏၊ သတ္တ၀ါကြီးကိုသူ၏ ညာဘက်တွင်ရှိအောင် ကိုယ်ကိုပတ်ချာလှည့်ပတ်ပြီး  ထိန်းထား၏။

နောက်တစ်ဖန်၊ သူ၏ဘယ်ဘက်သို့ရွှေ့လျားသံကို အပင်များအတွင်းကြားလိုက်ရ၏။ တိုက်ခိုက်ခံနေရပြီမှန်း နားလည်လိုက်၏။ သတ္တ၀ါကြီးသည်သူ့ကို လှည့်ပတ်ချောင်းမြောင်းနေ၏။ ဤနေရာတွင်လုပ်စရာတစ်ခုသာရှိသည် : သူတိုက်ခိုက်ရမည်။

အကိုင်းများနှင့် အမြစ်များသည် ရုတ်တရက်ကြမ်းတမ်းစွာသူ့ကို ဆွဲယူလိုက်ပြီး သူနာကျင်သွားစဉ် အော်မည်၍ရှေ့ရှိ ဆင်ခြေလျောတစ်ခုသို့ ဦးတည်သွားလိုက်၏။ ရှေ့တွင်၊ သူ၏အရပ်လောက်ရှိသော အခြား troll တစ်ကောင်မတ်တပ်ရပ်နေ၏။

Vol’jin သူ့ဆီသို့ဝင်လုံးလိုက်ပြီး နှစ်ယောက်လုံးလှိမ့်ကျသွား၏။ သူအမှောင်ထုထဲ၌ သူ၏လက်နက်ကို အခြားသူ၏ လည်ပင်းတစ်လျှောက်ဆီသို့ ရွှေ့ယူလိုက်၏။ ကျွန်းပေါ်ရှိ troll တိုင်းသည် Darkspear များသာဖြစ်လိမ့်မည်ဖြစ်ပြီး မိတ်ဆွေတစ်ယောက်ဖြစ်လိမ့်မည်၊ သို့သော် Vol’jin မှာရက်စက်ကြမ်းတမ်းသော Gurubashi (ဂါရူဘာရှီ) ၏ ပုံပြင်ဇာတ်လမ်းများနှင့်ကြီးပြင်းလာခဲ့ပြီး ဤကျွန်းပေါ်၌ အရာရာတိုင်းဖြစ်နိုင်၏။

အခြားtroll ကိုကြည့်လိုက်၏၊ သူ၏ပုံပန်းသဏ္ဌာန်ကို အဝေးရှိမီးပုံ၏ အလင်းတန်းတစ်ခုထဲတွင်ဖမ်းမိလိုက်၏။ ထိုသူမှာ Sen’jin ဖြစ်၏၊ Vol’jin ၏ အဖေရင်းဖြစ်သည်။

“ဖေဖေ?” Vol’jin သွေးပျက်စွာဖြင့် မေးလိုက်၏၊ သူ၏ခန္ဓာကိုယ်အလေးချိန်ကို မှောက်လျက်လဲနေသော troll ဆီမှာဖယ်လိုက်၏။ Sen’jin ပြုံးလိုက်ပြီး Vol’jin ကိုကြမ်းတမ်းစွားတွန်းဖယ်လိုက်၏။ ငယ်ရွယ်သော troll မှာရွှံမြေများထဲတွင် ရပ်လျှက်ရှိ၏၊ ရီနေ၏။

Sen’jin သူ၏ခြေထောက်ကိုလျှင်မြန်စွာ လှုပ်ရှားလိုက်၏၊ သူ၏ တောင်ဝှေးကိုပတ်ခြာလှည့်ပတ်လိုက်ပြီး Vol’jin ၏ခန္ဓာကိုယ်ကိုချိန်ရွယ်ထားလိုက်၏။ သတ်ရန်ရည်ရွယ်ထားသော ရည်ညွှန်းချက်ကို သူ့အဖေ၏မျက်နှာ၌ Vol’jin ဖတ်လိုက်ရပြီး အဝေးသို့မျက်နှာမူနေ၏၊ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခုကိုရှောင်ရှားလိုက်ပြီး ထိုအရာသည်သူ၏နံရိုးများကိုအသဲနှလုံးဆီသို့ ကြိုးကြေစေလိမ့်မည်။ Vol’jin သူ၏ခြေထောက်ဆီသတိထားလိုက်၏၊ အန္တရာယ်ကိုသတိထား၍ ရှောင်တိမ်းနေရပြီး အသင့်စောင့်ကြည့်နေလိုက်၏၊ သို့သော် တိုက်တော့မတိုက်ခိုက်ပေ။

“ဖေဖေလား ?” သူမေးလိုက်၏။ “ဘာမှားနေလို့လဲ ?” Sen’jin ပြုံးရုံသာပြုံးပြီး တောင်ဝှေးကို သေစေနိုင်လောက်သော သေးငယ်သောစက်ဝိုင်းဖြတ်ပုံစံ ရွှေ့လျားလိုက်၏။ Vol’jin ထိုအရာပေါ်သို့အလျင်အမြန်ခုန်အုပ်လိုက်၏၊ သို့သော် Sen’jin အရှိန်အဟုန်ဖြင့် Vol’jin ၏ကိုယ်ကိုဦးခေါင်းဖြင့်ဝင်ဆောင့်လိုက်၏။

Vol’jin ရွှံပုံတစ်ခုပေါ်တွင်ရပ်နေ၏၊ သူ၏အဆုတ်မှလေများ အတင်းထိုးထွက်သွား၏။ သူနောက်သို့လှိမ့်ချလိုက်၏၊ အံ့သြမှုဖြင့်အသက်၈ှုသွင်းမှုပြင်းထန်နေသည်။ တောင်ဝှေးကို နောက်တစ်ဖန်လှည့်ပတ်လိုက်ပြီး Sen’jin တိတ်ဆိတ်ညင်သာစွာ သူ့ဆီသို့လှုပ်ရှားလိုက်၏။

“ဖေဖေ၊ ဘာလို့ဒီလိုလုပ်တာလဲ ?။ ကျွန်တော်ပျက်ကွက်ခဲ့လို့လား ?။ကျွန်တော်တော့နားမလည်ဘူး။” Vol’jin ထပ်တလဲလဲ မေတ္တာရပ်ခံလိုက်၏။

Sen’jin ရပ်တန့်လိုက်၏။“ မင်းမတိုက်ခိုက်ဘူး ဘာကြောင့်လဲဆိုတော့ မင်းငါ့ကိုသိတယ်လို့ထင်နေလို့မလား ? ပျော့ညံ့တယ်”။

ပြောပြောဆိုဆို၊ သူ၏တောင်ဝှေးကို  Vol’jin ၏ အပြင်သို့ဆန့်ထုတ်ထားသောလက်ဆီသို့ ရိုက်ချလိုက်၏။ တိုက်ခိုက်မှု၏နောက်၌ အိုမင်းသောtrollခန္ဓာကိုယ်၏အလွန်နည်းသည့်အားပမာဏသာပါရှိပြီး  Vol’jin ၏လက်ကျိုးသွား၏။ သူ၏လက်မ၊ သူ၏လက်ကိုဆန့်ကျင်၍ အန္တရာယ်ရှိသည့်နေရာတွင်ရှိနေသည်၊ အား၏၀န်ကိုခံလိုက်ရ၏။ အရိုးများကျိုးသွားပြီး  လမ်မမှာအဆစ်လွဲသွားပြီး ငှက်၏ကောက်ကွေ့သော ခြေသဲကဲ့သို့ဖြစ်နေ၏။

Vol’jin ၏စိတ်၌ ထိုအရာအတွက်အာရုံမရှိပေ။ သူဘေးဘက်ဆီသို့လှိမ့်ချလိုက်၏။ ဘယ်လက်ဖြင့်သူ၏ညာဘက်ကို ဆုပ်ကိုင်ထားလိုက်၏ သူ့လက်ကောက်ဝတ်မှာကျိုးနေခဲ့ပြီး လက်မသည် ခက်ခဲ၈ှုပ်ထွေးသောအခြေအနေဖြင့်ပျော့ဖတ်၍ကျေနေ၏။ သူ၏အခြေအနေမှာသွေးလန့်လျှက်ရှိပြီး သူ့ကိုဝိုင်းရံနေသောအရာများသည် အဝေးသို့ထွက်ခွာသွားသည်ဟု အမှန်တကယ်ခံစားလိုက်ရ၏။ သူ တောအုပ်ထဲသို့ ရွှေ့လျားသွားသော Sen’jin ၏ ခြေဗလာကြီးကိုသာမြင်လိုက်ရ၏။

“ဖေဖေ!” သူခေါ်လိုက်၏။ Sen’jinအသွားမရပ်ပေ၊အရှိန်လည်းမလျော့ပေ၊ မျက်လုံးတစ်ချက်ပင်ဝေ့မကြည့်ပေ။ ခြုံပုတ်များရွေ့လျားသွားပြီး သူထွက်ခွာသွားခဲ့ပြီဖြစ်၏။ “ဖေဖေ!” Vol’jin နောက်ပြန်လာခဲ့၏၊ မျက်လုံးများကိုဖြစ်ညှစ်၍ ပိတ်လိုက်၏။ သူ၏လက်ကိုထိန်းကိုင်ထားလိုက်၏။.

ခဏတာကြာပြီးနောက် သူ၏စိတ်ကိုသူကောင်းစွာပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီး သူ၏လက်ကိုငုံ့၍ ကြည့်လိုက်၏။ လက်မမှာအဖျက်ဆီးခံထားရ၏။ သူ၏ လက်နက်သည် ရွှံထဲ၌ လဲလျောင်း၍ကျနေ၏၊ ပြောင်လက်နေခဲ့သောသတ္တုသည် သွေးနှင့် ရွှံစက်များဖြင့်ပေကျံနေ၏။

လက်သည်ကုသရန် လိုအပ်၏။ သို့သော်လက်မမှာ ဖြတ်ပစ်ရလိမ့်မည်။ Vol’jin ဘယ်တုန်းကမှ ဒီဘက်လက်ဖြင့်ဓားတစ်လက်ကိုမပစ်ဖူးပေ၊ ဘယ်တုန်းကမှ သူ၏လက်နက်ကိုမကိုင်ဖူးပေ။ ဘယ်တုန်းကမှ အမဲမလိုက်ဖူးပေ၊ ဘယ်တုန်းကမှတိုက်ခိုက်ဖူးသည့်လက္ခဏာမရှိပေ။

သို့သော် ဤနေရာတွင်ထိုပြဿနာ၏ အဖြေနည်းလမ်းတစ်ရပ်ရှိနေပါ၏။ သူဤနေရာတွင် နည်းလမ်းတစ်ခုရှိမှန်းသိနေ၏။

Vol’jin အသက်ကို၀၀၈ှုလိုက်၏၊ သူ၏လက်နက်ကိုဘယ်ဘက်လက်ဖြင့်ဆုတ်ကိုင်လိုက်၏၊ သူ၏ဦးခေါင်းအထက်သို့ရောက်အောင် မလိုက်၏။ သူထိုအရာကိုမျက်လုံးဖွင့်ပြီးလုပ်ရလိမ့်မည်။ သူလက်နက်ကို ရှည်လျားသော စက်ဝိုင်းဖြတ်ပုံစံဖြင့် အောက်သို့ဆွဲချလိုက်၏။ ထိုအရာသည်အရေပြားနှင့် ညာဘက်လက်၏ အရိုးကိုတိုးညှင်းစွာဖြတ်သန်းသွား၏၊ ကျိုးပြတ်သွား၏၊ ပြတ်နေသောအရာဝတ္ထုမှာသူ၏လက်မဖြစ်ပြီး အမှောင်ထုထဲသို့ လွင့်ထွက်သွား၏။

သူကြယ်တာယာတွေရှိရာဆီသို့ ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်ချင်၏၊ သို့သော် သွေးများထွက်နေသည့်တိုင်အောင်သူ၏ နှုတ်ခမ်းများကိုသာဖိကိုက်ထားလိုက်၏၊ သူအသံမထွက်ပေ။ လက်မသည် ရှင်းရှင်းလင်းလင်းပင် ပြန်ပေါက်လာပေလိမ့်မည်။ Troll များအားလုံးကို Loa က အချို့သောခွန်အားသစ် ဘ၀သစ်ဟူသော ကောင်းကျိုးကိုပေးထား၏။ သူတို့၏ လက်ချောင်းများနှင့် နှာခေါင်းများသည် ပြန်လည်ရှင်သန်ကြီးထွားလာနိုင်၏ များစွာ၈ှုပ်ထွေးသောအစိတ်အပိုင်းများဖြစ်သော ခြေလက်များနှင့် ကိုယ်အင်္ဂါများဖြစ်နေလျှင်ပင် သူတို့၏စွမ်းဆောင်ရည်ထက်ပြန်လည်၍သာလွန်စေနိုင်၏။ ထိုအရာသည်အချိန်အချို့တော့ ယူရပေလိမ့်မည်၊ သို့သော် တစ်ခုလုံးနောက်တစ်ဖန်ပြန်ဖြစ်လိမ့်မည်။

သူ့မြင်ကွင်း၏ ထောင့်စွန်း၌ တောက်ပသောအလင်းတစ်ခုကို သူစတင်မြင်လိုက်ပြီး ထိုအရာသည် ဖြတ်သန်းထွက်ခွာသွားမလားဆိုသည်ကို သူသိချင်နေခဲ့၏။ သို့သော် အလင်းရောင်သည်တောက်ပသည်ထက် တောက်ပပြီး ကြီးထွားလာနေ၏။
Vol’jin ကြည့်လိုက်၏။

Vol'jin - The Judgment ( ဇာတ်သိမ်း )

No comments:

Post a Comment