Vol'jin - The Judgment ( အပိုင်း - ၃ )
အသံတစ်ခု သူ့ကိုတိုးညှင်းစွာပြောသည်။ “ကျောက်ကံပါး၊“ ၊ ထိုအရာသည်အသံမဲ့ပြောခြင်းဖြစ်၏။ “ကျောက်စွန်းတွေရဲ့အောက်ဖက်။ သူတို့နာကျင်မှုကို ချုပ်ငြိမ်းပေးလိမ့်မယ်။မြန်ပါတယ်။လွယ်တယ်“။ Vol’jin အမှန်တကယ်ဖြစ်နေမှန်းနားလည်သွား၏ :သူ နှလုံးခုံချိန်တစ်ခုကို ကျော်လွန်သွားရမည်ဖြစ်ပြီး ထို့နောက် သူ၏နာကျင်မှုသည်လည်း ထွက်ခွာသွားပေလိမ့်မည်။ သူ၏တစ်ခုထဲသော တခြားရွေးချယ်စရာမှာ နာကျင်မှုကို စိတ်ရှည်သီးခံ၍ ခံစားရန်ဖြစ်၏။Vol’jin သူ၏မျက်လုံးများကိုမှိတ်ထားလိုက်ပြီး သီ်းခံ၍ နာကျင်မှုကိုခံစားနေလိုက်၏။
လွန်လေပြီးသော အလွန်ကြာမြင့်သောကာလတစ်ခု၊ သူ၏ခန္ဓာကိုယ်မှာ သူနှင့်ဝေးရာဆီသို့ကျရောက်သွား၏။ သူလွင့်မြောနေ၏၊ အသိအာရုံခံစားမှုကင်းမဲ့နေ၏။ သူ၏အရင်ကာလကိုမြင်နေရပြီး မြင်ကွင်းများတစ်ခုစီကျဆင်းလာ၏။ သူထိုနေရာတွင်ရောက်ရှိနေပြီး၊ ပို၍ အသက်ကြီးနေ၏၊ ပို၍လည်းမိမိကိုယ်ကိုယုံကြည်မှုရှိနေ၏။ သူခပ်လှမ်းလှမ်းမှနေ၍ မြင်ကွင်းများကိုမြင်နေရပြီး တစ်ချိန်ထဲမှာပင် မြင်ကွင်းထဲ၌လည်း ပြုမူနေထိုင်နေ၏။ Darkspear troll များ၏ အစုအဝေးကြီး တစ်ခုသည် သူ၏နောက်၌ ဖြန့်ကျက်၍ နေနေကြ၏။ လိမ္မော်ရောင် ကျောက်ဆောင်များနှင့် သီးပင်စားပင် နဲပါးသော ဒေသအသစ်တစ်ခုကို ဖြတ်၍ သူတို့လမ်းလျှောက်လာခဲ့၏။ ကြီးကျယ်ခမ်းနားသော မြို့ကြီးတစ်မြို့ကို လှမ်းမြင်နေရ၏၊ မှိန်းများနှင့်ချွန်ထက်သော အသွားများဖြင့်ပြည့်နှက်နေ၏။ မီးခိုးငွေ့များမှာထူထဲစွာ မြို့ပေါ်၌ ဖုံးလွှမ်းလျှက်ရှိပြီး စစ်စည်သံများကိုလည်း ကြားနေရ၏။ ထူးဆန်းသော၊ အစိမ်းရောင်သတ္တ၀ါများသည် ဆောင့်ကြောင့်ထိုင်နေကြပြီး ၈ှုပ်ထွေးသောသံချပ်ကာများကိုဝတ်ဆင်ထား၍ ရှေ့သို့မျက်နှာမူပြီးစီတန်းနေ၏။ အနည်းငယ်မျှသော အခြားသတ္တ၀ါများ၊ မသပ်ရပ်သောသားမွှေးများနှင့် အလွန်ကြီးမား၏၊ ခွာများနှင့်အတူ၊ အခြားတစ်ဖက်မှ စောင့်ကြည့်အကဲခတ်နေကြ၏။
Vol’jin အစိမ်းရောင်သတ္တ၀ါများ၏ ခေါင်းဆောင်ဆီချဉ်းကပ်သွားလိုက်၏၊ ထိုသူမှာ သန်မာသည့် အမူအယာရှိ၏၊ ပညာရှိမည့်ပုံပင်။ သူတို့တစ်ယောက်နှင့်တစ်ယောက်လက်များကို ဆုပ်ကိုင်ထားလိုက်ပြီး ပြုံးလိုက်ကြ၏။ Vol’jin ၏စိတ်ထဲ၌ စကားလုံးများပလုံစီပေါ်ပေါက်လာကြ၏။ Orcs။ Orgrimmar။ Tauren။ Thrall။
အစိမ်းရောင်သတ္တ၀ါများ ဧည့်သည်များကိုကြိုဆိုမှုပြုလုပ်လိုက်ကြ၏၊ ထိုအခါမှ Darkspears များမှာ စိတ်ဝန်လေးနေမှုများ ကျဆင်းသွားကြပြီး၊ ဆက်လက်၍ စိတ်မပူတော့ဘဲ ကြည့်၈ှုနေကြ၏ . . .သို့သော်အခြားတစ်ဖက်တွင် ခရီးပမ်းလာသောကြောင့် ပင်ပန်းနွမ်းနယ်မှုရှိနေသေး၏။
“ဘာ့ကြောင့်လဲ ?“ အသံတစ်ခုကမေးမြန်းလိုက်၏။ အသံမှာသူ၏ အရိုးထဲမှဟု Vol’jin ခံစားလိုက်ရ၏၊ သူ၏ကိုယ်ထဲတွင် တော်လဲသံကြီးဖြစ်ပေါ်သွား၏။ “မင်း ဘာအကြောင်းပြချက်နဲ့ ငါ့ပြည်သူလူထုတွေကိုဦးဆောင်မှာလဲ ?။ ကျိန်းသေတာကတော့ တသီးတခြားတိုက်ခိုက်တာဟာ ဂုဏ်ယူစရာပဲ၊ တသီးတခြားသေဆုံးရတာလဲ ဂုဏ်ယူစရာပဲ။“
“မဟုတ်ဘူး၊” Vol’jin ပြောလိုက်၏၊ စဉ်းစားဆင်ခြင်လိုက်၏။“ Darkspears တွေဟာအမြဲပဲ လွတ်လပ်မှုအတွက် ဂုဏ်ယူခဲ့တယ်။ ဒါပေမဲ့ လွတ်လပ်ဖို့အတွက် ငါတို့အသက်ရှင်နေဖို့လိုအပ်တယ်။ တကယ်လို့ ငါတို့သေသွားရင်၊ ငါတို့ဆုံးရှုံးသွားပြီ။ ငါတို့စိတ်ရှည်သီးခံပြီးတော့ အခွင့်ကောင်းကိုစောင့်နေတာပိုကောင်းလိမ့်မယ်။ ငါတို့ဟာ အလွန်အင်အားကြီးမားတဲ့ ရှေးဟောင်းမျိုးနွယ်စုတွေပ၊ဲ ပြီးတော့ ငါတို့စိတ်ရှည်သီးခံရလိမ့်မယ်။“
သူပြောခဲသည့်အတိုင်း မှန်ကန်သည်ဟုသူခံစားမိ၏။ သူ၏မိတ်ဆွေများအတွက် မဟာဗျူဟာတစ်ခု သူ့၌အမြဲရှိနေခဲ့၏။သူ၏ စဉ်းစားတွေးတောဆုံးဖြတ်မှုများသည် အသက်ရှင်ကျန်ရစ်ရန်နှင့် သန်မာအားကောင်းပြီး အောင်မြင်နိုင်ရန်ဖြစ်၏။
“မင်းဟာ ငယ်ရွယ်ပေမယ့် ပညာရှိသူတစ်ယောက်ပဲ၊” အသံကပြောလိုက်၏။ “Darkspears တွေ၊ သူတို့တွေဟာ ခက်ခဲဆင်းရဲခဲ့တယ်၊သူတို့ ခက်ခဲစွာတိုက်ခိုက်ခဲ့တယ်။ သူတို့အတွက်တော့၊ ဆင်းရဲကို စိတ်ရှည်ပြီးသီးခံတာဟာ အသက်ရှင်ကျန်ရစ်ဖို့ပဲ။” Loa ကသာပြုလုပ်ပေးနိုင်သော သူ့အရင်ကာလများကို ရှင်းပြပေးသည့် မြင်ကွင်းသည်တဖြည်းဖြည်း လျော့နည်းလာသည်: ရှေးကျသော ဥာဏ်ပညာ နှင့် ၀မ်းနဲမှု၏ ပူနွေးသောအလင်းစက်လုံးတစ်ခုသည်ရောက်လာ၏၊ ထင်ရှားသောထိုအရာသည် ပို၍ အရောင်မှိန်ဖျော့တော့လာပြီး လင်းလက်မှုပျောက်ဆုံးသွားသည်။ ထိုတစ်စုံတစ်ခုသောအရာသည်မူလနေရပ်တွင် Vol’jin မမွေးမီ ကာလကြာရှည်စွာထဲက မဟုတ်တာလုပ်ရန် လှို့ဝှက်စွာစောင့်စားနေခဲ့၏။ ပုံရိပ်များနှင့် ပုံသဏ္ဌာန် များသည်လှုပ်ခပ်သွားပြီး ထိုအရာ၏မျက်နှာပြင်အောက်၌ ပျောက်ကွယ်သွား၏။ Vol’jin ၌ Loa ထံတွင် သူ့ကိုအသိအမှတ်ပြုကြောင်း ကျိန်းသေစေရန် အတွက်အချိန်ဘာမျှမရှိတော့ပေ၊ ထိုနောက်မှာတော့ ထိုအရာသည်ထွက်ခွာသွား၏။ သူ့ဘေးပတ်ဝန်းကျင်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
“မင်းမြင်နေရတာ အမှန်တွေပါပဲ” စကားပြောလိုက်သည့်အသံ၊ တဖြည်းဖြည်းတိုးသွား၏။ Vol’jin သတိရလာပြီး သူ့ကိုယ်သူ တောင်ထွတ်၏ နောက်ဘက်တွင်တွေ့လိုက်ရ၏။ Zalazane လဲထိုနေရာတွင်ရှိနေ၏။
“ငါတို့ Loa ကိုတွေ့ရပြီ၊ငါတို့ခဲယဉ်းတဲ့အရာကို တွေ့ရပြီ” Zalazane အကြီးအကြယ် ၀မ်းမြောက်မှုကိုဖော်ပြလိုက်၏။ Troll နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ရယ်လိုက်ကြ၏။
“ငါတို့ မနက်ဖြန်ကို အသက်ရှင်လျှက်တွေ့နိုင်လောက်ပြီ” Vol’jin ပြောလိုက်၏။
“မင်းမျှော်လင့်တာ အရမ်းများလွန်းတယ်” Zalazane ပြောလိုက်သည်။ “ငါတို့မပြီးဆုံးသေးဘူး။ Gadrin ကဒီမှာ သင်ယူစရာ သင်ခန်းစာများလွန်းတယ် ပြောတယ်။ စမ်းသပ်စစ်ဆေးမှုက ၈ှုပ်ထွေးလိမ့်ဦးမယ်။ Loa ၊ သူတို့ငါတို့အတွက်သိမ်းထားတာ အများကြီးရှိတယ်” ။
“Loa ကမင်းကိုဘာပြခဲ့လဲ?” Vol’jin မေးလိုက်၏။ သူနှင့် Zalazane
မီးပုံတစ်ခုဘေးတွင်ထိုင်နေ၏၊ kommu အသားစတစ်ခုကို တံစို့တွင်ထိုးလိုက်၏။
အရိုးများထဲမှ အဆီများတစက်စက်စီးကျနေပြီးနောက် မီးထဲသို့ရောက်သွား၏၊
ရေခမ်းပြီးဆီပြန်သည့်အသံနှင့် ဖောက်ခနဲ ဖောက်ခနဲ မည်နေသည်။
ရက်ပေါင်းများစွာ ရှိသွားပြီဖြစ်၏၊ ထိုမျှလောက်သာ Vol’jin
ပြောနိုင်ပြီး မီးဖိုမှာလည်း မိုက်မဲသော စည်းစိမ်တစ်ခုသာဖြစ်၏။ သို့သော်
တောရိုင်းတိရစ္ဆာန်များမှာ သူတို့ကို အထီးကျန်စွာစွန့်ပစ်သွားခဲ့ပြီဟု
ထင်ရ၏၊ သူတို့ Loa ကိုမှတ်ချက်ချသကဲ့သို့ ဖြစ်၏။ ယခင်ကကဲ့သို့ သောကများကိုဖယ်ရှားပေးသင့်ပါ၏ ယခုထိုသို့မဟုတ်တော့။
“ငါ Darkspears တွေအတွက် Witch doctor (စုန်းအတတ်ဖြင့် ကုစားသည့်ဆေးဆရာ ) ကြီးတစ်ယောက် ဖြစ်နေတယ်” Zalazane ပြောလိုက်သည်။“ငါတို့ နယ်မြေအသစ်တစ်ခုထဲမှာပဲ၊ ရုန်းကန်နေရတယ်။ ငါတို့အသက်ရှင်ကျန်ရစ်နိုင်မှုက မေးစရာဖြစ်နေတယ်။ ငါတို့သန်မာအားကောင်းဖို့လိုနေခဲ့တယ်၊ အင်အားမရှိခဲ့ဘူး။ အားလုံးအတွက် ခက်ခဲတဲ့အချိန်တွေပါပဲ၊ အထူးသဖြင့် ခေါင်းဆောင်တွေအတွက်ပဲ။ အဲ့ဒီမှာခေါင်းဆောင်က ဘယ်သူဆိုတာတော့ ငါမသိဘူး၊ ဒါပေမဲ့ မင်းရဲ့အဖေတော့မဟုတ်ဘူး” ငြိမ်သက်စွာပင် Zalazane ပြောလိုက်၏။
Vol’jin ပြန်ပြောရန်ပါးစပ်ကိုဟလိုက်၏၊ သို့သော် တောထဲရှိ မှုန်မွှားသည့် အလင်းရောင်ထုတ်လွှတ်မှုကို မြင်လိုက်ချိန်၌် ကြောက်ရွံ့၍ ရုတ်တရက် လှုပ်ရှားမှုရပ်တန့်သွားသည်။ တခြားသော Loa တစ်ပါး၊ ပို၍ အလွန် ရှေးကျပြီး ဘာမျှမသိရှိနိုင်ပေ ၊ သစ်ရွက်များကိုဖြတ်၍ အလင်းရောင်ကိုထုတ်လွှင့်နေသည်။ ထိုအရာသည်အလှမ်းဝေး၏ ၊ သို့သော် ထိုအရာသည် သူ့ကိုခေါ်နေ၏။ Vol’jin သူ၏ခြေထောက်ကို ရုတ်တရက်လှုပ်ရှားလိုက်ပြီး သစ်ပင်များဆီသို့ နောက်မှလိုက်၍ ထွက်သွားလိုက်၏။
“မင်းဘယ်ကို သွားတာလဲ? ” Zalazane လှမ်းအော်လိုက်၏၊ သို့သော် Vol’jin ဆက်လက်သွားနေ၏။ သူ Loa ထွက်သွားမည်ကို ခွင့်မပြုနိုင်ပေ။ သူအလင်းရောင်နှင့်နီးလာစဉ်၊ အပေါ်ဘက်ရှိသစ်ကိုင်းများနှင့်တိုက်၍ လဲလုမတတ်ဖြစ်သွား၏၊ မျက်စိတမှိတ်အတွင်း Loa ထွက်ခွာသွားပြီး တောထဲ၌ ၀မ်းနဲ၍မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် တစ်ယောက်ထဲရပ်နေသော သူ့ကိုယ်သူသာ Vol’jin တွေ့လိုက်ရ၏။
နောက်ဆုံး၌၊ သူ၏ညာဘက်တွင် တစ်စုံတစ်ခုရှိခဲ့ခြင်းကိုပြသသော အလင်းရောင်သဲ့သဲ့ကို မြင်ကွင်း၌ ဖမ်းမိလိုက်၏။ သူနောက်တစ်ခါ ထပ်ပြေးလိုက်၏၊
ဘေးဘက်ရှိသစ်ရွက်များနှင့် သစ်မြစ်များကို ပွတ်တိုက်မိ၏၊ Loa အတွက် လျင်မြန်စွာလှုပ်ရှားလိုက်၏။ သူဘေးဘက်ရှိနောက်ဆုံးသစ်ကိုင်းကို ဆွဲလိုက်စဉ်၊ ရှေးကျသည့်နတ်မှာ နောက်ထပ်တစ်ဖန် ပျောက်ကွယ်သွားပြန်၏။
သူစောင့်နေလိုက်၏၊ အချိန်အနည်းငယ်မျှ အသက်၈ှုမြန်ဆန်တိုတောင်းနေပြီး ထိုအရာသည် ဤနေရာ၌ ဆက်လက်ရပ်တည်နေရန် ရည်ရွယ်ချက်မရှိနိုင်မှန်း နားလည်လိုက်၏။ Loa သည်သူ့ကို မူလနေရပ်၏ ရေငွေ့ဖြင့်စွတ်စိုနေသောအမှောင်ထုထဲ၌ ထားသွားခဲ့ပေပြီ။ သူ Loa ၏ကစားနည်းကို မကစားသင့်ပေ။ ထိုအရာသည်သူ့ကို သစ်ပင်များထဲတွင် လှည့်လည်သွားလာနေစေရန်ဦးဆောင်ခဲ့၏။ အကယ်၍ ထိုအရာသည် နောက်တစ်ဖန်သူ့ကို ပြန်မတွေ့မီဆိုလျှင် သူထိုအရာကိုရှာတွေ့နိုင်လောက်သေး၏။ သစ်ပင်ကြီးများ၏အောက်တွင် ထူထပ်စွာပေါက်ရောက်နေသော ခြုံပင်များကို သူများစွာသတိထား၍ ဖြတ်သန်းလာခဲ့၏၊ ဂရုစိုက်၍ ခြေလှမ်းများကိုလှမ်းနေရ၏်။ တဲစခန်းနှင့် အဆက်အသွယ် ပြတ်နေပြီး ဘယ်နေရာရောက်နေမှန်းသူစိတ်မကူးတတ်ပေ သို့သော် သူဂရုမထားပေ။ Loa ကိုရှာဖွေခြင်းသည် အသက်ရှင်ကျန်ရစ်ရန် နည်းလမ်းဖြစ်၏။ ထိုအရာကို ရှာဖွေမတွေ့ရှိခြင်းသည် သေဆုံးရန်နည်းလမ်းဖြစ်၏။ Loa သည်ထိုအရာအားလုံး၏ အကြောင်းရင်းဖြစ်၏။
တောတွင်းလဟာပြင်တစ်ခုထဲ၌ သူရပ်လိုက်၏။ ထိုနေရာမှနေ၍ မျက်နှာကျက်ကိုဖြတ်သန်း၍ ကောင်းကင်ကိုအနည်းငယ်မြင်ရ၏ --- ဖျော့တော့၍ အလွန်မတောက်ပသော အလင်းစက်လုံးသည် မှောင်မဲနေသော တောအုပ်၏အမိုးမျက်နှာကျက်ကို ဆန့်ကျင်ရပ်တည်နေ၏။ သူ၏အသက်၈ှုမှုကို ထိန်းချုပ်လိုက်၏၊ တတ်နိုင်သမျှငြိမ်သက်စွာ နေလိုက်၏၊ ပြီး သစ်ပင်များကို စစ်ဆေးနေလိုက်၏။ သူဘာမျှမတွေ့ရတော့ပေ။ အမှန်အားဖြင့်၊ အိပ်မက်မက်ရင်း လမ်းလျှောက်သကဲ့သို့ ဖြစ်နေ၏၊ သူ၏နောက်ကျော၌ ပူလောင်မှုတစ်ခုကို စတင်သတိထားမိလိုက်သည်။
သူ လျှင်မြန်စွာ လှည့်၍ကြည့်လိုက်၏ --- Loa သည်သူ၏ နောက်၌ ရောက်နေ၏၊ လက်မအနည်းငယ်သာကွာ၏။ သူနီးကပ်စွာ မြင်တွေ့လိုက်ရသည့်အတောအတွင်း၌ တောက်ပသောအမွှေးအမျှင်များသည် အလင်းစက်လုံး၏ မျက်နှာပြင်၌ ကစားမြူးတူးနေဟန်ရှိ၏။ Loa သည် သူ၏ပူနွေးသောအလင်းကို ဖြန့်ကျက်၍ သူ့မြင်ကွင်းကိုဖြည့်ပေးလိုက်၏။
သူ့ကိုယ်သူ ဂူတစ်ခုထဲတွင် တွေ့လိုက်ရ၏၊ လှိုက်ခေါင်း အမျိုးအစားတစ်ခု၊ ပြီးတော့ လမ်းမှာနှစ်ခွကွဲနေ၏။ လမ်းကွဲတစ်ခုချင်းဆီ၌ သူ့ကိုယ်သူမြင်နေရ၏။
တစ်ခုတွင် သူသည် သန့်စင်သောရွှေသားပုလ္လင်ပေါ်၌ ထိုင်နေ၏။ ထိုနေရာ၌် ကြီးမားသော အသားကင်တုံးကြီးများကို အုန်းလက်များဖြင့် ဖုံးအုပ်ထား၏၊ သူ၏ပတ်ပတ်လည်၌ သေချာစွာပြုလုပ်ထားသော နှပ်ထားသည့် တောတွင်းအရက်များကို လာ၍ ပို့ပေးထား၏၊ troll မိန်းမလေးများမှာလည်း သူ့ကိုဖျော်ဖြေရန်အတွက် ကပြနေကြ၏။ သူ့ကိုကြည့်ရသည်မှာ ကျန်းမာရေးကောင်းပြီး ပျော်ရွှင်နေဟန်ရှိ၏။ ပလ္လင်၏ခြေထောက်တစ်ခုစီကို သေးငယ်သော ရွှေခြေကျင်းဝတ်ကြိုးများဖြင့် သွယ်တန်းထား၏။ အခြားမြင်ကွင်းတစ်ခုတွင်၊ သူဒဏ်ရာရထားပြီး သွေးများယိုစိမ့်ကျနေ၏၊ သောကဖြင့်မောပန်းနေပုံရပြီး ရန်သူများ၏ ၀ိုင်းရံခြင်းကိုခံထားရ၏။ မြင်ကွင်းမှာမရှင်းလင်းဘဲ အမြဲတမ်းပြောင်းလဲနေ၏၊ သို့သော် သူအမြဲတမ်းတိုက်ခိုက်လျှက်ရှိ၏၊ အမြဲတမ်း ရုန်းကန်နေရ၏။ တစ်ခါတရံ သူတခြား Darkspear များကိုဦးဆောင်နေ၏ ၊ တစ်ခါတစ်ရံ တစ်ကိုယ်တည်ဲးတိုက်ခိုက်နေရ၏၊ သို့သော် ဆိုလိုရင်း သဘောတရားကတော့ ရှင်းလင်းပါ၏ : အမြဲတမ်းခက်ခဲလျှက်ရှိပြီး ရုန်းကန်နေရသည့် ဘ၀တစ်ခု၊ ရပ်နားရန်မရှိပေ၊ အမြဲတမ်း သတ်ဖြတ်နေရ၏။

Vol’jin ရယ်လိုက်၏
- “ဒီဟာ စမ်းသပ်မှုတစ်ခုဖြစ်မယ်လို့ကျွန်တော်ယူဆပါတယ်၊ ။ ဒီဟာလွယ်ကူပါတယ်။
ကျွန်တော် လွတ်လပ်ခြင်းကိုပဲ ရွေးချယ်မယ်။ ကျွန်တော် တိုက်ခိုက်ပြီး
ရုန်းကန်ရလိမ့်မယ်၊ ပြီးတော့ ပျော်ရွှင်မှုကိုလဲ ဘယ်တော့မှတွေ့ရမှာမဟုတ်ဘူး
ဒါပေမဲ့ ကျွန်တော်လွတ်လပ်ခြင်းကိုပဲ ရွေးချယ်မယ်”။
လွတ်လပ်ခြင်းမှာ ဝေးလွန်းပါသေးသည်၊ တိုးညှင်းသော၊ Loa ၏ ရှေးကျသောအသံသူ့ဆီလာနေ၏။ “ဒီ ရွေးချယ်မှုက စမ်းသပ်နေတာမဟုတ်ဘူး၊ ညီတော်လေး။ တကယ်လို့ မင်းတွေဝေခဲ့မယ်၊ တကယ်လို့ မင်းစဉ်းစားနေရမယ်၊ တကယ်လို့ မင်းနှလုံးတစ်ချက်ခုံစာလောက် မကောင်းမှန်းသိရက်နဲ့ ထိတွေ့လိုက်မယ်ဆိုရင်၊ မင်းရဲ့ကျ၈ှုံးးမှုကို ရလိမ့်မယ်”။ ခံစားမှုကိုဖော်ပြသည့် Loa ၏အသံကိုကြားရစဉ်၌ Vol’jin တုန်ရီသွား၏။ ထိုအသံကိုကြားရသည်မှာ အကယ်၍ ကျ၈ှုံးသွားလျှင် သေဆုံးမှု သို့မဟုတ် ဆိုးရွားသောဒုက္ခကို ရရှိမည်ဟု ဆိုလိုခြင်းဖြစ်၏။
လှိုဏ်ဂူမှာ အဝေးသို့ အရည်ပျော်ကျသွားပြီး Vol’jin သူ့ကိုယ်သူ ပြိုင်ကွင်းထဲတွင် မတ်တပ်ရပ်ကြည့်နေသည်ကို မြင်လိုက်ရ၏။ သူ၏လက်များကိုသူငုံ့ကြည့်လိုက်၏။ သူတို့သည်သူ၏ပိုင်ဆိုင်မှု ဖြစ်၏၊ သို့သော်အမိန့်၊ သူတို့ကျန်ရစ်ခဲ့သည့်အနာရွတ်များကိုပြသနေပြီး အမာရွတ်များမှာ နှစ်ပေါင်းများစွာ ခက်ခဲကြမ်းတမ်းသော စစ်အမှုပြုလုပ်ရခြင်းမှဖြစ်၏ ။ သူ၏ပတ်လည်၌ Darkspear မျိုးနွယ်စု၏ အသက်ကြီး၍ လေးစားရသူများနှင့် တိုက်ခိုက်ရေးသမားများရှိနေ၏။ သူတို့ထက်ပို၍များသော orc များ ၊ tauren များ နှင့် အခြားသူများလည်းရှိနေ၏။ အားလုံးမှာတခြားကိုဂရုမစိုက်ဘဲ သတ္တ၀ါနှစ်ကောင်၏ တိုက်ခိုက်မှုကို စောင့်ကြည့်မှု၌ နစ်မြောနေကြ၏။ အင်အားကြီးမားသော ပုဆိန်ကြီးတစ်လက်ဖြင့်် အညိုရောင် orc တစ်ကောင် နှင့် မှိန်းတစ်လက်ဖြင့်tauren တစ်ကောင်။ နှစ်ယောက်စလုံးမှာ လိင်အင်္ဂါဖုံးရုံလောက်သာ အ၀တ်ဝတ်ထား၏၊ တိုက်ခိုက်ရန်အတွက် ဆီများကိုသုတ်လိမ်းနေသည်။ နောက်တစ်ဖန် ၊ စကားလုံးများသူ၏စိတ်ထဲသို့ရောက်ရှိလာ၏ : Garrosh နှင့် Cairne ။ Gorehowl (တစ္ဆေအူသံ )နှင့် Runespear (ရှေးအက္ခရာမှိန်း)။
နှစ်ယောက်ပြန်လည်တိုက်ခိုက်ကြပြီး ပြိုင်ကွင်းထဲတွင် အဝေးသို့ပြန်ဆုတ်လိုက်ကြ၏။ tauren သည်နီးကပ်နေရာမှ ခွာလိုက်စဉ် အညိုရောင် orc မှာ များပြားသောဒဏ်ရာများမှ သွေးယိုစိမ့်ထွက်နေ၏၊ သူ၏မြင်ကွင်းအသစ်နှင့်အတူ Vol’jin Loa ကို နေရာတိုင်းတွင်မြင်နေရ၏။ သူတို့လေထဲတွင်အုပ်လိုက်ရွေ့ရှားနေ၏၊ သူ့မြင်ကွင်းတစ်ဆုံးလေထဲတွင် ရပ်တည်နေကြ၏။ သူတို့စုဝေးနေကြပြီး စိတ်လှုပ်ရှားမှုကိုဖြစ်ပေါ်စေသည်။ ထိုခဏတာအချိန်တောအတွင်း၌ အလွန်ကြီးမားသော ဖြစ်ရပ်တစ်ခု၏သက်ရောက်မှုများသည် Vol’jin ၏လူများဆီသို့ သယ်ဆောင်လာတော့မည်၊ ပြီးတော့ Azeroth ၏လူများအားလုံးအတွက်လည်းဖြစ်ပေလိမ့်မည်။
Vol’jin စောင့်ကြည့်နေစဉ်၊ orc သည်သူ၏ပုဆိန်ကို ကြီးမားသောစက်ဝိုင်းဖြတ်ပုံဖြင့် အောက်ဖက်သို့ပိုင်းချလိုက်သည်၊ လက်နက်သည် လေထုများကိုထက်ခြမ်းခွဲဖြတ်သန်း၍ ကျယ်လောင်စူးရှသည့် သဘာဝအလျှောက်ထွက်ပေါ်လာသော လေချွန်သံကဲ့သို့သော မည်သံကို ထုတ်လွှတ်လိုက်၏၊ tauren သူ၏လက်တွင်ကိုင်ထားသောမှိန်းကို အပေါ်သို့မြှောက်ခြင်းဖြင့် ရိုက်ချက်တစ်ခုကို ရှောင်တိမ်းလိုက်၏၊ သို့သော်ထိုမျှသည်မလုံလောက်ပေ၊ ပုဆိန်သည်မှိန်းကိုကျိုးပဲ့စေ၍ tauren ၏အရေပြားကို ပွတ်တိုက် ဆုတ်ပြတ်သွားစေသည်။
တိုက်ခိုက်သူနှစ်ဦးလုံး ခဏတာအတွက် ရပ်တန့်လိုက်ကြ၏။ tauren မှာမပြောပလောက်သည့် ခြစ်ရာလောက်သာရရှိထားချိန်တွင် orc မှာ မရပ်တည်နိုင်သည့်နီးပါး ဒဏ်ရာများရရှိထား၏၊ အခြေအနေနှင့်ဆန့်ကျင်၍ ယိမ်းထိုးသွားသူမှာ tauren ဖြစ်၏၊ သူ၏လက်များသည် သူ၏ဘေးဘက်သို့တွဲလဲကျသွား၏်။ အာရုံကြောများပျက်ဆီးသွားပြီး လက်ချောင်းများသည် မှိန်းအပိုင်းအစတစ်ခုကိုမျှမချိတ်ဆွဲထားနိုင်တော့ပေ။
Orc သည်သူ၏ လက်နက်ကိုမြှောက်လိုက်ပြီး အရှိန်ဖြင့်ဝင်ရောက်တိုက်ခိုက်လိုက်၏။ ပုဆိန်၏ ကျယ်လောင်စူး၈ှုသည့်အော်ဟစ်သံသည် ပြိုင်ကွင်းကိုဖုံးလွှမ်းသွား၏။ orc သည်လက်နက်ကိုအောက်သို့စိုက်ချ၍ tauren ၏လည်ပင်းဆီ၌ တင်ထားလိုက်၏။
Tauren ၏၀မ်းနဲကြေကွဲဖွယ်ရာ နာကျင်မှုမှာ သူ၏အသဲနှလုံးကိုဓားဖြင့်တစ်ချက်ထိုးလိုက်သကဲ့သို့ Vol’jin ခံစားလိုက်ရ၏။ ထိုမြင်ကွင်းကိုဖြတ်သန်းကြည့်၈ှုနေရချိန်သည် လှိုက်ဖိုဝမ်းနဲမှု၏ အမှန်တကယ်ဖြစ်သောခံစားမှုဟု Vol’jin နားလည်လိုက်၏၊ လေးစားခဲ့ရသောအသက်အရွယ်ကြီးသူ မိတ်ဆွေတစ်ယောက်ကိုဆုံး၈ှုံးလိုက်ရသည့် ၀မ်းနဲမှုမျိုးဖြစ်၏။
Tauren ရုတ်တရက် ပြိုလဲသွားသည်။ သူမြေပြင်နှင့်မထိခိုက်မိမည်၊ ကမ္ဘာ၏ ရွေ့လျားမှုသည် အလွန်နှေးကွေးစွာ တရွေ့ရွေ့သွားနေ၏။ အရေးပေါ်သတိပေးချက် လာပြီဟုသူ့အာရုံများ၌ ရနေပြီး စကြာဝဠာ တစ်ခုလုံးသည် နာကျင်၍ စူးရှစွာမအော်ဟစ်မီ ထွက်သက်ဝင်သက်ကို အလွန်မောပန်းစွာပြုလုပ်နေရသည့် အခိုက်အတန့်ဟု Vol’jin ခံစားလိုက်ရ၏်။
Loa မှာဒေါသထွက်နေ၏။ သူတို့သည်မြည်တွန်တောက်တီးလျက်ရှိပြီး တိုးတိုးပြောနေကြ၏။ သူတို့လျှင်မြန်စွာဖြင့် သွားလိုက်လာလိုက်လုပ်နေ၏၊ သူ၏နားထဲ၍ ကျွတ်ကျွတ်ဆူညံ့လျက်ရှိပြီး အသံများမှာ အောက်ဘက်ရှိ သူ့ကိုဖြတ်သန်းသွားနေ၏။ မည်သူတစ်ဦးတစ်ယောက်မျှထိုအရာများကို မခံစားမတွေ့မြင်နိုင်ပေ။ အဖြစ်အပျက်ကိုမြင်လိုက်ရသော အခြားသူများမှာ ကြက်သေသေနေကြ၏။ tauren သည်မြေပြင်ဆီသို့ကျဆင်းလျှက်ရှိ၏၊ သွေးများရုတ်တရက်ပန်းထွက်လာသည်။
ထို့နောက်တွင်တော့ Vol’jin နားလည်လိုက်သည်။
အဆိပ်။ ရုတ်ချည်းပင်သူ့ကို ပျံ့နှံ့နေပြီ : ပုဆိန်၌ အဆိပ်ရှိနေ၏၊ ပြီးတော့တစ်ခုခုမှားနေသည်။ ထိုကဲ့သို့သောနည်းလမ်းသည် ဤလူများ၏ နည်းလမ်းမျိုးမဟုတ်ပေ။
Tauren သည်ကျယ်လောင်ပြင်းထန်သောအသံနှင့်အတူ မြေပြင်နှင့် ထိရိုက်မိသွား၏။ အရာရာတိုင်းသည် ပုံမှန်အရှိန်သို့ စတင်၍ ပြန်လည်လှုပ်ရှားလာ၏။ လူအုပ်ကြီးမှာ အလွန်တုန်လှုပ်၍ ဒေါသဖြစ်ခြင်းနှင့် အလွန်အမင်းမြောက်ပင့်ခြင်းတို့ဖြင့် ကျယ်လောင်စွာအော်ဟစ်ဆူညံ့နေကြ၏။
ထိုအရာအားလုံး အဝေးသို့ ပျောက်ကွယ်သွားပြီး မြင်ကွင်းအသစ်တစ်ခုဖြစ်တည်လာ၏။ သူထိုအရာကိုမြင်နေရပြီး တစ်ချိန်ထဲ သူထိုအထဲရောက်နေ၏။ သူ့ကိုယ်သူအတန်းလိုက်စီတန်းနေသော troll များ၏ အရှေ့တွင်နောက်တစ်ဖန်တွေ့ရပြန်၏။ သူတို့၏ပိုင်ဆိုင်မှုများကို သယ်ဆောင်လျှက်ရှိပြီး ကြည့်ရသည်မှာစိတ်ပိုင်းဖြတ်ပြီးဖြစ်ဟန်တူ၏။ သူယခုထိလိမ္မော်ရောင် မြေညီ၈ှုခင်းထဲမှာပဲ ရှိသေး၏။ သူ၏ပုခုံးပေါ်သို့ ဝေ့ကြည့်လိုက်၏၊ သူ၏ယခင်မြင်ကွင်းရှိကြီးကြယ်ခမ်းနားသော မြို့ကြီးကိုမြင်လိုက်ရ၏။ ယခုတော့ထိုအရာသည် ပို၍ မှောင်မိုက်လာ၏၊ တစ်နည်းအားဖြင့် ပို၍ အန္တရာယ်ကြီးလာ၏။ တံတိုင်း၏ထိပ်တွင် orc များစီတန်းနေကြ၏၊ စကားမပြောပဲစိတ်ဆိုးနေဟန်ရှိသော အမူအယာများဖြင့် ထွက်ခွာခါနီး troll များကို စောင့်ကြည့်နေကြ၏။ Vol’jin စိတ်ပူသောအာရုံတစ်ခုကိုခံစားလိုက်မိ၏၊ မြင်ကွင်းသည်သူ့အား တစ်စုံတစ်ခုသော အနှောင့်အယှက်ကိုပေးလျှက်ရှိ၏။ ထို့နောက်မှာတော့ထိုအရာသည်သူ့ကိုရုတ်တရက်စိတ်ထဲတွင်ဖြစ်ပေါ်စေသည်။
*************
ဆက်ရန်................
အပိုင်း ၄ ဖတ်ရှုရန်
No comments:
Post a Comment